Latest Posts

“ဒီေန႔မွာပဲ အသက္ (၃၅) ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ ေခတ္နဲ႔သစ္တို႔ေမေမ”


ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္နဲ႔ အဆိုေတာ္ ခ်စ္သုေဝက အႏုပညာဘက္မွာ ထူးခြၽန္ရံုသာမက ပညာေရးမွာလည္း ထူးခြၽန္တဲ့ ဆရာဝန္မေလးတစ္ဦး ျဖစ္ပါတယ္။

သီခ်င္းဆိုေကာင္းသလို သ႐ုပ္ေဆာင္လည္းေတာ္တဲ့ ခ်စ္သုေဝကို ပရိသတ္ေတြက အမ်ားအျပား ခ်စ္ခင္အားေပးၾကတာပဲ ျဖစ္ပါတယ္။ ခ်စ္သုေဝက လက္ရိွမွာေတာ့ အႏုပညာလႈပ္႐ွားမႈေတြ နည္းသြားၿပီး သူမရဲ႕မိသားစုေလးကို ပိုမိုအခ်ိန္ေပး ဂ႐ုစိုက္ေနတာပဲ ျဖစ္ပါတယ္။


ဒီကေန႔ ျသဂုတ္လ(၁၀) ရက္ေန႔ကေတာ့ ခ်စ္သုေဝရဲ႕ အသက္ (၃၅) ႏွစ္ျပည့္ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ ခ်စ္သုေဝက (၃၅) ႏွစ္အရြယ္ ကေလးေမေမတစ္ေယာက္ျဖစ္ေပမယ့္ အရြယ္နဲ႔မလိုက္ေအာင္ ႏုပ်ိဳလြန္းတာပဲ ျဖစ္ပါတယ္။


ခ်စ္သုေဝက လက္ရိွမွာေတာ့ ႐ုပ္႐ွင္ဇာတ္ကားေတြ မ႐ိုက္ကူးပဲ အျခားေသာ ေၾကာ္ျငာ႐ိုက္ကူးျခင္းနဲ႔ သီခ်င္းဆိုျခင္း အလုပ္တို႔ကိုသာ လုပ္ကိုင္ေနလ်က္ရိွပါတယ္။ ဒါ့အျပင္ ပညာေရးသံတမန္၊ က်န္းမာေရးသံတမန္စတဲ့ တာဝန္ေတြကိုလည္း ထမ္းေဆာင္ေနသူတစ္ဦး ျဖစ္ပါတယ္။


ခ်စ္သုေဝကေတာ့ အသက္(၃၅) ႏွစ္တိုင္တိုင္ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို အခ်ိန္အၾကာႀကီး ပိုင္ဆိုင္ထားသူေလး ျဖစ္ပါတယ္။ ခ်စ္သုေဝအျပင္ သမီးေလးႏွစ္ေယာက္ျဖစ္တဲ့ ေခတ္နဲ႔သစ္ကလည္း ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ေလးေတြပဲ ျဖစ္ပါတယ္။

ခ်စ္သုေဝကေတာ့ (၃၅)ႏွစ္အရြယ္ကို ေရာက္ရိွသြားၿပီျဖစ္ေပမယ္ သူမရဲ႕ ႏုပ်ိဳမႈေတြကေတာ့ မကုန္ဆံုးႏိုင္ေသးပါဘူး။ ခ်စ္သုေဝတစ္ေယာက္ ေမြးေန႔ကေနစၿပီး ခ်စ္ရတဲ့ မိသားစုေလးနဲ႔ ဒီထက္မက ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။Credit-originl

UNICODE

နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော် ချစ်သုဝေက အနုပညာဘက်မှာ ထူးချွန်ရုံသာမက ပညာရေးမှာလည်း ထူးချွန်တဲ့ ဆရာဝန်မလေးတစ်ဦး ဖြစ်ပါတယ်။

သီချင်းဆိုကောင်းသလို သရုပ်ဆောင်လည်းတော်တဲ့ ချစ်သုဝေကို ပရိသတ်တွေက အများအပြား ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေက လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ နည်းသွားပြီး သူမရဲ့မိသားစုလေးကို ပိုမိုအချိန်ပေး ဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ(၁၀) ရက်နေ့ကတော့ ချစ်သုဝေရဲ့ အသက် (၃၅) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ချစ်သုဝေက (၃၅) နှစ်အရွယ် ကလေးမေမေတစ်ယောက်ဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင် နုပျိုလွန်းတာပဲ ဖြစ်ပါတယ်။

ချစ်သုဝေက လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးပဲ အခြားသော ကြော်ငြာရိုက်ကူးခြင်းနဲ့ သီချင်းဆိုခြင်း အလုပ်တို့ကိုသာ လုပ်ကိုင်နေလျက်ရှိပါတယ်။ ဒါ့အပြင် ပညာရေးသံတမန်၊ ကျန်းမာရေးသံတမန်စတဲ့ တာဝန်တွေကိုလည်း ထမ်းဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။

ချစ်သုဝေကတော့ အသက်(၃၅) နှစ်တိုင်တိုင် ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်အကြာကြီး ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ချစ်သုဝေအပြင် သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေပဲ ဖြစ်ပါတယ်။

ချစ်သုဝေကတော့ (၃၅)နှစ်အရွယ်ကို ရောက်ရှိသွားပြီဖြစ်ပေမယ် သူမရဲ့ နုပျိုမှုတွေကတော့ မကုန်ဆုံးနိုင်သေးပါဘူး။ ချစ်သုဝေတစ်ယောက် မွေးနေ့ကနေစပြီး ချစ်ရတဲ့ မိသားစုလေးနဲ့ ဒီထက်မက ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Credit-originl