ကောင်းပြည့်နဲ့ ပြတ်သွားပြီဆိုတဲ့ အပေါ် ဖြေရှင်းလိုက်တဲ့ သန္တာဗိုလ်
အနုပညာလောကမှာ ခြေချနေတာ ကြာပြီဖြစ်တဲ့ မင်းသား ကောင်းပြည့်နဲ့ မင်းသမီး သန္တာဗိုလ်ကိုတော့ ပရိသတ်တွေ သိကြမှာပါ။ မင်းသား ကောင်းပြည့်ကတော့ ထောင်ထောင်မောင်းမောင်းနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာထားလေး ရှိပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ပုံစံလေးပါပဲ။
မင်းသမီး သန္တာဗိုလ်ကတော့ အနုပညာလောကကို မော်ဒယ် တယောက်အနေနဲ့ ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ပရိသတ်အခိုင်အမာ ရရှိနေတာကြောင့် မင်းသမီးပါ ဖြစ်နေပြီ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ကတော့ အနုပညာလောကသား အချင်းချင်း ချစ်ကြိုးသွယ်ပြီး လက်တွဲနေတာ ကြာပြီဖြစ်ပါတယ်။ သူတို့အတွဲလေးကတော့ အရပ်အမောင်းချင်းကလည်း ညီပြီး လိုက်ဖက်လွန်းတာကြောင့် သဘောကျနေကြတဲ့ သူတွေအတော်များပါတယ်။ ဒါပေမယ့်လည်း တလောတုန်းကတော့ သန္တာဗိုလ်နဲ့ ကောင်းပြည့်တို့ ပြတ်သွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီလိုသတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ်မှာတော့ မင်းသမီးသန္တာဗိုလ်ကတော့ ပြန်လည်ဖြေရှင်းထားတာ ဖြစ်ပါတယ်။ မင်းသမီး သန္တာဗိုလ်ကတော့ “ဒီအကိုကြီးနဲ့ တွဲနေဆဲ တွဲနေမြဲပါနော် ပြတ်ပြီလား မေးမေးနေကျလို့” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။ သန္တာဗိုလ် ကတော့ သူ့ကို ကောင်းပြည့်နဲ့ ပြတ်သွားပြီလို့ ပြောပြောနေကြတဲ့အပေါ်မှာတော့ ပညာသားပါပါ ဟာသနှောပြီးတော့ ပြန်လည်ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ကတော့ တကယ်မပြတ်ပါဘူးနော်။ သန္တာဗိုလ်နဲ့ ကောင်းပြည့်ကတော့ တကယ့်ကို လိုက်ဖက်တဲ့ အတွဲလေးဖြစ်ပြီး မကြာခဏ ဗီဒီယိုလေးတွေ ရိုက်ပြီးတော့လည်း တင်နေကြဖြစ်ပါတယ်။ သူတို့အားကျစရာ စုံတွဲလေးကတော့ မပြတ်ဘူးလို့ သန္တာဗိုလ် ကိုယ်တိုင်ကပြောလိုက်တာကြောင့် သူတို့ပရိသတ်လေးတွေတော့ စိတ်ချမ်းသာသွားကြမယ် ထင်ပါတယ်။
Credit \\ original