သမီးလေး မီးဖွားပြီးနောက် ပထမဦးဆုံး မိသားစုပုံလေးတွေ ချပြလိုက်တဲ့ စန္ဒီမြင့်လွင်
အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၄)ရက်နေ့၊ တနင်္ဂနွေနေ့လေးမှာ သမီးဦးလေး ထရက်ရှာကို မွေးဖွားသန့်စင်ခဲ့တာပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ စန္ဒီမြင့်လွင်က သမီးလေး မီးဖွားပြီးနောက်မှာ မိသားစုသုံးယောက် ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေး ထရက်ရှာကို ပိုင်ဆိုင်လိုက်ရလို့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံနှစ်ဦးရဲ့မျက်နှာမှာ ကြည်နူးပျော်ရွှင်မှုတွေ ပြည့်နှက်နေတာ မြင်တွေ့ရမှာပါနော်။
ချစ်ပရိသတ်တွေအတွက် ချစ်ရတဲ့ သမီးလေးနဲ့အတူရိုက်ကူးထားတဲ့ မိသားစုပုံရိပ်တွေကို ချပြလိုက်တဲ့ စန္ဒီမြင့်လွင်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
စန္ဒီမြင့်လွင်ကတော့ “သမီးလေးကိုမွေးဖွားပီးဆေးရုံကဆင်းပါပီရှင် အစစအရာရာအရမ်းဂရုစိုက်တဲ့ OGဆရာမကြီးDr ဒေါ်မေသူမျိုးညွှန့် နဲ့ အဖွဲ့ သားများ ကလေးဆရာဝန်ကြီးအန်တီဒေါ်မြမြအုန်းနှင့်ပန်းလိုင်ဆေးရုံမှ အစ်မမသက်နဲ့ တစ်ကွ မဖြူ ကိုအောင်နိုင်ထွန်းတို့ Team တစ်ဖွဲ့ လုံး ကလေးရောမိခင်ပါ လိုလေသေးမရှိဂရုစိုက်ပေးကြတဲ့
ဆေးရုံမိသားစုများနဲ့ အထူးသူနာပြုအဖွဲ့ များ ဆေးရုံတက်နေစဉ်ကာလတစ်လျှောက်လုံးသတင်းမေးကြလာကြည့်ပေးကြ အားပေးကြတဲ့မိဘဆွေမျိုးများ ဒီဒီရဲ့ ပရိတ်သတ်အားလုံး သမီးလေးကိုရောဒီဒီကိုရောဂရုတစ်စိုက်ရှိပေးကြတဲ့အတွက်တစ်ယောက်ချင်းစီတိုင်းအားလုံးကျေးဇူးအထူးတင်ပါတယ်ရှင်
FB,instagram မှ ဆုမွန်ကောင်းတောင်းပေးကြတဲ့မိတ်ဆွေများချစ်သူခင်သူများပရိတ်သတ်များအားလုံးကျေးဇူးပါတင်ပါတယ်ရှင့် 👨👩👧” ဆိုပြီး ကျေးဇူးတင်ထိုက်သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ကြည်နူးစွာ ရေးသားထားတာပါ။
သူ့ပို့စ်အောက်မှာ ဈေးလာရောင်းသူကို ပညာသားပါပါနဲ့ ချစ်စရာကောင်းအောင် တုံ့ပြန်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်
သမီးလေးကလည်း ကျန်းမာတဲ့အပြင် မေမေ စန္ဒီမြင့်လွင်ကလည်း ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ပါပဲနော်။ သမီးလေး ထရက်ရှာက ချစ်စရာကောင်းပြီး မွေးခါစက ၆ပေါင် ရှိတယ်လို့ သိရပါတယ်။
မိဘနှစ်ပါးနဲ့ နှစ်ဘက်သော မိသားစုတွေရဲ့သည်းသည်းလှုပ်ချစ်ခင်ခြင်းကို ရရှိထားတဲ့ သမီးလေး ထရက်ရှာ..။
စန္ဒီမြင့်လွင် က ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ သမီးမိန်းကလေး အရမ်းလိုချင်တဲ့ စန္ဒီမြင့်လွင်ကတော့ သမီးလေး လူ့လောကထဲ ရောက်မလာခင်ကတည်းက ချစ်စရာကောင်းတဲ့ အခန်းလေးကို ကြိုတင်ပြင်ဆင်ထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ စန္ဒီမြင့်လွင်တို့မိသားစုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original