ရေဘေးသင့်တဲ့နေရာတွေကို သွားရောက်ကူညီပေးဖို့ ရှိတယ်ဆိုတဲ့ သင်းသင်း
အလှမယ် သင်းသင်းကတော့ မင်းသား ဝေဠုကျော်ကို တရားစွဲဆိုထားတဲ့ အမှုကတော့ လက်ရှိချိန်ထိ မပြီးသေးပဲ ရုံးချိန်းတွေ တတ်နေရတုန်းပါ။ သင်းသင်းကတော့ လက်ရှိရုံးချိန်းမှာတော့ တရားခံဖက်က ခွင့်တင်ထားတဲ့ အကြောင်းနဲ့ သူကန့်ကွက်ခဲ့တဲ့ အကြောင်းလေးတချို့ကို ပြောကြားသွား ခဲ့ပါတယ်။
ထို့နောက် ရေဘေးသင့် ပြည်သူတွေကို လှူဒါန်းဖို့ ပြင်ဆင်နေပြီး သူ့ဆီမှာလည်းလာလှူလို့ရကြောင်းကို ပြောကြားသွား ခဲ့တာ ဖြစ်ပါတယ်။
သင်းသင်းကတော့ အမှုနဲ့ ပတ်သက်ပြီး Sunday နဲ့ အင်တာဗျူးမှာတော့ “ဒီနေ့ကတော့ တရားခံဖက်က ခွင့်တင်ထားတာပေါ့နော်။ ဒါပေမယ့်ကြားကနေ သူ့ရှေ့နေကတော့ အာမခံပြီးတော့ အသံဖိုင်နားထောင်ပေးမယ်ပေါ့။
အမဖက်ကတော့ ကန့်ကွက်လိုက်ပါတယ်။ ဒါကတော့ တရားခံနဲ့ တရားလို နှစ်ယောက် နားထောင်မှပဲ အဆင်ပြေမှာ တယောက်ကကြားထဲကနေ နားထောင်လိုက်ရင် ဟိုဖက်ဒီဖက်စစ်လိုက်ရင် တချို့ ပြသာနာတွေ ဖြစ်နိုင်တယ် ထင်လို့ အမဖက်က ကန့်ကွက်လိုက်တာပါ။ ဒါကိုတော့ တရားသူကြီးဖက်က လက်ခံပါတယ်။
တရားရုံးက ချမှတ်လိုက်တဲ့ရက်တွေကိုတော့ အမဖက်က တရားလိုအနေနဲ့ မဖြစ်မနေကို ပျက်မှာဆိုးလို့ လာတတ်ပါတယ်။ အမလည်း မြန်မြန်ပြီးချင်တာပဲလေ။ ဒါပေမယ့် တကယ့်တကယ် ပျက်တာက တရားခံဖက်က သုံးခေါက် လေးခေါက်လောက်ရှိနေပြီ။
အမ မှာလည်း လူမှုရေး စီးပွားရေးနဲ့ တခြားအကြောင်းအရာတွေကတော့ အမ မှာလည်း ရှိပါတယ်။ အမဖက်က ထွေထွေထူးထူးတော့ မပြောပါဘူး။ ကိုယ်တောင် ဒီနေ့ နောက်ကျသေးတယ်။ အညာကို နာရေးကိစ္စကြောင့်ပြန်လိုက်ရတယ်။ ကိုယ်တောင် နာရေးကိစ္စကို ထားခဲ့ပြီးတော့ ဒီဟာအတွက်ဆိုပြီး လာခဲ့တာပဲလေ။ ကိုယ့်အချိန်ကို မပြတ်ချင်လို့ပါ”
ရေဘေးလှူဒါန်းဖြစ်မယ့် အကြောင်းနဲ့ ပတ်သက်ပြီး “ပရဟိတလုပ်တယ်ဆိုတာ စိတ်ကအဓိကလေ။ ပေါ်ပင်လုပ်ဖို့ဆိုတာ အဆင်မပြေပါဘူး။ အမ လုပ်လာတာက ရေဘေးစဖြစ်ကတည်းပါ။ ရေဘေးမတိုင်ခင်ကလည်း မိဘမဲ့ကျောင်းတွေ ဘိုးဘွားရိပ်သာတွေမှာ အမ အမြဲတမ်းလှူပါတယ်။
အမ တို့ကလှူမယ်ဆိုရင် လုပ်မယ့်အကိုတွေနဲ့ တိုင်ပင်တယ် ပြီးတော့ ဘယ်နေရာတွေမှာ လှူမလဲပေါ့။ အခုလောလောဆယ်ကတော့ အမ နာရေးနဲ့ အညာရောက်နေတော့ ဖုန်းလိုင်းကလည်း မကောင်းတော့ အဆက်အသွယ်လေး နည်းနည်းပျက်သွားတယ်။
အဲ့အချိန်မှာ ကိုယ့်အကောင့်ကလည်း ခိုးခံလိုက်ရတယ်။ ဟက်လားဆိုတော့လည်း ဟက်တဲ့ အဆင့်မဟုတ်သေးပါဘူး။ စိတ်မကောင်းတာပေါ့နော်။ အခုဆိုလည်း အမကအညာမှာ ရောက်နေပေမယ့်လည်း ကိုယ်နဲ့ သိတဲ့သူတွေနဲ့ အလှူခံထားပါတယ်။ တချို့ကလည်း ထည့်ကြပါတယ်။
တော်တော်များများလည်း ရနေပါပြီ။ လှူနေကြ အကိုတွေ အမတွေ နဲ့ ဖုန်းဆက်ထားတဲ့ လူတွေဆီကလည်း အလှူငွေလိုက်ကောက်ဖို့ ရှိတယ်။ အခု သင်းကို လှူချင်ရင်တော့ အကောင့်မှာ ဖုန်းနံပါတ်လေး တင်ထားပါတယ်။ အဲ့ကို လှူလို့ရပါတယ်” ဆိုပြီးတော့ ရေဘေးသင့် ပြည်သူတွေကို လှူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။Credit-original