Latest Posts

လှိုင်စီးပွားရေးတက္ကသိုလ်ရှေ့ ယာဉ်တိမ်းမှောက်မှုမှ ကားပေါ်ပါလာတဲ့ ငွေသိန်း (၄၀၀) ပျောက်ဆုံးနေ


လှိုင်စီးပွားရေးတက္ကသိုလ်ရှေ့တွင်အိမ်စီးကားတစ်စီး လမ်းဘေးဓာတ်တိုင်များ ၀င်တိုက်ပြီး ယာဉ်တိမ်းမှောက်ကာ တစ်ဦး ဒဏ်ရာရလှိုင်မြို့နယ် (၁၂) ရပ်ကွက် ပါရမီလမ်း၊ စဉ်ကူဆောင်ရှေ့တွင် အိမ်စီးကားတစ်စီးသည် လမ်းဘေးဓာတ်တိုင်များအာ ဝင်တိုက်ပြီးနောက် ယာဉ်တိမ်းမှောက်မှု သြဂုတ် ၉ ရက် (ယနေ့) နံနက် ၉ နာရီကျော်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


“ကျွန်တော်က မနက် အလုပ်သွားရင်း ကားပေါ်ကမြင်လိုက်တာပါ။ ဖြစ်တာက ပါရမီလမ်း စီးပွားရေးတက္ကသိုလ်ရှေ့မှာပါ။ ကားတစ်စီး ပက်လက်လှန်ပြီး တိမ်းမှောက်နေတာ တွေ့တယ်။ နောက်ပြီး လမ်းဘေးဓာတ်တိုင် ၅ တိုင်ကျော်မယ်ထင်တယ်။


အကုန်ထက်ပိုင်းချိုးပြီး လဲနေတာ တွေ့ရတယ်။ ရဲတွေတော့ မလာသေးဘူး။ ကားလမ်းလည်း ပိတ်သွားပါတယ်” ဟု ကုမ္ပဏီဝန်ထမ်း တစ်ဦး ဖြစ်သူ ကိုဝိုင်းချစ်အောင် က ပြောကြားသည်။

ယာဉ်တိမ်းမှောက်မှုကို မရမ်းကုန်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ လှိုင်မြို့နယ်မီးသတ်စခန်းမှ အသက်ကယ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇ ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရကာ လူမှုကယ်ဆယ်ရေးယာဉ်ဖြင့် ပါရမီ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။Credit-original