Latest Posts

လွန်ခဲ့တဲ့ (၁၀) နှစ်က ထီးတော်လှူဒါန်းခဲ့တဲ့ စေတီတော်တွေကို ရွှေသင်္ကန်းကပ်လှူခွင့် ထပ်မံရခဲ့တဲ့ ခန့်စည်သူ


ရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေက ချစ်စနိုးနဲ့ “ကိုခန့်”လို့ ခေါ်ဆိုကြတဲ့ ခန့်စည်သူကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ပဲဖြစ်ပါတယ်


။ပီပြင်လှတဲ့ သူရဲ့ သရုပ်ဆောင်မှုတွေကြောင့် (၂၀၀၈)ခုနှစ်မှာ “အများနဲ့ မသက်ဆိုင်သောသူ” ဇာတ်ကားကြီးဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကြီးကို ရရှိပိုင်ဆိုင်ထားပါသေးတယ်။

ခန့်စည်သူကတော့ ဖြူစင်မွန်မြတ်တဲ့ စိတ်ထားလေးရှိတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် အလှူအတန်းနဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း တတ်စွမ်းသလောက်လုပ်ကိုင်နေတဲ့ သူတစ်ယောက်ဖြစ်တဲ့ အပြင်

ရိုက်ကူးတွေနဲ့ ရောက်ရှိတဲ့ နေရာဒေသတွေမှာလည်း လိုအပ်နေတဲ့ လှူဒါန်းမှုတွေကို လက်မလွတ်တမ်း ပြုလုပ်တတ်တဲ့သူတစ်ယောက်ပါ။လတ်တလောမှာလည်း ခန့်စည်သူဟာ ရိုက်ကူးရေးတွေနဲ့ ပုပ္ပါးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။

ပုပ္ပါးကိုရောက်ရှိချိန်မှာတော့ လွန်ခဲ့တဲ့ (၁၀)နှစ်က ထီးတော်များလှူဒါန်းခဲ့တဲ့ ထီးသုံးဆင့်တော်ကြီးနဲ့ အရံစေတီတော်တွေကို ရွှေသင်္ကန်းဆပ်ကပ်လှူဒါန်းခွင့်ထပ်မံရရှိခဲ့တာဖြစ်တဲ့ အကြောင်းကို “ပုပ္ပါးတောင်မြတ်၊တောင်ကလာပ်ပေါ်ရှိ ထီးသုံးဆင့်စေတီတော်ကြီးနှင့် အရံစေတီများအတွက် လွန်ခဲ့သော(၁၀)နှစ်က ဇာတ်ကားရိုက်ရင်း ထီးတော်များတင်၍ လှူဒါန်းခဲ့ပါသည်။

တိုက်တိုက်ဆိုင်ဆိုင် ယခု (၁၀)နှစ်အကြာတွင်လည်း ဇာတ်ကားရိုက်ရင်း စေတီတော်ကြီးနှင့် အရံစေတီများ၏ ထီးတော်များကို ရွှေချလှူဒါန်းခွင့်ကြုံရပါပြီ။”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဂုဏ်ယူဝမ်းမြောက်စွာနဲ့ဖော်ပြထားတာဖြစ်ပြီး ပရိသတ်ကြီးလည်း သာဓုခေါ်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။Credit-original