Latest Posts

မိတ္ေဆြတိုု႔ အပန္းမၾကီးဘူးဆိုုရင္ အဖိုးအဖြားမ်ား ထမင္းတစ္နပ္အတြက္ SHARE ေပးၾကပါဦးေနာ္


မိတ္ေဆြတိုု့– အပန္းမျကီးဘူးဆိုုရင္ အဖိုးအဖြားမ်ားထမင္းတစ္နပ္အတြက္ SHARE ေပးျကဗ်ာ.. အစြန္႔ပစ္ခံဘိုးဘြား ၂ ေထာင္ေက်ာ္ဟာ သန္လ်င္ၿမိဳ႕က`သဘာဝတရားရိပ္သာ`မွာ ႐ွိေနပါတယ္။အိုမင္းမစြမ္းျဖစ္ခ်ိန္မွာ ေငြေၾကးခ်ိဳ႕တဲ့သူေတြ၊ စိတ္ပိုင္း/ရုပ္ပိုင္း က်န္းမာေရးခ်ိဳ႕ယြင္းသူေတြ…ေသျခင္းတရားကိုေက်ာတစ္ခင္းစာေနရာေလးကေန ေစာင့္ေမွ်ာ္ေနရသူေတြ…တခ်ိဳ႕ကို မိသားစုက လာပို႔ခဲ့ၾကတယ္၊

တခ်ိဳ႕ ကိုယ့္ဘာသာ ေရာက္လာခဲ့ၾကတယ္၊ တခ်ိဳ႕ကက်ေတာ့ လမ္းေပၚက ဒါမွမဟုတ္ ေဆးရံုေတြမွာ ေဆးကုသဖို႔လာရင္း ျပန္စရာေနအိမ္ မ႐ွိသူေတြ၊အားကိုးရာမဲ့သူေတြ။အေၾကာင္းဒုကၡအမ်ိဳးမ်ိဳးနဲ႔ေရာက္လာသူေတြကို လူမ်ိဳး၊ ဘာသာ၊ လူတန္းစား၊က်န္းမာေရးအေျခအေန စတာေတြနဲ႔ ပတ္သတ္လို႔ ခြဲျခားဆက္ဆံျခင္း လံုးဝမရွိဘဲ အခမဲ့ ခိုနားခြင့္ေပးထားတယ္လို႔ ဆိုပါတယ္။

ဝါးနဲ႔ေဆာက္ထားတဲ့ တန္းလ်ားအေဆာင္ေပါင္း ၅၀ေက်ာ္မွာ တစ္ဦးကို ေက်ာတစ္ခင္းစာ ေနရာ ရၾကတယ္။သဘာဝကအျပန္ ရင္ထဲမႇာ သက္ျပင္းေတြရယ္၊သံေဝဂေတြရယ္၊ စိတ္ကုန္ၿငီးေငြ႔ျခင္းေတြရယ္ ၊ တာဝန္ေတြရယ္ ေရာျပြန္းလို႔။လိပ္စာေမးသူ၊ ဆက္သြယ္ခ်င္တယ္လို႔ ေျပာလာသူေတြ ေတြ႔ရလို႔ …ဒီမွာပဲ ေျပာျပလိုက္ပါတယ္၊

ေက်းဇူးျပဳျပီး တစ္ခါတည္း ဖတ္သြားၾကပါခင္ဗ်ာ။ ကြ်န္ေတာ္က ဒီအေၾကာင္းကို မွ်ေဝသူသာ ျဖစ္ပါတယ္။စိတ္ပါဝင္စားသူမ်ား ကိုယ္တိုင္ကိုယ္က် ဆက္သြယ္ရင္ ေကာင္းပါလိမ့္မယ္ခင္ဗ် ။စခန္းတာဝန္ခံ ေဒၚခင္စမ္းဦး – ဖုန္းနံပါတ္ ၀၉ ၄၂၀၀၇၆၈၆၆ ကေန တဆင့္ဆက္သြယ္ႏိုင္ပါတယ္။

ဒီတရားရိပ္သာက လမ္းၾကားထဲ ေတာ္ေတာ္ရွည္ရွည္ဝင္ရပါတယ္။လမ္းနာမည္၊ နံပါတ္နဲ႔တကြ ညႊန္လို႔မရပါဘူး။ သန္လ်င္ က်ိဳဳက္ေခါက္ဘုရားနဲ႔ အေရွ႕ ပိုင္းတကၠသိုလ္ (တာဝ)ၾကားလို႔ ေျပာရမယ္။တာဝသြားတဲ့လမ္းဆံုေရာက္ရင္ ဘယ္ဘက္ခ်ဳိဳဴးရပါတယ္။

အဲဒီ့နားက ဆက္ျပီးေရွ႕ေတာက္ေလွ်ာက္လမ္းမွာေတာ့ ‘သဘာဝ တရားရိပ္သာကို ဘယ္လိုသြားရမလဲ’လို႔ ေမးၾကည့္ရင္ ေတြ႔သမွ်လူက ညႊန္ေပးသြားၾကတာပါပဲ။သင့္ရဲ့ SHARE တစ္ခ်က္ဟာ အဖိုးအဖြားမ်ားအတြက္ အနည္းဆံုး ထမင္းတစ္နပ္စာကို ဖူလံုးႏိုင္ေစတယ္ဆိုတာကို မေမ့ၾကပါနဲ့ေနာ္။ Source: Nyein Nyein Pyae

Unicode
မိတ်ဆွေတိုု့– အပန်းမကြီးဘူးဆိုုရင် အဖိုးအဖွားများထမင်းတစ်နပ်အတွက် SHARE ပေးကြဗျာ.. အစွန့်ပစ်ခံဘိုးဘွား ၂ ထောင်ကျော်ဟာ သန်လျင်မြို့က`သဘာဝတရားရိပ်သာ`မှာ ရှိနေပါတယ်။အိုမင်းမစွမ်းဖြစ်ချိန်မှာ ငွေကြေးချို့တဲ့သူတွေ၊ စိတ်ပိုင်း/ရုပ်ပိုင်း ကျန်းမာရေးချို့ယွင်းသူတွေ…သေခြင်းတရားကို ကျောတစ်ခင်းစာနေရာလေးကနေစောင့်မျှော်နေရသူတွေ…တချို့ကို မိသားစုက လာပို့ခဲ့ကြတယ်၊

တချို့ ကိုယ့်ဘာသာ ရောက်လာခဲ့ကြတယ်၊ တချို့ကကျတော့ လမ်းပေါ်က ဒါမှမဟုတ် ဆေးရုံတွေမှာဆေးကုသဖို့လာရင်း ပြန်စရာနေအိမ် မရှိသူတွေ၊အားကိုးရာမဲ့သူတွေ။အကြောင်းဒုက္ခအမျိုးမျိုးနဲ့ရောက်လာသူတွေကို လူမျိုး၊ ဘာသာ၊ လူတန်းစား၊ကျန်းမာရေးအခြေအနေ စတာတွေနဲ့ ပတ်သတ်လို့ခွဲခြားဆက်ဆံခြင်း လုံးဝမရှိဘဲ အခမဲ့ ခိုနားခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

ဝါးနဲ့ဆောက်ထားတဲ့ တန်းလျားအဆောင်ပေါင်း ၅၀ကျော်မှာ တစ်ဦးကို ကျောတစ်ခင်းစာ နေရာ ရကြတယ်။သဘာဝကအပြန် ရင်ထဲမှာ သက်ပြင်းတွေရယ်၊ သံဝေဂတွေရယ်၊ စိတ်ကုန်ငြီးငွေ့ခြင်းတွေရယ် ၊ တာဝန်တွေရယ် ရောပြွန်းလို့။လိပ်စာမေးသူ၊ဆက်သွယ်ချင်တယ်လို့ ပြောလာသူတွေ တွေ့ရလို့…ဒီမှာပဲ ပြောပြလိုက်ပါတယ်၊

ကျေးဇူးပြုပြီး တစ်ခါတည်း ဖတ်သွားကြပါခင်ဗျာ။ကျွန်တော်က ဒီအကြောင်းကို မျှဝေသူသာ ဖြစ်ပါတယ်။စိတ်ပါဝင်စားသူများ ကိုယ်တိုင်ကိုယ်ကျဆက်သွယ်ရင် ကောင်းပါလိမ့်မယ်ခင်ဗျ ။စခန်းတာဝန်ခံ ဒေါ်ခင်စမ်းဦး – ဖုန်းနံပါတ် ၀၉၄၂၀၀၇၆၈၆၆ ကနေ တဆင့် ဆက်သွယ်နိုင်ပါတယ်။

ဒီတရားရိပ်သာက လမ်းကြားထဲ တော်တော်ရှည်ရှည် ဝင်ရပါတယ်။လမ်းနာမည်၊ နံပါတ်နဲ့တကွညွှန်လို့မရပါဘူး။ သန်လျင် ကျိုုက်ခေါက်ဘုရားနဲ့အရှေ့ ပိုင်းတက္ကသိုလ် (တာဝ)ကြားလို့ ပြောရမယ်။တာဝသွားတဲ့ လမ်းဆုံရောက်ရင် ဘယ်ဘက်ချိုုူးရပါတယ်။
အဲဒီ့နားက ဆက်ပြီးရှေ့တောက်လျှောက်လမ်းမှာတော့ ‘သဘာဝ တရားရိပ်သာကို ဘယ်လိုသွားရမလဲ’လို့ မေးကြည့်ရင် တွေ့သမျှလူက ညွှန်ပေးသွားကြတာပါပဲ။သင့်ရဲ့ SHARE တစ်ချက်ဟာ အဖိုးအဖွားများအတွက် အနည်းဆုံး ထမင်းတစ်နပ်စာကိုဖူလုံးနိုင်စေတယ်ဆိုတာကို မမေ့ကြပါနဲ့နော်။