Latest Posts

လူ့လောကြီးထဲကို မကြာခင်က ရောက်ရှိလာတဲ့ သားဦးလေးကြောင့်အတိုင်းမသိပျော်ရွှင်နေတဲ့ အောင်သူ


မြန်မာလက်ရွေးစင် ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အောင်သူနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်တို့စုံတွဲလေးကတော့တစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေအားလုံးရဲ့ အားပေးချစ်ခင်မှုကို ရရှိထားနေကြသူတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အားကျရတဲ့ သူတို့စုံတွဲလေးက နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။


ယခုမှာတော့ အောင်သူနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်တို့ဇနီးမောင်နှံလေးဟာ သားဦးလေးကို မွေးဖွားလိုက်ပြီဖြစ်ပါတယ်။ မြောင်တောင်အသင်းသားတွေနဲ့ နည်းပြဖြစ်သူကသားလေးကို ရရှိပိုင်ဆိုင်သွားတဲ့ အောင်သူကို လေ့ကျင့်ရေးကွင်းမှာ ချီကျူးးဂုဏ်ပြုစကားပြောဆိုကြပါတယ်။



အောင်သူကတော့ သားလေးကိုပိုင်ဆိုင်သွားလို့အရမ်းကိုပျော်ရွှင်နေကြောင်း အတိုင်းမသိပျော်ရွှင်ပြီး သားလေးကိုတော့ နာမည်မပေးရသေးကြောင်း siamsportနဲ့ အင်တာဗျူးမှာဖြေကြားနေတာတွေ့ရပါတယ်။ အောင်သူရဲ့ ပရိသတ်တွေကတော့ အောင်သူအနေနဲ့ သားဦးလေးကို ရရှိပိုင်ဆိုင်သွားတဲ့ အကြောင်းကြားကြားချင ချီးကျူးဂုဏ်ပြုစကားတွေ ပြောဆိုနေကြပါတယ်။



source:siamsport/ maung thong united

Credit  \\  original