Latest Posts

ပုဂံဒေသကို အလည်အပတ်ရောက်ရှိနေတဲ့ ခရီးသွားPostလေးတွေကို မျှဝေလိုက်တဲ့ လွှမ်းပိုင်



အဆိုတော်လွှမ်းပိုင်ဟာ သူ့ရဲ့သီချင်းတိုင်းကို ကိုယ်တိုင်ဖန်တီးရေးစပ်သီဆိုမှုတွေကြောင့်လည်း လူငယ်တွေကြားမှာ ရေပန်းအစားဆုံးအဆိုတော်တစ်ယောက်ဖြစ်နေတာပါ။ သူ့ရဲ့အသည်းကွဲသီချင်းတိုင်းဟာလည်း လူတိုင်းရဲ့ခံစားချက်နဲ့ထပ်တူကျနေတာပဲဖြစ်ပြီး လူတိုင်းပါးစပ်ဖျားမှာသီဆိုနေကြတုန်းပါ။ လတ်တလောမှာလည်း ပရိသတ်တွေအတွက် သီချင်းအသစ်တွေထွက်ရှိနိုင်အောင်လည်း ကြိုးစားနေတာလည်း ဖြစ်ပါတယ်။



ချစ်သူ Bobby Soxer နဲ့လည်း ဆယ်နှစ်တာ အချစ်သက်တမ်းကို အတူတကွဖြတ်သန်းနေကြပြီပဲ ဖြစ်ပြီးတစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်နဲ့ တစ်ယောက်လက်ကိုတစ်ယောက်တွဲကာသာယာပျော်ရွှင်စရာကောင်းတဲ့ အချစ်နိဗ္ဗာန်လေးကို ဖန်တီးတည်ဆောက်နေကြတာပဲ ဖြစ်ပါတယ်နော်။ သူတို့နှစ်ယောက်လုံးဟာလည်း အရမ်းကိုလိုက်ဖက်လွန်းတာပဲ ဖြစ်ပြီး ပရိသတ်တိုင်းကလည်း အားကျနေရတာပါ။လွှမ်းပိုင်ဟာပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးလေးကို ပိုမိုခိုင်မာအောင်ကြိုးစားတည်ဆောက်လျှက်ရှိနေတာပဲ ဖြစ်ပါတယ်နော်။



လွှမ်းပိုင်က သီချင်းတွေလည်းသီဆိုရင်း သရုပ်ဆောင်အလုပ်တွေ လုပ်ကိုင်လာတာကိုလည်း တွေ့ရပါတယ်။လွှမ်းပိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကိုဆိုလည်း ပရိသတ်တွေက တစ်ခဲနက်အားပေးကြည့်ရှုကြပါတယ်။



ယခုလတ်တလောမှာတော့ အဆိုတော်လွှမ်းပိုင်ဟာ မြန်မာတွေရဲ့နှလုံးသားထဲကပုဂံဒေသကို သွားရောက်လည်အပတ်နေတာပဲ ဖြစ်ပါတယ်နော်။ပုဂံဒေသကို စတင်လည်ပတ်နေပြီး ဓာတ်ပုံရိုက်ကာ postလေးတွေ တင်မဲ့အကြောင်းလေးကိုလဲ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ “ကျွန်တော်၏ ခရီးသွား postများ”ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ လွှမ်းပိုင်ရဲ့ ခရီးသွားpostလေးတွေကို Myanmarload ချစ်ပရိသတ်ကြီး မြင်တွေ့နိုင်ရန်အတွက် မျှဝေပေးလိုက်ရပါတယ်နော်။



Photos-Hlwan Paing

credit  \\  original