Latest Posts

မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေကို သူနဲ့အတူလှူဒါန်းချင်တဲ့သူတွေကို ဆက်သွယ်ပေးဖို့ပြောလာခဲ့တဲ့ ဖြိုးမြတ်အောင်


Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် ဟာဆိုရင် အနုပညာလောကထဲမှာ ကြိုးစားလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ဖြိုးမြတ်အောင် က ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းပေးဖို့ပြောထားတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


ဖြိုးမြတ်အောင်က နယ်ပွဲများမှာ သွားရောက်ဖျော်ဖြေပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံးရင်း ချစ်ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးခြင်းကို ရရှိနေတာပါ။


ဖြိုးမြတ်အောင် က သူချစ်တဲ့ သီချင်းတွေဆိုရင်း သူချစ်တဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ။ ဖြိုးမြတ်အောင် က သူ့ရဲ့ မကြာခင်ထွက်ရှိတော့မယ့် solo album အတွက် ရိုက်ကူးရေးတွေလည်း လုပ်နေတာတွေ့ရပါတယ်။

လက်ရှိမြန်မာနိုင်ငံ မွန်ပြည်နယ်မှာ ရေဘေးသင့်ဒုက္ခကို ခံစားနေကြရတာပါ။ သေဆုံးသူအမြောက်အများရှိနေတာကြောင့်လည်း ကယ်ဆယ်ရေးများစွာသွားရောက်နေကြတာ တွေ့ရပါတယ်။ဖြိုးမြတ်အောင်က လည်း လက်ရှိရေဘေးသင့်ပြည့်သူတွေအတွက် အလှူငွေများ ထည့်လှူချင်တဲ့ သူတွေကို ဆက်သွယ်လှူဒါန်းနိုင်ဖို့ အခုလိုပြောထားပါတယ်။ ” လက်ရှိ ဘေးဒုက္ခခံစားနေရသော မွန်ပြည်နယ်၏ ရေဘေးသင့်ဒေသများသို့ ဆက်သွယ်လှူဒါန်းပေး လိုပါတယ်ခင်ဗျာ။ စိတ်ပါဝင်စားသူများ ဆက်သွယ်ပေးကြပါ။ဆက်သွယ်ရန် – ဒေါက်တာ ဖြိုးပိုင်စိုး – 09442534600ဘဏ်အကောင့်သို့ ထည့်ဝင်လှူဒါန်းလို့ရပါတယ်။

KBZ Bank Account – 01830101801345801
Account Name – Ko Phyo Paing Soe
ငွေလွှဲပါက ငွေလွှဲသည့် အကြောင်းအရာ (Description) တွင် လွှဲလိုက်သည့် သူ၏အမည် (သို့) အကြောင်းအရာကို ခေါင်းစဉ်တပ်၍ လွှဲပေးစေလိုပါတယ်။“ငွေလွှဲပြီးပါက ငွေလွှဲ Bank Slip (သို့) ငွှေလွှဲပြီးကြောင်း Screenshot ကို ကိုဖြိုးပိုင်စိုးထံသို့ ပြန်လည်ပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။မှတ်ချက် – ဘဏ်တွေ (၃) ရက် ပိတ်ရယ်ကြောင့် Wave Money ကနေ လွှဲချင်ရင် 09442534600 ကို လွှဲပါ။ Password ကို 237726 လို့ ထားပေးပါ။KBZ account မရှိတာကြောင့် အခြားနည်းတွေနဲ့ လွှဲချင်တဲ့သူတွေရှိရင် ကိုဖြိုးပိုင်စိုးဆီကိုပဲ Messenger ကနေ ဆက်သွယ်ပေးပါ။” ဆိုပြီးပြောထားပါတယ်။ဖြိုးမြတ်အောင် နဲ့ အတူရေဘေးသင့်ပြည်သူတွေကို ကူညီလှူဒါန်းချင်တယ် ဆိုရင် ဆက်သွယ်လှူဒါန်းကြပါနော်။Credit-original