မဂၤလာသတင္းေျပာေတာ႔မွာလားဆိုတာကိုေျဖရွင္းလိုက္တဲ႔ ေနတိုး
လက္႐ွိအခ်ိန္မွာ ျမန္မာႏုိင္ငံရဲ႕ အေအာင္ျမင္ဆုံးမင္းသားတစ္လတ္ျဖစ္သလုိ ပရိသတ္အားေပးမႈ အမ်ားအျပားရ႐ွိေနတာ ႏုိင္ငံေက်ာ္ ထိပ္တန္းမင္းသားတစ္ေယာက္ျဖစ္တဲ့ ေနတုိးကေတာ့ Update သတင္းေလးတစ္ခုကုိ live လႊင့္ၿပီး ေျပာမယ္ဆုိတာကုိ post တင္ခဲ့ပါတယ္။ ဒီpost ေၾကာင့္ ပရိသတ္ေတြက မဂၤလာသတင္း Update ျဖစ္မလားဆုိၿပီး ရင္ခုန္ေနၾကတဲ့အေပၚကုိ ေနတုိးက Fashion Magazine ရဲ႕အင္တာဗ်ဴးတစ္ခုမွာ ျပန္လည္ေျဖ႐ွင္းသြားခဲ့ပါတယ္။
ေနတုိးက “ဟုတ္ကဲ့အဲ့တာကေတာ့ ႏွစ္ပါးသြား update ေပါ့ေနာ္ တကယ္လည္း Update သတင္းပါပဲ။ Update ဆုိတဲ့ ႐ုပ္႐ွင္ဇာတ္ကားကုိ ပရိသတ္စိတ္ဝင္စားႏုိင္တဲ့ အေၾကာင္းအရာေလးလည္း ျဖစ္ေနတယ္။ ဇာတ္ကားရဲ႕နာမည္ေလးကလည္း ႏွစ္ပါးသြား Update ျဖစ္ေနေတာာ့ Update သတင္းဆုိၿပီး ပရိသတ္ကုိ စိတ္ဝင္စားေအာင္လုပ္ၿပီး ဒီကားေလးကုိ Promote လုပ္တဲ့ သေဘာပါပဲ။”လုိ႔ေျပာသြားခဲ့ပါတယ္။Update သတင္းဆုိေတာ့ မဂၤလာသတင္းလားဆုိၿပီး ေမွ်ာ္မွန္းေနၾကတဲ့ ပရိသတ္ေတြကုိ ဘာေျပာခ်င္လဲလုိ႔ ေမးျမန္းရာ “ေပးလုိ႔ရရင္ ေပးသြားမွာပါ အခုေလာေလာဆယ္မွာေတာ့ အဲ့သတင္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဘာမွအသိေပးစရာမ႐ွိေသးပါဘူး။”လုိ႔ေျပာသြားခဲ့ပါတယ္။
မဂၤလာေဆာင္မယ့္သတင္းဆုိရင္ မၾကားခ်င္ဘူးလုိ႔ Comment ေရးထားတာနဲ႔ပတ္သက္ၿပီး “Comment ေတြထဲမွာက ခံစားခ်က္က ေထြေထြထူးထူး ခံစားခ်က္မ႐ွိပါဘူး Comment ေတြက အမ်ားႀကီးပဲ ေရးထားတာဆုိေတာ့ေလ Comment ေတြ တစ္ခုခ်င္းစီအေပၚမွာေတာ့ လုိက္ၿပီးေတာ့ ခံစားမေနေတာ့ဘူး။ အဓိကေတာ့ ကြၽန္ေတာ္တုိ႔ ဒီလုိပုိ႔စ္တင္ကတည္းကုိက ဒီလုိ Comment ေတြလာမယ္ဆုိတာကုိ ၾကဳိသိၿပီးသားေပါ့ေနာ္။ ဆုိေတာ့ကြၽန္ေတာ့္အေနနဲ႔ ေထြေထြထူးထူးေျပာစရာမ႐ွိပါဘူး။”လုိ႔ေျပာသြားခဲ့ပါတယ္။
မဂၤလာသတင္းအတြက္ ရင္ခုန္ေနၾကတဲ့ ပရိသတ္ေတြနဲ႔ ပတ္သက္ၿပီး “ရင္ခုန္စိတ္လႈပ္႐ွားေနတာပဲ ေကာင္းပါတယ္ အျမဲတမ္း ရင္ခုန္စိတ္လႈပ္႐ွားေနေတာ့ အျမဲတမ္းကြၽန္ေတာ္တုိ႔က ႐ွင္သန္ေနတာေပါ့။”လုိ႔ေျပာသြားခဲ့ပါတယ္။
Credit : NanMalGyi
Unicode
လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးမင်းသားတစ်လတ်ဖြစ်သလို ပရိသတ်အားပေးမှု အများအပြားရရှိနေတာ နိုင်ငံကျော် ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ Update သတင်းလေးတစ်ခုကို live လွှင့်ပြီး ပြောမယ်ဆိုတာကို post တင်ခဲ့ပါတယ်။ ဒီpost ကြောင့် ပရိသတ်တွေက မင်္ဂလာသတင်း Update ဖြစ်မလားဆိုပြီး ရင်ခုန်နေကြတဲ့အပေါ်ကို နေတိုးက Fashion Magazine ရဲ့အင်တာဗျူးတစ်ခုမှာ ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။
နေတိုးက “ဟုတ်ကဲ့အဲ့တာကတော့ နှစ်ပါးသွား update ပေါ့နော် တကယ်လည်း Update သတင်းပါပဲ။ Update ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ပရိသတ်စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာလေးလည်း ဖြစ်နေတယ်။ ဇာတ်ကားရဲ့နာမည်လေးကလည်း နှစ်ပါးသွား Update ဖြစ်နေတောာ့ Update သတင်းဆိုပြီး ပရိသတ်ကို စိတ်ဝင်စားအောင်လုပ်ပြီး ဒီကားလေးကို Promote လုပ်တဲ့ သဘောပါပဲ။”လို့ပြောသွားခဲ့ပါတယ်။Update သတင်းဆိုတော့ မင်္ဂလာသတင်းလားဆိုပြီး မျှော်မှန်းနေကြတဲ့ ပရိသတ်တွေကို ဘာပြောချင်လဲလို့ မေးမြန်းရာ “ပေးလို့ရရင် ပေးသွားမှာပါ အခုလောလောဆယ်မှာတော့ အဲ့သတင်းတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှအသိပေးစရာမရှိသေးပါဘူး။”လို့ပြောသွားခဲ့ပါတယ်။
မင်္ဂလာဆောင်မယ့်သတင်းဆိုရင် မကြားချင်ဘူးလို့ Comment ရေးထားတာနဲ့ပတ်သက်ပြီး “Comment တွေထဲမှာက ခံစားချက်က ထွေထွေထူးထူး ခံစားချက်မရှိပါဘူး Comment တွေက အများကြီးပဲ ရေးထားတာဆိုတော့လေ Comment တွေ တစ်ခုချင်းစီအပေါ်မှာတော့ လိုက်ပြီးတော့ ခံစားမနေတော့ဘူး။ အဓိကတော့ ကျွန်တော်တို့ ဒီလိုပို့စ်တင်ကတည်းကိုက ဒီလို Comment တွေလာမယ်ဆိုတာကို ကြိုသိပြီးသားပေါ့နော်။ ဆိုတော့ကျွန်တော့်အနေနဲ့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။”လို့ပြောသွားခဲ့ပါတယ်။
မင်္ဂလာသတင်းအတွက် ရင်ခုန်နေကြတဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီး “ရင်ခုန်စိတ်လှုပ်ရှားနေတာပဲ ကောင်းပါတယ် အမြဲတမ်း ရင်ခုန်စိတ်လှုပ်ရှားနေတော့ အမြဲတမ်းကျွန်တော်တို့က ရှင်သန်နေတာပေါ့။”လို့ပြောသွားခဲ့ပါတယ်။