Latest Posts

ပရိသတ်တွေကြိုက်ခဲ့ရတဲ့ “တစ်ယောက်တစ်မျိုး” သီချင်းကို Ar-T နဲ့ ပြန်လည်သီဆိုခဲ့တဲ့ ACID


(၂၀၀၀) ခုနှစ် ပတ်ဝန်းကျင်မှာ မြန်မာနိုင်ငံက လူငယ်တွေကြားမှာ ရေပန်းအစားဆုံးအဖွဲ့ဖြစ်တဲ့ ရန်ရန်ချမ်း၊ ဇေယျာသော်၊ ဟိန်းဇော် နဲ့ အနဂ္ဂတို့ ပါဝင်တဲ့ Acid အဖွဲ့ကို ပရိသတ်ကြီး မှတ်မိကြဦးမယ် ထင်ပါတယ်။ အခုလို ဖုန်းတွေ Mp3 တွေ ခေတ်မစားသေးခင် Acid ရဲ့ “စတင်ခြင်း” ဆိုတဲ့သီချင်းခွေက လူငယ်တိုင်း လိုလိုမှာ ရှိခဲ့ပြီး တခုတ်တရ နားထောင်ခဲ့ရတဲ့ အခွေတစ်ခွေလဲ ဖြစ်ခဲ့ပါသေးတယ်။ Acid ရဲ့ သီချင်းတွေက ဒီနေ့ခေတ်အထိ မရိုးနိုင်ပဲ နားထောင်လို့ကောင်းနေဆဲ သီချင်းတွေ ဖြစ်နေပါသေးတယ်။

ဒီနေ့မှာတော့ သီချင်းအသစ်မထွက်တာကြာပြီဖြစ်တဲ့ ACID အဖွဲ့က သူတို့ရဲ့ ကျော်ကြားအောင်မြင်ခဲ့တဲ့ “တစ်ယောက်တစ်မျိုး” ဆိုတဲ့ သီချင်းဟောင်းလေးကို အဆိုတော် Ar-T နဲ့ ပေါင်းပြီးတော့ အသစ်တဖန် ပြန်လည်သီဆိုခဲ့တာကို တွေ့ရပါတယ်၊

ထိုသီချင်းလေးက လွန်ခဲ့တဲ့ (၁၅) နှစ် နီးပါးလောက်ကတည်းက ငယ်ငယ်နဲ့ ACID တို့ရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အခုတစ်ခါ Ar-T ရဲ့ အသံ စူးရှရှလေးနဲ့ သီဆိုတာလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ရပါတယ်။
တစ်ယောက်တစ်မျိုး – ACID & Ar-T
ACID ရဲ့ သီချင်းဟောင်းတွေကို နားဆင်ရတော့ ငယ်ဘဝကိုတောင် ပြန်ရောက်သွားသလိုပဲနော်။ ACID အဖွဲ့ရဲ့ သီချင်းကောင်းတွေကို ပြန်လည်နားဆင်ရင်း ကျေနပ်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
RowenaSource: FG ENTERTAINMENT\Credit-original