ငြိမ်သက်ဦးညွှတ်ဖို့တောင် မလုပ်နိုင်တဲ့ သူတွေအများကြီး ရှိနေတယ် လို့ ဆိုတဲ့ ကိုမောင်မောင်အေး
မန်မာနိုင်ငံမှာ အနုပညာရှင်တွေလိုဘဲ နာမည်ကြီးလူသိများတဲ့ အစီအစဉ်တင်ဆက်သူကြီး ကိုမောင်မောင်အေးက ယနေ့ ၇၂နှစ်မြောက် အာဇာနည်နေ့မှာတော့ တာဝန်မကျေတဲ့ ၊ အလေးထားရကောင်းမှန်မသိတဲ့ လူတစ်ချို့ရဲ့အကြောင်းကို ထိမိတဲ့စကားလုံးတွေနဲ့ ပြောပြလာပါတယ်။ ဒါ့အပြင် တစ်ချိန်က အာဇာနည်နေ့မှာ လွမ်းသူ့ပန်းခွေချမိလို့ ထောင်နန်းစံခဲ့ရတဲ့ မျိုးချစ်ပုဂ္ဂိုလ် တစ်ဦးရဲ့ပုံရိပ်ကိုပါ ပူးတွဲဖော်ပြခဲ့ပါတယ်။
သူပြောခဲ့တဲ့ ထိမိတဲ့ အကြောင်းအရာတွေကတော့ ” နိုင်ငံ့အဖိုးတန်တွေကို တန်ဖိုးထားမြတ်နိုး နှမြောတသအောက်မေ့ခြင်းကို နှစ်ပေါင်းများစွာ ရိုက်ချိုးခဲ့ခြင်းရဲ့ အကျိုးဆက်….ဒီနေ့ ဒီအချိန်ထိ ၁၀:၃၇ မိနစ် အချိန်ရောက်ရင် လမ်းမတွေပေါ်မှာ လမ်းသွားနေရင်း ကားပေါ်ကနေ ဖြစ်စေ လမ်းလျှောက်နေရင်းဖြစ်စေ ၁ မိနစ်စာလေး ( စက္ကန့် ၆၀ စာလေး ) ကားရပ်ရင်း ဟွန်းတီးခြင်း နဲ့ လမ်းလျှောက်နေပါက
ငြိမ်သက်ဦးညွတ်ကြဖို့တောင် မလုပ်နိုင် မသိနိုင်တော့တဲ့သူတွေအများကြီးရှိနေသေးတာကိုတွေ့နေရသေးတယ်…Live တွေမှာ ကားဟွန်းတီးနေချိန် တဝီဝီနဲ့မောင်းထွက်သွားတဲ့ ကားတွေ တက္ကစီသမားတွေကိုကြည့်ပြီး brain wash အစွန်အဖျားလေးမိခဲ့ကြတာတွေတောင် ဒီလောက်ဖြစ်ကုန်ကြတာ…. တချို့သူတွေအဖို့ နေ့စဉ်ရိုက်သွင်းခံကြရသူတွေမို့လို့ အမှန်တရားမှန်သမျှ မစဉ်းစား မတွေးခေါ်နိုင်ကြရတော့တာပဲလို့ နားလည်သနားပေးနေရတော့တယ်……”
” ကိုယ်ကျိုးတကယ်စွန့်သူတွေက အသက်နဲ့ရင်းပြီး နိုင်ငံအတွက်အလုပ်အကျွေးပြုသွားခဲ့ကြပေတဲ့ ကိုယ့်ဖာသာအတင်းကြီး ကိုယ့်ပါးစပ်ကနေ ငါတို့ကသာ ကယ်တင်ရှင်စစ်စစ်ကြီးတွေကွလို့ သွင်သွင်ပြောရင်း ကိုယ်ကျိုး စို့လို့ ဖို့လို့ မပြီးနိုင်မစီးနိုင် ဖြစ်နေကြတုန်း……အချိန်မရွေးသေနိုင်တယ်… မတရားသဖြင့်ရှာထားခဲ့သမျှ ထားခဲ့ရနိုင်တယ်ဆိုတာ သိသိကြီးနဲ့ အသေလှခြင်းရဲ့တန်ဖိုးကို ခုထိမသိနိုင်သေး
…. မြင်အောင်မကြည့်နိုင်ကြသေးတဲ့သူတချို့ကြောင့် ဗိုလ်ချုပ်တို့တွေ ကောင်းရာဘုံဘဝမှာ ရောက်နေကြလည်း ခုထိပျော်နိုင်ကြဦးမယ် မထင်….. ” ဟု ဆိုကာ ရေးသားဖော်ပြခဲ့ပါတယ်။
ဖတ်ရှု့ပေးကြတဲ့ ပရိသတ်တွေကို မိုမိုလေးက ကျေးဇူးအထူးတင်ရှိပါတယ်။ နိုင်ငံသားတိုင်း လိုက်နာသင့်တဲ့ အချက်တွေကို ထောက်ပြသွားတာဖြစ်လို့ အားလုံးမျှဝေရင် လက်တို့လိုက်ကြပါဦးနော်။
May Phyo(MML)
Source – mg mg aye’sfb
photo – မူလဓါတ်ပုံပိုင်ရှင် ကို credit ပေးပါတယ်။