Latest Posts

ပင္လယ္ႏွစ္ခု ဆံုရာေနရာမွာ တည္ထားေသာ သမိုင္း၀င္ ဆံေတာ္ရွင္ ျမတ္ေမာ္တင္စြန္း ေစတီေတာ္ အေၾကာင္း


ဆံေတာ္ရွင္ ျမတ္ေမာ္တင္စြန္း ေစတီေတာ္
ကပၸလီပင္လယ္ (Andaman Sea) ႏွင့္ အနာက္ဘက္ ဘဂၤလားပင္လယ္ေအာ္ (Bay of Bengal) တို႔ ထိစပ္ရာ၊ (သို႕မဟုတ္) ပိုင္းျခားထားရာ ေနရာေလးတခုျဖစ္ေသာ၊ ျမန္မာႏိုင္ငံ၏ သမိုင္း၀င္တန္ခိုးႀကီး ဘုရားေစတီမ်ားထဲတြင္ တစ္ဆူ အပါအ၀င္ျဖစ္ေသာ၊ ဆံေတာ္ရွင္ ျမတ္ေမာ္တင္စြန္း ေစတီေတာ္သည္ ဧရာ၀တီတိုင္းေဒသႀကီး ဟိုင္းႀကီးကၽြန္းၿမိဳ႕နယ္၊ ျမန္မာႏိုင္ငံ၏အေနာက္ ေတာင္ဘက္ အစြန္ဆံုးေနရာတြင္ တည္ထားလွ်က္ရွိပါသည္။
တဖုသႏွင့္ ဘလိကၠ ကုန္သည္ ညီေနာင္ႏွစ္ဦးတို႕ျမတ္စြာဘုရားအား ေလွ်ာက္ထားခ်က္အရ ေပးသနားေတာ္မူေသာ ဆံေတာ္ ရွစ္ဆူအနက္ ႏွစ္ဆူကို ေဇယ်ေသန နဂါးမင္းက သကၠရာဇ္ ၁၀၃ ခုႏွစ္ ၀ါဆိုလျပည့္ေန႕တြင္ လႊဲေျပာင္းပင့္ေဆာင္ၿပီး ဌာပနာကာ ေစတီေတာ္ကို တည္ထားကိုးကြယ္သည္ဟု သမိုင္းရာဇ၀င္မ်ားတြင္ေတြ႕ရွိရၿပီး အေသာကမင္းႀကီးလက္ထက္တြင္တစ္ႀကိမ္၊ ပုဂံေခာတ္ အေလာင္းစည္သူမင္း လက္ထက္တြင္တစ္ႀကိမ္ ထပ္မံမြမ္းမံတည္ထားခဲ့ပါသည္။ ဆံေတာ္ရွင္ ေစတီေတာ္ ျမတ္ႀကီးအား ႏွစ္စဥ္ တေပါင္းလဆန္း ၁ ရက္ေန႕မွ တေပါင္းလျပည့္ေန႕အထိစည္ကားသိုက္ၿမိဳက္စြာ က်င္းပေလ့ရွိပါသည္။


ဘုရားဖူးမိဘျပည္သူမ်ားအေနျဖင့္ ေရွးယခင္က ဘုရားဖူး ရာသီခ်ိန္တြင္ ေရလမ္းခရီးမွသာ အထူးေရယာဥ္မ်ားျဖင့္ သြားေရာက္ဖူးေမွ်ာ္ႏိုင္ၿပီး ၂၀၁၀ ခုႏွစ္ ေမလ ၁၄ ရက္ေန႕မွစကာ ပုသိမ္ – သလပ္ခြာ – ေမာ္တင္စြန္းကားလမ္း အတိုင္း (၉၆)မိုင္အကြာအေ၀းျဖင့္ လြယ္ကူစြာ သြားေရာက္ဖူးေမွ်ာ္ႏိုင္ပါသည္။ ကားလမ္းမွာ အေနာက္ရိုးမေတာင္တန္းကိုျဖတ္လွ်က္ ပုသိမ္၊ ငပုေတာ ႏွင့္ဟိုင္းႀကီးကၽြန္းၿမိဳ႕မ်ားမွတဆင့္ ခက္ခက္ခဲခဲ ေဖာက္လုပ္ထားျခင္းလည္းျဖစ္ပါသည္။
ကားလမ္းတေလွ်ာက္ ကိုေလ့လာၾကည့္ပါက ေတာင္တက္လမ္း၊ ေတာင္ဆင္းလမ္းမ်ားကို ေျမြလိမ္ေျမြေကာက္ တြန္႕ကာေကြးကာ ေဖာက္လုပ္ထားသျဖင့္ အသည္းတထိပ္ထိပ္၊ ရင္တဖိုဖိုလည္းျဖစ္ရပါသည္။ ေတာေတာင္ သဘာ၀ကို ခံစားရႈစားရင္း စိမ္းလန္းစိုေျပေနသည့္ ရႈ႕ခင္းမ်ား၊ သဘာ၀အတိုင္းတည္ရွိေန႕သည့္ ေက်းလတ္ေဒသ ရြာငယ္ေလးမ်ားကို ျမင္ေတြရသည္မွာလည္း စိတ္ကိုၾကည္လင္လန္းဆန္းေစသည္ မဟုတ္ပါလား ခင္ဗ်ာ။
ရိုးသားႀကိဳးစား ဧရာ၀တီသား တို႕ေနထိုင္ရာ ပုသိမ္ၿမိဳ႕မွထြက္ၿပီး င၀န္ျမစ္ကူးတံတားကိုေက်ာ္လိုက္သည္ႏွင့္ ေခ်ာင္းသာ၊ ေငြေဆာင္ လမ္းဆံုမွသည္ စခဲ့ေသာ ခရီးစဥ္မွာ ေရသိုးႀကီးစခန္း၊ စိန္ေတာင္စခန္း၊ တတန္ကူးစခန္း၊ သစ္ကတိုးအိုင္းစခန္း၊ FM စိုက္ပ်ိဳးေရးစခန္း အလီလီကိုျဖတ္သန္းကာ ငပုေတာၿမိဳ႕သို႕တေထာက္နားက်ပါသည္။ ထိုမွလြန္ေသာ္ ဥသွ်စ္ကြင္း၊ ေတာႀကီးရြာ၊ ငရုတ္ေကာင္းေတာင္ရြာ၊ ဂိုးေလာင္းရြာ၊ ငါးေျပမရြာ၊ မရမ္းကြင္းရြာ တို႕ကို ေက်ာ္လာပါက ဆံေတာ္ရွင္ေစတီေတာ္ျမတ္ႀကီးအား အားပါးတရ ဖူးေမွ်ာ္ၾကည္ညိဳခြင့္ ရပါေတာ့သည္။
ျမန္မာႏိုင္ငံ၏ အေနာက္ေတာင္ဘက္ အငူအစြန္းေပၚတြင္ တည္ရွိေနျခင္း၊ ပင္လယ္ႀကီးႏွစ္ခုမွ ပို႕လႊတ္လိုက္ေသာ သန္႔ရွင္းလတ္ဆက္သည့္ ေလ၊ ေရလိႈင္းမ်ား ေၾကာင့္ ဘုရားဖူးရသည့္ အာရုဏ္မွာ အျခားမည္သည့္ ထိေတြ႔မႈမ်ား၊ ခံစားမႈမ်ားႏွင့္ တုႏႈိင္းမရ ျဖစ္မိပါသည္။ တခါတရံ နဂါးေမာင္ႏွံေတြမ်ား စံေပ်ာ္ေနသလား ခံစားရေအာင္ ပင္လယ္လိႈင္းလံုးမ်ားက ေဖၚက်ဴးေနသေရာင္၊ ဆံေတာ္ရွင္ေစတီႀကီးအား နဂါးေမာင္ႏွံ တို႕ လာေရာက္ဖူးေနသေရာင္အား ေဖ်ာ္ေျဖမႈရသ အျပည့္ေပးေနပါေတာ့သည္။
စြယ္ စုံ
Credit-maharmedianews.com
Unicode ျဖင့္ဖတ္ရန္
ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်
ကပ္ပလီပင်လယ် (Andaman Sea) နှင့် အနာက်ဘက် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) တို့ ထိစပ်ရာ၊ (သို့မဟုတ်) ပိုင်းခြားထားရာ နေရာလေးတခုဖြစ်သော၊ မြန်မာနိုင်ငံ၏ သမိုင်း၀င်တန်ခိုးကြီး ဘုရားစေတီများထဲတွင် တစ်ဆူ အပါအ၀င်ဖြစ်သော၊ ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်သည် ဧရာ၀တီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်၊ မြန်မာနိုင်ငံ၏အနောက် တောင်ဘက် အစွန်ဆုံးနေရာတွင် တည်ထားလျှက်ရှိပါသည်။
တဖုသနှင့် ဘလိက္က ကုန်သည် ညီနောင်နှစ်ဦးတို့မြတ်စွာဘုရားအား လျှောက်ထားချက်အရ ပေးသနားတော်မူသော ဆံတော် ရှစ်ဆူအနက် နှစ်ဆူကို ဇေယျသေန နဂါးမင်းက သက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့တွင် လွှဲပြောင်းပင့်ဆောင်ပြီး ဌာပနာကာ စေတီတော်ကို တည်ထားကိုးကွယ်သည်ဟု သမိုင်းရာဇ၀င်များတွင်တွေ့ရှိရပြီး အသောကမင်းကြီးလက်ထက်တွင်တစ်ကြိမ်၊ ပုဂံခောတ် အလောင်းစည်သူမင်း လက်ထက်တွင်တစ်ကြိမ် ထပ်မံမွမ်းမံတည်ထားခဲ့ပါသည်။ ဆံတော်ရှင် စေတီတော် မြတ်ကြီးအား နှစ်စဉ် တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။
ဘုရားဖူးမိဘပြည်သူများအနေဖြင့် ရှေးယခင်က ဘုရားဖူး ရာသီချိန်တွင် ရေလမ်းခရီးမှသာ အထူးရေယာဉ်များဖြင့် သွားရောက်ဖူးမျှော်နိုင်ပြီး ၂၀၁၀ ခုနှစ် မေလ ၁၄ ရက်နေ့မှစကာ ပုသိမ် – သလပ်ခွာ – မော်တင်စွန်းကားလမ်း အတိုင်း (၉၆)မိုင်အကွာအေ၀းဖြင့် လွယ်ကူစွာ သွားရောက်ဖူးမျှော်နိုင်ပါသည်။ ကားလမ်းမှာ အနောက်ရိုးမတောင်တန်းကိုဖြတ်လျှက် ပုသိမ်၊ ငပုတော နှင့်ဟိုင်းကြီးကျွန်းမြို့များမှတဆင့် ခက်ခက်ခဲခဲ ဖောက်လုပ်ထားခြင်းလည်းဖြစ်ပါသည်။
ကားလမ်းတလျှောက် ကိုလေ့လာကြည့်ပါက တောင်တက်လမ်း၊ တောင်ဆင်းလမ်းများကို မြွေလိမ်မြွေကောက် တွန့်ကာကွေးကာ ဖောက်လုပ်ထားသဖြင့် အသည်းတထိပ်ထိပ်၊ ရင်တဖိုဖိုလည်းဖြစ်ရပါသည်။ တောတောင် သဘာ၀ကို ခံစားရှုစားရင်း စိမ်းလန်းစိုပြေနေသည့် ရှု့ခင်းများ၊ သဘာ၀အတိုင်းတည်ရှိနေ့သည့် ကျေးလတ်ဒေသ ရွာငယ်လေးများကို မြင်တွေရသည်မှာလည်း စိတ်ကိုကြည်လင်လန်းဆန်းစေသည် မဟုတ်ပါလား ခင်ဗျာ။
ရိုးသားကြိုးစား ဧရာ၀တီသား တို့နေထိုင်ရာ ပုသိမ်မြို့မှထွက်ပြီး င၀န်မြစ်ကူးတံတားကိုကျော်လိုက်သည်နှင့် ချောင်းသာ၊ ငွေဆောင် လမ်းဆုံမှသည် စခဲ့သော ခရီးစဉ်မှာ ရေသိုးကြီးစခန်း၊ စိန်တောင်စခန်း၊ တတန်ကူးစခန်း၊ သစ်ကတိုးအိုင်းစခန်း၊ FM စိုက်ပျိုးရေးစခန်း အလီလီကိုဖြတ်သန်းကာ ငပုတောမြို့သို့တထောက်နားကျပါသည်။ ထိုမှလွန်သော် ဥသျှစ်ကွင်း၊ တောကြီးရွာ၊ ငရုတ်ကောင်းတောင်ရွာ၊ ဂိုးလောင်းရွာ၊ ငါးပြေမရွာ၊ မရမ်းကွင်းရွာ တို့ကို ကျော်လာပါက ဆံတော်ရှင်စေတီတော်မြတ်ကြီးအား အားပါးတရ ဖူးမျှော်ကြည်ညိုခွင့် ရပါတော့သည်။
မြန်မာနိုင်ငံ၏ အနောက်တောင်ဘက် အငူအစွန်းပေါ်တွင် တည်ရှိနေခြင်း၊ ပင်လယ်ကြီးနှစ်ခုမှ ပို့လွှတ်လိုက်သော သန့်ရှင်းလတ်ဆက်သည့် လေ၊ ရေလှိုင်းများ ကြောင့် ဘုရားဖူးရသည့် အာရုဏ်မှာ အခြားမည်သည့် ထိတွေ့မှုများ၊ ခံစားမှုများနှင့် တုနှိုင်းမရ ဖြစ်မိပါသည်။ တခါတရံ နဂါးမောင်နှံတွေများ စံပျော်နေသလား ခံစားရအောင် ပင်လယ်လှိုင်းလုံးများက ဖေါ်ကျူးနေသရောင်၊ ဆံတော်ရှင်စေတီကြီးအား နဂါးမောင်နှံ တို့ လာရောက်ဖူးနေသရောင်အား ဖျော်ဖြေမှုရသ အပြည့်ပေးနေပါတော့သည်။