Latest Posts

ယဉ်ကျေးမှု နဲ့ ကိုင်ပေါက်ပြီး မိန်းကလေးတွေကို ချိုးနှိမ်ချင်ကြတယ် လို့ ပြောလိုက်တဲ့ အိမ့်ချစ်


နိုင်ငံကျော် အဆိုတော်ကြီး ဦးချစ်ကောင်း ရဲ့ သမီးအဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့ပြီး နောက်ပိုင်းမှာတော့ သူမရဲ့ ကြိုးစားအားထုတ်မှုကြောင့် အတိုင်းထက်အလွန်အောင်မြင်ခဲ့တဲ့ အဆိုတော်အိမ့်ချစ်ကတော့ မိန်းကလေးတွေကို ချိုးနှိမ်ကြတဲ့ အကြောင်းအရာတွေကို ပြောပြလာခဲ့ပါတယ်။

သူမက မိန်မသားတစ်ယောက်ပီပီ မိန်းကလေး အများစု ရဲ့ နစ်နာဆုံးရှုံးမှုတွေကို ပြောပြလာခဲ့ပါတယ်။ နောက်ပြီး ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကြောင်လဲ မိန်းကလေးတွေ မှာ နစ်နာဆုံးရှုံးရတာတွေရှိနေတယ်လို့လဲ ပြောထားပါသေးတယ်။


သူမပြောပြခဲ့တာကတော့ ” ပတ်ဝန်းကျင်ဆိုတာသိပ်ဂရုစိုက်လွန်းအားကြီးရင် မကောင်ဘူး။ ယဉ်ကျေးမှုဆိုတာကြီးကို လက်ကိုင်ထားပြီး မိန်းကလေးတွေကိုချိုးနှိမ်ချင်ကြတယ် ။

အမ တို့ အလုပ်လုပ်နေရတာတယ် ဆိုတာ ကမ္ဘာနဲ့ချီပြီး ရင်မောင်တန်းပြီး လုပ်နေရတာဆိုတော့ ကြီးကြီးကျယ်ကျယ်ပြောတာမဟုတ်ဘူး ခေတ်မှီနေဖို့ လိုတယ် ခေတ်ဆန်နေဖို့လိုတယ် ။

အဲ့ဒီအပေါ်မှာ ယဉ်ကျေးမှုတစ်ခုကို ကိုင်ပေါက်ပြီးတော့ အမတို့ကို ချိုးနှိမ်တာတွေ ပြောတာတွေ ဆိုတာတွေ ရှိတယ်။ ညီမတို့လို မီဒီယာတွေဆိုရင်လဲ ရန်ကုန်မြို့တွင်းမှာဘဲ လုပ်နေရတာမဟုတ်ဘူး တခြားခရီးထွက်ရတာတွေ ဖြစ်နိုင်တယ် ”


” အဲ့နေရာမှာ မိန်းကလေးတစ်ယောက်ထဲနဲ့ ယောကျာ်းလေးကင်မရာမန်းလဲ ပါနိုင်တယ်။ တစ်ယောက်ထဲသွားရတာလဲ ဖြစ်နိုင်တယ်။ ကိုယ်တစ်ယောက်ထဲ သွားရတာလဲ ဖြစ်နိုင်တယ် ဒါကိုပတ်ဝန်းကျင်က ယောကျာ်းလေးတွေနဲ့ သွားရတယ် ။

လာရတယ် လို့ သတ်မှတ်ကြတယ် သူတို့သတ်မှတ်တဲ့အပေါ်မှာ ထားလိုက် ကိုယ်ကကိုယ့်ထမင်းကိုယ်စားနေတာ သူတို့ထမင်းစားနေတာ မဟုတ်ဘူး သူတို့သတ်မှတ်ချင်သလို သတ်မှတ်နေကြတယ်။

ကိုယ့်သန့်ရှင်းမှု ကိုယ့်ဖြူစင်မှု ကိုယ့်တန်ဖိုး ဘုရားသိတယ်။ ကိုယ်မိဘသိတယ် ။အဲ့ဒါဆိုရင် ရပါပြီ ကျန်တာတွေကိုခေါင်းထဲသိပ်မထည့်နဲ့ ”


”ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းအားကြီးတယ် မြန်မာမိန်းကလေးတွေက။

ဒါကြီးတစ်ခုကို အိမ့်ချစ်မကြိုက်ဘူး စကားပြန်တွေဆိုရင်လဲ တိုးဖြစ်နေတာဆိုတော့ ခရီးတွေအများကြီးသွားရမှာလေ ဘိုတွေနဲ့ သွားနေတာ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာ ကို သိပ်ပြီး ခေါင်းထဲကို မထည့်စေချင်ဘူး။ ကိုယ်လုပ်ရမယ့်အလုပ်တစ်ခုကို လုပ်ကိုလုပ်ရမှာ ။

ပတ်ဝန်းကျင်ကြီးကို သိပ်ခေါင်းထဲထည့်လွန်းရင် နောက်ဘဲရောက်နေတက်တယ် ရှေ့မရောက်တော့ဘူး ” လို့ ပြောခဲ့ပါတယ်။

ဖတ်ရှု့သူတွေကို  ကျေးဇူးအထူးတင်ရှိပါတယ်နော်။ အမျိုးသမီးတိုင်း ကိုယ့်မှာရှိတဲ့ စွမ်းအားတွေကို ရဲရဲကြီးအသုံးချ နိုင်စေဖို့ အိမ့်ချစ်ပြောတဲ့ စကားလေးတွေကို မျှဝေပေးဖို့ မမေ့ပါနဲ့ ။
Credit -original