UNICODE
လိုချင်တဲ့ ကောင်မလေးပုံစံကို တိတိကျကျပြောပြီး ဈေးဗန်းခင်းခဲ့တဲ့ ရှိန်းတင့်ထူး
လတ်တလော ရုံတင်ပြသနေတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားထဲက ရှိန်း နေရာကနေ သရုပ်ဆောင်ထားတဲ့ တက်သစ်စ မင်းသားချောလေး ရှိန်းတင့်ထူးက မိန်းကလေး ပရိသတ်တွေရဲ့ ဝန်းရံအားပေးခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီး ရုံမတင်ခင်ကတည်းက Tik Tok ရိုက်ပြီး လူသိများခဲ့တဲ့ ရှိန်းတင့်ထူးက အခုဆိုရင် လူတိုင်းသတိထားမိတဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေရပြီ ဖြစ်ပါတယ်။
အပြုံးချိုချိုလေးနဲ့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားတဲ့ ရှိန်းတင့်ထူးက သူ့ရဲ့အားသာချက်တွေကို ပြောပြီး ရည်းစားလေးတစ်ယောက် လိုချင်ကြောင်း ပရိသတ်တွေကို စနောက်ပြီး ပြောပြခဲ့ပါတယ်။
ရှိန်းတင့်ထူးပြောတဲ့ အားသာချက်ကဘာလဲ? ကောင်မလေးကို သူဘာတွေလုပ်ပေးနိုင်မလဲဆိုတာတွေ တိတိကျကျ ပြောခဲ့တဲ့ ဗီဒီယိုလေးက သဘောကျစရာကောင်းတာမို့ ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။
လိုချင်တဲ့ ကောင်မလေးပုံစံကို တိတိကျကျပြောပြီး ဈေးဗန်းခင်းခဲ့တဲ့ ရှိန်းတင့်ထူး
ရှိန်းတင့်ထူးကတော့ သူနဲ့တွဲရင် ရလာမယ့် ကောင်းကွက်တွေကို တိတိကျကျ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရှိန်းတင့်ထူးရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။Credit-original