Latest Posts

ပရိသတ်တွေ မျက်လုံးပြူးသွားစေမယ့် ပိုင်တံခွန်ရဲ့ Fan Meeting အတွက် လက်မှတ်ဈေးနှုန်း



နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာပါ တော်တော်လေး အောင်မြင်နေတာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ ပိုင်တံခွန်က မကြာခင်မှာလည်း ဘန်ကောက်မှာ Fan Meeting ကျင်းပတော့မှာ ဖြစ်ပါတယ်။



ပိုင်တံခွန်ရဲ့ ပထမဆုံးအကြိမ် Fan Meeting ကို လာမယ့် သြဂုတ်လ(၃) ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Century Park Hotel Ballroom မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ထိုင်းပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ဆုံတွေ့မှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပိုင်တံခွန်ရဲ့ Fan Meeting ပွဲ လက်မှတ်ဈေးနှုန်းတွေ တရားဝင် ထွက်ရှိလို့ လာပါပြီ။



ပိုင်တံခွန်ရဲ့ Bangkok Fan Meeting ကို Zone A,B,C ဆိုပြီး ခွဲခြား သက်မှတ်ထားပါတယ်။ Zone A အတွက် လက်မှတ်ဈေးနှုန်းက 3500 Baht (မြန်မာငွေ ၁၅၀၀၀၀ ဝန်းကျင်)၊ Zone B အတွက် လက်မှတ်ဈေးနှုန်းက 2000 Baht (မြန်မာငွေ ၉၀၀၀၀ ဝန်းကျင်)၊ Zone C အတွက် လက်မှတ်ဈေးနှုန်းက 1000 Baht (မြန်မာငွေ ၅၀၀၀၀ ဝန်းကျင်) ဆိုပြီး သုံးမျိုး သတ်မှတ်ထားပါတယ်။

လက်မှတ်ဈေးနှုန်းတွေကို သတ်မှတ်ခဲ့ပေမယ့် လက်မှတ်တွေကို ဘယ်မှာ ဝယ်ယူနိုင်မလဲဆိုတာကို ဇူလိုင်လ (၂၁) ရက်နေ့မှာ ပြန်လည် ကြေငြာပေးသွားမှာပဲ ဖြစ်ပါတယ်။



ပိုင်တံခွန်ကို ချစ်ခင်အားပေးကြတဲ့ ထိုင်းသူလေးတွေကတော့ ပိုင်တံခွန်ကို တွေ့ရဖို့ တော်တော်လေး စိတ်လှုပ်ရှားနေကြမယ် ထင်ပါတယ်။ ကိုယ့်နိုင်ငံက မင်းသားတစ်ယောက် ပြည်ပမှာ Fan Meeting ကျင်းပနိုင်ငံတဲ့အထိ အောင်မြင်တာကို တွေ့ရတာ တော်တော်လေး ဝမ်းသာစရာပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။



Rowena
Source: Paing Takhon’s fb

Credit  \\  original