မော်လမြိုင် မြို့သူမြို့သားများ သိစေရန်ပါ ခုချိန်ထိ လာရောက်အကူအညီတောင်း မေးမြန်းနေကြသူတွေ များနေလို့ပါ။
မော်လမြိုင် မြို့သူမြို့သားများ သိစေရန်ပါ
ခုချိန်ထိ လာရောက်အကူအညီတောင်း မေးမြန်းနေကြသူတွေ များနေလို့ပါ။
အောက်ဖော်ပြပါ ဓါတ်ပုံပါ သင်္ကန်းဝတ်အား မော်လမြိုင်မြို့နယ် သံဃနာယကအဖွဲ့၊ သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
နှင့် ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး၍ လူဝတ်လဲကာ မြို့မ ရဲစခန်း၌ ခိုးမှုဖြင့် အမှုဖွင့် အရေးယူထားရှိထားပြီး ဖြစ်ပါတယ်။
၎င်း၏ အကျင့်မှာ သင်္ကန်းဝတ်၍ နေအိမ်များ ဟိုတယ်များ သို့ အတင်းဝင်ထွက်၍ တွေ့သမျှလူထံ အလှူခံသည့်ပုံစံနှင့် ပိုက်ဆံ အတင်းတောင်း နည်းလျှင် ခြိမ်းခြောက်၍ အတင်းတောင်း မပေးလျှင် ဆဲချင်သလိုဆဲတတ်ပြီး အနုကြမ်းစီးသည့်ပုံစံမျိုးတောင်းတတ်ပါသည်။
ထို့ပြင် လစ်လျှင်လစ်သလို ခိုးတတ် ယူတတ်ပါသည်။။ရပ်ကွက်ထဲတွင်လည်း အရူးလက်မှတ် ရထားသည်ဆိုပြီး မည်သူ့မျှ ဂရုမစိုက်သည့် ပုံစံမျိုးနေတတ်ပြီး ခိုးယူ တောင်းယူ၍ ရလာသည့် ပစ္စည်းများအား သူခိုးဈေး အောက်ဈေးဖြင့် ရောင်းချစားသောက်နေသူ ဖြစ်ပါသည်။
၎င်းမှ မော်လမြိုင်မြို့တွင်သာမက နီးစပ်ရာမြို့များသို့လည်း သင်္ကန်း ဝတ်ဖြင့် လိုက်သွားပြီး အထက်ပါ အပြုအမူအတိုင်း နေအိမ်တွေ ဟိုတယ်တည်းခိုခန်းတွေထဲ အတင်းဝင်ထွက် ခြိမ်းခြောက်တောင်းရမ်း တတ်သဖြင့် တိုင်ကြားစာ တိုင်ကြားသည့် Post များစွာ ရရှိလာသည့် အပြင် သင်္ကန်းဝတ်ဖြင့် သွားလာနေထိုင်
စားသောက်နေသဖြင့် သာသနာတော်အား ညှိုးနွမ်းထိခိုက်စေသဖြင့် မြို့နယ်သံဃနာယက အဖွဲ့နှင့် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော် များမှ ဖမ်းဆီးထိန်းသိမ်းကာ လူဝတ်လဲစေပြီး မြို့မရဲစခန်းတွင် အမှုဖွင့် စေကာ အရေးယူထားရှိပြီး ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ယခုအချိန်ထိ ၄င်းသင်္ကန်းဝတ်နှင့်ပတ်သတ်ပြီး လာရောက်တိုင်ကြား အကူအညီတောင်းခံနေသဖြင့် အရေးယူထားရှိထားပြီး ဖြစ်ကြောင်း မြို့သူမြို့သားများ သိစေရန် တင်ပြပေးလိုက်ပါသည်။ဇင်မိုး (မော်လမြိုင်)Credit -original