UNICODE
မြင့်မြတ်၊ မိုးအောင်ရင်၊ ရွှေမှုံရတီ တို့အတူရိုက်ကူးမယ့်ဇိုး နဲ့ မိုး ရုပ်ရှင်ဇာတ်ကား
နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ မြင့်မြတ်က ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့ အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်က ခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ချစ်ပရိသတ်တွေအတွက် မင့်မြတ်၊ မိုးအောင်ရင်၊ ရွှေမှုံရတီ တို့အတူရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
သရုပ်ဆောင် မိုးအောင်ရင်ကလည်း ပရိသတ်တွေချစ်ရတဲ့ သရုပ်ဆောင်မင်းသားချောတစ်ဦးပါ။ မိုးအောင်ရင်က မူးယစ်ဆေးဝါးအမှုနဲ့ နှစ်အတော်ကြာထောင်ထဲမှာနေခဲ့ရတာကြောင့် အနုပညာလောကနဲ့ ကင်းဝေးခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ အချိန်မှာ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားလို့ဆိုလို့ရပါတယ်။ ဇိုးနဲ့ မိုးရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် မြင့်မြတ်၊ ရွှေမှုံရတီ တို့နဲ့အတူ သရုပ်ဆောင်ရိုက်ကူးမှာဖြစ်ပါတယ်။
ဇိုးနဲ့ မိုး ရုပ်ရှင်ဇာတ်ကား ကို ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။ မိုးအောင်ရင် ရဲ့ ဒုတိယအကြိမ်အနုပညာလောကထဲပြန်ဝင်လာပြီး ရိုက်ကူးမယ့်ပထမဆုံးရုပ်ရှင်ကား ဖြစ်သလို နာမည်ကြီး ပရိသတ်အချစ်တော်သုံးဦး ပါဝင်သရုပ်ဆောင်ကြမှာဖြစ်တဲ့အတွက်ပါပဲ။မြင့်မြတ်၊ မိုးအောင်ရင်၊ ရွှေမှုံရတီ တို့အတူရိုက်ကူးမယ့်ဇိုး နဲ့ မိုး ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်တွေစောင့်မျှော်အားပေးကြဖို့ မမေ့နဲ့နော်။Credit-original