ဆယ်စုနှစ်တစ်ခုစာလောက် ငယ်ရွယ်နုပျိုသွားတဲ့ ထက်ထက်မိုးဦးရဲ့အမိုက်စားပုံရိပ်တွေ
ထက်ထက်မိုးဦးလို့ ဆိုလိုက်တာနဲ့ ဒီနေ့ခေတ် လူငယ်တွေရဲ့ငယ်ဘဝကို ပျော်ရွှင်စေခဲ့တဲ့၊ ဘယ်တော့မှလည်း ရိုးမသွားတဲ့ ကြော်ငြာတွေ၊ ရုပ်ရှင်တွေကိုပဲ ရိုက်ကူးလေ့ရှိတဲ့ မင်းသမီးကြီးလို့ ပရိသတ်တွေက ပြေးမြင်မိကြမှာပါ။
လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ Bella Cosmetic Myanmar ရဲ့Perfume ပွဲတက်ဖို့အတွက် မိတ်ကပ်ပြင်ထားတဲ့ အမိုက်စားပုံရိပ်တွေကို မိတ်ကပ်လင်းလင်းက လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အခုအချိန်ထိကို နုပျိုလန်းဆန်း နေတဲ့ ထက်ထက်ရဲ့ပုံရိပ်တွေကတော့ ပရိသတ်တွေကိုပါ လန်းဆန်းသွားစေမှာပါနော်။
ချစ်ပရိသတ်တွေ အတွက် ဆယ်စုနှစ်တစ်ခုစာလောက် ငယ်ရွယ်နုပျိုသွားတဲ့ ထက်ထက်မိုးဦးရဲ့အမိုက်စားပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။
မိတ်ကပ်လင်းလင်းက တော့ ‘ပြည်သူအချစ်တော် မထက်ကို Bella Cosmetic Myanmar ရဲ့Perfume ပွဲလေးအတွက် လိမ်းပေးထားပါတယ် ချစ်စရာကောင်းရဲ့လာရှင့်🌸🦋🦋💁🏼♀️ ညနေMyanmar Plaza မှာ ဆုံမယ်နော်ချစ်တို့ရေ💕” ဆိုပြီး ထက်ထက်ရဲ့ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။
မအိုဆေးစားထားတာလား ထက်ထက်ရယ် လှနေရောပဲ….
ထက်ထက်မိုးဦးကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုလေးတွေ ခပ်ကြဲကြဲလုပ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အခုအချိန်အထိကို လန်းနေဆဲဖြစ်တဲ့ မင်းသမီးချောလေး ထက်ထက်မိုးဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit -original