“ေ႐ႊထည္ ပစၥည္းေတြ အေရာင္တက္လာေအာင္ အိမ္မွာပဲ ေဆးနည္း..”
သြား တိုက္ေဆး နဲ႔ မေဆးရဘူးေနာ္။ အေရာင္ က်သြားလိမ့္မယ္။ ေ႐ႊဆိုတာ အဖိုးတန္ပါတယ္။ အျမတ္တႏိုးနဲ႔လည္း ဝတ္ဆင္ၾကတယ္၊ စုေဆာင္း သိမ္းဆည္းၾကတယ္။
ဝတ္တာမ်ားလာတဲ့အခါ ေ႐ႊထည္ ေတြက အေရာင္ မွိန္သြားေရာ။ ဆိုင္ သြားၿပီး ေဆးခိုင္းမွ ျပန္ဝင္းလက္လာတယ္ေလ။
ဆိုင္ မသြားခ်င္ဘူးဆိုရင္ အိမ္မွာပဲ ေ႐ႊထည္ ေတြ သန႔္စင္ေဆးေၾကာလို႔ ရပါတယ္။ လြယ္လြယ္ေလး။ ဘာမွမခက္ဘူး။ ေျပာျပမယ္။
ေရေ ႏြး ထဲကို ပန္းကန္ေဆး ဆပ္ျပာဆီ အနည္းငယ္ ထည့္ပါ။ ေဆးမယ့္ ေ႐ႊထည္ ကို ဆပ္ျပာရည္ ထဲ ၁၅ မိနစ္ စိမ္ေပးထားလိုက္ရပါမယ္။ ၁၅ မိနစ္ ျပည့္ေတာ့မွ သြားတိုက္တံ အႏုေလးနဲ႔ ျဖည္းျဖည္းခ်င္း ပြတ္တိုက္သန႔္စင္ေပးပါ။
ေရ ကို ေႏြးေအာင္ထားထားၿပီး ဘုံဘိုင္ေခါင္းေအာက္မွာ ေ႐ႊထည္ကို ျပန္ေဆးေပးရပါမယ္။ ေရထဲမစိမ္ပါနဲ႔။ ကပ္ေနတဲ့ ေၾကးေတြ ေရ နဲ႔အတူ ေမ်ာသြားေအာင္ ဘုံဘိုင္ေခါင္း ကိုဖြင့္ထားရတာျဖစ္ပါတယ္။ ဇကာထဲကို ေ႐ႊထည္ပစၥည္း ထည့္ၿပီး ေဆးရင္ ျပဳတ္မက်ေတာ့ဘူးေပါ့။
ဆပ္ျပာရည္ ေတြနဲ႔ ေၾကး(ဂ်ီး)ေတြ ေျပာင္စင္သြားၿပီဆိုေတာ့မွ ႏူးညံ့ တဲ့ အဝတ္ေျခာက္ ေလးနဲ႔ အသာအယာ ပြတ္တိုက္ၿပီး ေရေတြေျခာက္သြားလိုက္ လုပ္လိုက္ရမွာ ျဖစ္ပါတယ္။
ဒါဆိုရင္ ဆိုင္ကို တကူးတက သြားစရာမလိုဘဲနဲ႔ ေ႐ႊထည္ ပစၥည္းေလးက ဝယ္ခါစတုန္းကလို အေရာင္ျပန္တက္လာတာကို ေတြ႕ရမွာျဖစ္ပါတယ္။
ဒါေပမယ့္ ဒီနည္းေတြကို ေ႐ႊရည္စိမ္အထည္ေတြမွာ မေဆးသင့္ပါဘူး အေရာင္ကြၽတ္ႏိုင္လို႔ပါ
Credit-original
Unicode
သွား တိုက်ဆေး နဲ့ မဆေးရဘူးနော်။ အရောင် ကျသွားလိမ့်မယ်။ ရွှေဆိုတာ အဖိုးတန်ပါတယ်။ အမြတ်တနိုးနဲ့လည်း ဝတ်ဆင်ကြတယ်၊ စုဆောင်း သိမ်းဆည်းကြတယ်။
ဝတ်တာများလာတဲ့အခါ ရွှေထည် တွေက အရောင် မှိန်သွားရော။ ဆိုင် သွားပြီး ဆေးခိုင်းမှ ပြန်ဝင်းလက်လာတယ်လေ။
ဆိုင် မသွားချင်ဘူးဆိုရင် အိမ်မှာပဲ ရွှေထည် တွေ သန့်စင်ဆေးကြောလို့ ရပါတယ်။ လွယ်လွယ်လေး။ ဘာမှမခက်ဘူး။ ပြောပြမယ်။
ရေေ နွး ထဲကို ပန်းကန်ဆေး ဆပ်ပြာဆီ အနည်းငယ် ထည့်ပါ။ ဆေးမယ့် ရွှေထည် ကို ဆပ်ပြာရည် ထဲ ၁၅ မိနစ် စိမ်ပေးထားလိုက်ရပါမယ်။ ၁၅ မိနစ် ပြည့်တော့မှ သွားတိုက်တံ အနုလေးနဲ့ ဖြည်းဖြည်းချင်း ပွတ်တိုက်သန့်စင်ပေးပါ။
ရေ ကို နွေးအောင်ထားထားပြီး ဘုံဘိုင်ခေါင်းအောက်မှာ ရွှေထည်ကို ပြန်ဆေးပေးရပါမယ်။ ရေထဲမစိမ်ပါနဲ့။ ကပ်နေတဲ့ ကြေးတွေ ရေ နဲ့အတူ မျောသွားအောင် ဘုံဘိုင်ခေါင်း ကိုဖွင့်ထားရတာဖြစ်ပါတယ်။ ဇကာထဲကို ရွှေထည်ပစ္စည်း ထည့်ပြီး ဆေးရင် ပြုတ်မကျတော့ဘူးပေါ့။
ဆပ်ပြာရည် တွေနဲ့ ကြေး(ဂျီး)တွေ ပြောင်စင်သွားပြီဆိုတော့မှ နူးညံ့ တဲ့ အဝတ်ခြောက် လေးနဲ့ အသာအယာ ပွတ်တိုက်ပြီး ရေတွေခြောက်သွားလိုက် လုပ်လိုက်ရမှာ ဖြစ်ပါတယ်။
ဒါဆိုရင် ဆိုင်ကို တကူးတက သွားစရာမလိုဘဲနဲ့ ရွှေထည် ပစ္စည်းလေးက ဝယ်ခါစတုန်းကလို အရောင်ပြန်တက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒီနည်းတွေကို ရွှေရည်စိမ်အထည်တွေမှာ မဆေးသင့်ပါဘူး အရောင်ကျွတ်နိုင်လို့ပါ
Credit-original


