Latest Posts

အေမရိကန္ရဲ႕အလွဆံုး ဟိုင္းေ၀းလမ္းမတစ္ခု (သို႕) ပစိဖိတ္ကမ္းရိုးတန္းလမ္း



ရုပ္ရွင္ကားေတြေတာ္ေတာ္မ်ားမ်ားထဲမွာ ျမင္ဖူးမွာပါ။ ေဘးက ပင္လယ္ၾကီးက လိႈင္းေတြ ေတာက္ေလွ်ာက္တက္လာခ်ိန္မွာ ကိုယ္က ေခ်ာမြတ္ေျပာင္လက္ေနတဲ့ ဟိုင္းေ၀းလမ္းေပၚမွာ အရွိန္ျမင့္ျမင့္ေမာင္းရင္း ရဲေတြလက္က လြတ္ေအာင္ေျပးရတာမ်ိဳး။



အျပင္မွာတကယ္ရွိပါတယ္။ သူ႕ကိုေတာ့ ပစိတ္ဖိတ္ကမ္းရိုးတန္း ဟိုင္းေ၀းလမ္းမၾကီးလို႔ ေခၚပါတယ္။ အေမရိကန္ႏိုင္ငံ အယ္ေအျမိဳ႕ကေန ဗန္ကိုဗာကို ေတာက္ေလွ်ာက္သြားလို႔ရတဲ့ ဟိုင္းေ၀းလမ္းပါ။ ကိုယ့္မွာ အခ်ိန္ေတြရွိတယ္၊ ကားေမာင္းရတဲ့ ခံစားခ်က္ေကာင္းေကာင္းကို လိုခ်င္တယ္။ သြားရမွာကလည္း ကားနဲ႔ဆိုရင္ေတာ့ ဒီလမ္းက စမ္းသပ္ဖို႔အေကာင္းဆံုးပါပဲ။



တကယ္တမ္းသြားရမွာက ပထမဆံုး ကယ္လီဖိုးနီးယားကို ျဖတ္မယ္၊ ျပီးရင္ တအားလွပါတယ္ဆိုတဲ့ ဆဖရန္ဆစၥကိုကို ျဖတ္မယ္၊ ျပီးရင္ ေအာ္ရီဂြန္ျပည္နယ္ကို ထပ္ျဖတ္မယ္၊ ေပါ့လန္းမွာ ခဏနားမယ္၊ ၀ါသနာပါရင္ ၀ါရွင္တန္ဘက္ကို ခ်ိဳးသြားလို႔ရေသးတယ္။ ျပီးရင္ေတာ့ ဆီတယ္၊ ျပီးရင္ ဗန္ကိုဗာ၊ စုစုေပါင္း (၁၂၇၇)မိုင္ဆိုေတာ့ ဒီခရီးက လံုး၀ဖလန္းဖလန္းပဲ။



ဒါေပမဲ့ ခရီးစဥ္က ေျပာခဲ့တဲ့အတိုင္းကို မသြားဘဲ ပစိဖိတ္ကမ္းရိုးတန္းဘက္ကို ခ်ိဳးျပီး ေတာက္ေလွ်ာက္ေမာင္းသြားျပီးမွ ဆန္ဖရန္ဆစၥကုိ ျပန္ခ်ိဳးျပီး၊ ၀င္တာပါ။ ပင္လယ္ဘက္ကပတ္၀ုိက္ေတာ့ နည္းနည္းၾကာတာေပါ့။ ရမယ့္ ခံစားခ်က္ကေတာ့ ပင္လယ္ေဘးကလမ္းတေလွ်ာက္မွာ ေဖာ္ျမဴလာ၀မ္းျပိဳင္ေနသလိုပါပဲ။ တကယ္သြားမယ္ဆိုရင္ ကားေကာင္းေကာင္းေတာ့လိုပါတယ္။



အေမရိကန္ရဲ႕ အလွဆံုးလမ္းေတြထဲက တစ္ခုအျဖစ္ သတ္မွတ္ထားတဲ့အတြက္ ဒီလမ္းကို သြားဖို႔ဆံုးျဖတ္ျပီးရင္ တစ္ေခါက္တစ္ေခါက္ ျပန္ေမာင္းဖို႔ဆိုတာ မလြယ္ပါဘူးလို႔ ေျပာရင္းနဲ႔။

Credit  \\  original

Unicode

အမေရိကန်ရဲ့အလှဆုံး ဟိုင်းဝေးလမ်းမတစ်ခု (သို့) ပစိဖိတ်ကမ်းရိုးတန်းလမ်း

ရုပ်ရှင်ကားတွေတော်တော်များများထဲမှာ မြင်ဖူးမှာပါ။ ဘေးက ပင်လယ်ကြီးက လှိုင်းတွေ တောက်လျှောက်တက်လာချိန်မှာ ကိုယ်က ချောမွတ်ပြောင်လက်နေတဲ့ ဟိုင်းဝေးလမ်းပေါ်မှာ အရှိန်မြင့်မြင့်မောင်းရင်း ရဲတွေလက်က လွတ်အောင်ပြေးရတာမျိုး။

အပြင်မှာတကယ်ရှိပါတယ်။ သူ့ကိုတော့ ပစိတ်ဖိတ်ကမ်းရိုးတန်း ဟိုင်းဝေးလမ်းမကြီးလို့ ခေါ်ပါတယ်။ အမေရိကန်နိုင်ငံ အယ်အေမြို့ကနေ ဗန်ကိုဗာကို တောက်လျှောက်သွားလို့ရတဲ့ ဟိုင်းဝေးလမ်းပါ။ ကိုယ့်မှာ အချိန်တွေရှိတယ်၊ ကားမောင်းရတဲ့ ခံစားချက်ကောင်းကောင်းကို လိုချင်တယ်။ သွားရမှာကလည်း ကားနဲ့ဆိုရင်တော့ ဒီလမ်းက စမ်းသပ်ဖို့အကောင်းဆုံးပါပဲ။

တကယ်တမ်းသွားရမှာက ပထမဆုံး ကယ်လီဖိုးနီးယားကို ဖြတ်မယ်၊ ပြီးရင် တအားလှပါတယ်ဆိုတဲ့ ဆဖရန်ဆစ္စကိုကို ဖြတ်မယ်၊ ပြီးရင် အော်ရီဂွန်ပြည်နယ်ကို ထပ်ဖြတ်မယ်၊ ပေါ့လန်းမှာ ခဏနားမယ်၊ ဝါသနာပါရင် ဝါရှင်တန်ဘက်ကို ချိုးသွားလို့ရသေးတယ်။ ပြီးရင်တော့ ဆီတယ်၊ ပြီးရင် ဗန်ကိုဗာ၊ စုစုပေါင်း (၁၂၇၇)မိုင်ဆိုတော့ ဒီခရီးက လုံးဝဖလန်းဖလန်းပဲ။

ဒါပေမဲ့ ခရီးစဉ်က ပြောခဲ့တဲ့အတိုင်းကို မသွားဘဲ ပစိဖိတ်ကမ်းရိုးတန်းဘက်ကို ချိုးပြီး တောက်လျှောက်မောင်းသွားပြီးမှ ဆန်ဖရန်ဆစ္စကို ပြန်ချိုးပြီး၊ ဝင်တာပါ။ ပင်လယ်ဘက်ကပတ်ဝိုက်တော့ နည်းနည်းကြာတာပေါ့။ ရမယ့် ခံစားချက်ကတော့ ပင်လယ်ဘေးကလမ်းတလျှောက်မှာ ဖော်မြူလာဝမ်းပြိုင်နေသလိုပါပဲ။ တကယ်သွားမယ်ဆိုရင် ကားကောင်းကောင်းတော့လိုပါတယ်။

အမေရိကန်ရဲ့ အလှဆုံးလမ်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားတဲ့အတွက် ဒီလမ်းကို သွားဖို့ဆုံးဖြတ်ပြီးရင် တစ်ခေါက်တစ်ခေါက် ပြန်မောင်းဖို့ဆိုတာ မလွယ်ပါဘူးလို့ ပြောရင်းနဲ့။

Credit  \\  original