Latest Posts








UNICODE

” အားပေးတဲ့ နယ်ကပရိသတ်တွေအတွက် စိတ်မကောင်း ဖြစ်နေတဲ့ ရေဝတီလေး “
နန်းစန္ဒာလှထွန်းကတော့ Miss Myanmar World (2015) Second Runner Up အလှမယ်တစ်ဦးဖြစ်ခဲ့ပြီး ပရိသတ်တွေ နှစ်ခြိုက်အားပေးရတဲ့ MRTV-(4) ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။မည်သည့်ဇာတ်လမ်းတွဲမဆို ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သဘာဝကျကျသရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးဖြစ်ပြီး ရှမ်းတိုင်းရင်းသူလေးတစ်ဦးလည်း ဖြစ်ပါတယ်။သူမစတင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲ ဖြစ်ပြီး ထိုဇာတ်လမ်းကို နယ်ပရိသတ်တွေသာမက ရန်ကုန်ပရိသတ်တွေကပါ သဘောကျခဲ့ကြပြီး ထိုဇာတ်လမ်းတွဲက ဇာတ်ကောင်နာမည်ကို အစွဲပြုပြီး ပရိသတ်တွေက “ရေဝတီ”လို့ ချစ်စနိုးနဲ့ ခေါ်ဝေါ်လေ့ရှိကြတာပဲ ဖြစ်ပါတယ်။

နာမည်ကျော်ဆရာမကြီး စန္ဒာရဲ့ ဝတ္ထု ကို ပြန်လည်ရိုက်ကူးထားတဲ့ “အရိပ်” မှာလည်း နာစ့်ဆရာမလေး “သက်သက် “အဖြစ်နဲ့ ပရိသတ်တွေ ထပ်မံပြီး အားပေးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။နောက်ထပ် ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ” ဝင်္ကပါရှင်းတမ်း ” ဇာတ်လမ်းတွဲမှာ ” ဟန်နီ” ဆိုတဲ့ ဇာတ်ကောင် အဖြစ်နဲ့ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးလေး ပဲ ဖြစ်ပြီး သူမ ပရိသတ်တွေနဲ့လည်း လက်ပွန်းတတီး ရှိကာ သူမရဲ့ We Love တွေနဲ့အတူ အလှူအတန်းများစွာ ပြုလုပ်တတ်သူလေးလို့ဆိုနိုင်ပါတယ်။

သူမရဲ့ ပရိသတ်တွေအပေါ် အလေးထားတဲ့ စိတ်ထားလေးကတော့ သူမပရိသတ်တွေ သူမအပေါ်ကိုအချစ်ပိုစေတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နယ်ဘက်ကိုရောက်ရှိနေတာဖြစ်ပြီး ” ဒီနေ့ ပလိပ်က ဈေးထဲမှာရိုက်တာ … ပလိပ်က အားပေးတဲ့သူတွေအရမ်းချစ်ဖို့ကောင်းတယ် … အားလုံးက ရိုက်နေတာကို ငြိမ်ငြိမ်လေးကြည့်ပြီး ကူညီပေးကြတယ် .. ဓာတ်ပုံရိုက်ဖို့လာတော့ ပြီးမှရိုက်နော် ဆိုလည်း မရိုက်ဘဲ ပြန်စောင့်နေကြတယ် ။ အရမ်းချစ်ဖို့ကောင်းတယ်။ စိတ်မကောင်းတာက စောင့်နေတဲ့သူတွေအကုန်လုံးကို ဓာတ်ပုံပြန်မရိုက်ပေးလိုက်နိုင်တာပဲ နောက်တစ်ခေါက်မှသေချာ ရိုက်ကျမယ်နော်။ ” ဆိုကာ သူမရဲ့ ပရိသတ်တွေအတွက် စိတ်မကောင်း ဖြစ်နေတဲ့ သူမစိတ်ထားလေးကတော့ ချစ်စရာပါပဲနော် ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ပရိသတ်တွေအပေါ် အလေးထားဆက်ဆံတတ်တဲ့ ရေဝတီလေးကို မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Nan Sandar Hla Htun,CRD-Shwe Poe @CeleGabar