Latest Posts

ဒီနေ့လေးမှာ အသက်တစ်နှစ်ပိုကြီးသွားပြီဖြစ်တဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာပြီး အခုဆိုရင် အကယ်ဒမီဆုကြီးနှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိတဲ့ထိ အောင်မြင်နေသူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားပြောင်မြောက်လှတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြားပြီး ပြည်ပနိုင်ငံတွေထိပါ အောင်မြင်သူလေးတစ်ဦး ဖြစ်ပါတယ်။
ဒီကနေ့ သြဂုတ်လ(၁ဝ) ရက်နေ့ကတော့ ပရိသတ်တွေချစ်ရတဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်ရဲ့ (၃၁)နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။


ဝတ်မှုံရွှေရည်ကတော့ အသက်(၁၈) နှစ်အရွယ်ကတည်းက အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး အခု(၃၁) နှစ်အရွယ်ရောက်တဲ့အထိ ထိပ်တန်းမင်းသမီးတစ်ဦးအဖြစ် အောင်အောင်မြင်မြင် ရပ်တည်နေနိုင်သူလေးပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝတ်မှုံရွှေရည်က ချင်းပြည်နယ်မှာ ရုပ်ရှင်သွားရောက် ရိုက်ကူးနေရတဲ့အတွက် မွေးနေ့မှာ ဘာအစီအစဉ်မှ မပြုလုပ်နိုင်ခဲ့ပါဘူး။ဝတ်မှုံရွှေရည်ကတော့ (၃၁)နှစ်အရွယ်ကို ရောက်ရှိသွားပြီဖြစ်ပေမယ် သူမရဲ့ နုပျိုမှုတွေကတော့ မကုန်ဆုံးနိုင်သေးပါဘူး။ မိုမိုလေး ချစ်ပရိသတ်တွေလည်း ဝတ်မှုံရွှေရည်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။
Credit -original