အသက္ ၁၀၅ ႏွစ္ အထိ က်န္းမာစြာေနထိုင္သြားတဲ့ ဂ်ပန္သမားေတာ္ၾကီးရဲ႕ သက္ေတာ္႐ွည္ရျခင္းလ်ွိဳ႕ဝွက္ခ်က္
အသက္ ၁၀၅ ႏွစ္ အထိ က်န္းမာစြာေနထိုင္သြားတဲ့ ဂ်ပန္သမားေတာ္ၾကီးရဲ႕ သက္ေတာ္႐ွည္ရျခင္းလ်ွိဳ႕ဝွက္ခ်က္
ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာပဲ ဂ်ပန္ႏိုင္ငံဟာ သူတို႔အတြက္ရတနာတစ္ဆူလို တန္ဖိုးထားရတဲ့ သက္ေတာ္႐ွည္သမားေတာ္ ေဒါက္တာ Hinohara ကို ဆံုး႐ွံုးခဲ့ရပါတယ္။
သူဟာ လူတစ္ေယာက္အတြက္ အသက္႐ွည္၊ အနာမဲ့စြာနဲ႔ ေနထိုင္ႏို္င္မယ့္နည္းလမ္းကို ေလ့လာသုေတသနျပဳခဲ့တဲ့ ပညာ႐ွင္တစ္ဦးျဖစ္ၿပီး
သူကိုယ္တိုင္လည္း အသက္ ၁၀၅ ႏွစ္အထိ က်န္းမာအသက္႐ွည္စြာ ေနထိုင္ၿပီးသူ႕ရဲ့နည္းလမ္းကို ကိုယ္ေတြ႕ သက္ေသျပသြားခဲ့သူျဖစ္ပါတယ္။
သူက အစားအသာက္ကို သတိႀကီးစြာနဲ႔ ခ်င့္ခ်င္႔ခ်ိန္ခ်ိန္စားသံုးသူ မဟုတ္ပါဘူး။ သူဟာ အလုပ္နဲ႔ ကိုယ္ပိုင္ဘဝကို ဟန္ခ်က္ညီမ်ွေအာင္ အခ်ိန္သတ္မွတ္ၿပီးေနထိုင္လုပ္ကိုင္ခဲ့သူမဟုတ္ပါဘူး။
ဒါဆို အိပ္ခ်ိန္လံုလံုေလာက္ေလာက္ နဲ႔ အိပ္တတ္သူလားဆိုေတာ့လည္း မဟုတ္ျပန္ပါဘူး။
ဒါဆို သူဒီေလာက္ႏွစ္ေတြအမ်ားႀကီး က်န္းမာအသက္႐ွည္စြာေနထိုင္သြားႏိုင္ခဲ့တဲ့ လ်ွိဳ႕ဝွက္ခ်က္ကဘာလဲ ?
သူက တစ္ရက္ ၁၈နာရီ အလုပ္လုပ္ေနတတ္သူျဖစ္ၿပီး တစ္ပတ္ကို ၇ ရက္လံုးအလုပ္လုပ္တဲ့သူပါ။ သူက သူေနထိုင္ခဲ့ပံုကို အခုလို မ်ွေဝခ်န္ထားရစ္ခဲ့ပါတယ္။
– လူရဲ႕ကာယဥာဏစြမ္းအားဟာ ေပ်ာ္ရႊင္တဲ့ ေကာင္းမြန္တဲ့ခံစားခ်က္ေတြျဖစ္ေပၚမႈေၾကာင့္ ရ႐ွိလာတာျဖစ္တယ္။ အိပ္ေကာင္းျခင္းအိပ္လို႔၊ စားေကာင္းျခင္းစားရံုနဲ႔ မလံုေလာက္ဘူး။
– စားခ်ိန္၊ အိပ္ခ်ိန္ စသျဖင့္ သတ္သတ္မွတ္မွတ္စည္းကမ္း ေတြလုပ္ၿပီး ကိုယ့္ရဲ႕ခႏၶာကိုယ္ကုိ မႏွိပ္စက္သင့္ဘူး။ ကေလးဘဝမွာ လူေတြဘယ္လို ေနထိုင္ခဲ့ၾကလဲဆိုတာ ျပန္ေတြးၾကည့္ပါလား။
ေပ်ာ္ရႊင္တဲ့အခ်ိန္ေတြဆို ထမင္းေမ့ဟင္းေမ့ျဖစ္ခဲ့ၾကတယ္မဟုတ္လား။ ဒီလိုခံစားခ်က္ကို လူႀကီးျဖစ္လာတဲ့အထိလည္းေမြးျမဴသြားသင့္တယ္။
– အသက္႐ွည္ခ်င္တယ္ဆိုရင္ေတာ့ အဝမလြန္ေစနဲ႔။ မနက္စာဆို ကြၽန္ေတာ္က ေကာ္ဖီေသာက္တယ္။ ႏို႔တစ္ခြက္ေသာက္တယ္။ လိေမၼာ္ေဖ်ာ္ရည္ကိုသံလြင္ဆီတစ္ဇြန္း ေရာေသာက္တယ္။
ေန႔လည္စာကို ႏို႔နဲ႔ကြတ္ကီးနည္းနည္းစားတယ္။ အလုပ္မ်ားေနရင္ေတာ့စားကိုမစားဘူး။ ညစာကိုေတာ့အသီးအရြက္ပဲ။ ငါးနဲ႔ထမင္းနည္းနည္းပါမယ္။ အဆီနည္းတဲ့အသား ၁၀၀ ဂရမ္ တစ္ပတ္ႏွစ္ခါ ထည့္စားေပးတယ္။
ဒီ့ထက္ပိုၿပီး ထူးျခားတာတစ္ခုကေတာ့ Hinohara ရဲ႕ သက္႐ွည္ေနထိုင္နည္းမွာ အႏုပညာနဲ႔ ေတးဂီတသံရယ္၊ အိမ္ေမြးတိရစၦာန္ေမြးထားျခင္းရယ္ဟာ ဆရာဝန္သြားျပတာထက္
ပိုအက်ိဳး႐ွိေၾကာင္းေထာက္ခံထားခဲ့တာျဖစ္ပါတယ္။
” သိပၸံပညာတန္ခိုးတစ္ခုတည္းနဲ႔ လူေတြကိုကုသမႈေပးလို႔မရပါဘူး။ ေရာဂါဘယေတြဝင္လာတယ္ဆိုတာ ႏွလံုးသားနဲ႔ဆက္စပ္ေနပါတယ္။ ႏွလံုးသားရဲ႕က်န္းမာမႈကိုလို္အပ္ပါတယ္။
ေဆးဝါးေတြတင္မဟုတ္ လြတ္လပ္တဲ့အႏုပညာေတြနဲ႔ပါ လူေတြရဲ႕ႏွလံုးသားကို ကုသျပီး နာလန္ထူေပးရမွာျဖစ္ပါတယ္ ” လို႔ သူက ဆိုခဲ့ဖူးပါတယ္။
Credit \\ original
Unicode
အသက် ၁၀၅ နှစ် အထိ ကျန်းမာစွာနေထိုင်သွားတဲ့ ဂျပန်သမားတော်ကြီးရဲ့ သက်တော်ရှည်ရခြင်းလျှို့ဝှက်ချက်
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဂျပန်နိုင်ငံဟာ သူတို့အတွက်ရတနာတစ်ဆူလို တန်ဖိုးထားရတဲ့ သက်တော်ရှည်သမားတော် ဒေါက်တာ Hinohara ကို ဆုံးရှုံးခဲ့ရပါတယ်။
သူဟာ လူတစ်ယောက်အတွက် အသက်ရှည်၊ အနာမဲ့စွာနဲ့ နေထိုင်နို်င်မယ့်နည်းလမ်းကို လေ့လာသုတေသနပြုခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်ပြီး
သူကိုယ်တိုင်လည်း အသက် ၁၀၅ နှစ်အထိ ကျန်းမာအသက်ရှည်စွာ နေထိုင်ပြီးသူ့ရဲ့နည်းလမ်းကို ကိုယ်တွေ့ သက်သေပြသွားခဲ့သူဖြစ်ပါတယ်။
သူက အစားအသာက်ကို သတိကြီးစွာနဲ့ ချင့်ချင့်ချိန်ချိန်စားသုံးသူ မဟုတ်ပါဘူး။ သူဟာ အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို ဟန်ချက်ညီမျှအောင် အချိန်သတ်မှတ်ပြီးနေထိုင်လုပ်ကိုင်ခဲ့သူမဟုတ်ပါဘူး။
ဒါဆို အိပ်ချိန်လုံလုံလောက်လောက် နဲ့ အိပ်တတ်သူလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။
ဒါဆို သူဒီလောက်နှစ်တွေအများကြီး ကျန်းမာအသက်ရှည်စွာနေထိုင်သွားနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ကဘာလဲ ?
သူက တစ်ရက် ၁၈နာရီ အလုပ်လုပ်နေတတ်သူဖြစ်ပြီး တစ်ပတ်ကို ၇ ရက်လုံးအလုပ်လုပ်တဲ့သူပါ။ သူက သူနေထိုင်ခဲ့ပုံကို အခုလို မျှဝေချန်ထားရစ်ခဲ့ပါတယ်။
– လူရဲ့ကာယဉာဏစွမ်းအားဟာ ပျော်ရွှင်တဲ့ ကောင်းမွန်တဲ့ခံစားချက်တွေဖြစ်ပေါ်မှုကြောင့် ရရှိလာတာဖြစ်တယ်။ အိပ်ကောင်းခြင်းအိပ်လို့၊ စားကောင်းခြင်းစားရုံနဲ့ မလုံလောက်ဘူး။
– စားချိန်၊ အိပ်ချိန် စသဖြင့် သတ်သတ်မှတ်မှတ်စည်းကမ်း တွေလုပ်ပြီး ကိုယ့်ရဲ့ခန္ဓာကိုယ်ကို မနှိပ်စက်သင့်ဘူး။ ကလေးဘဝမှာ လူတွေဘယ်လို နေထိုင်ခဲ့ကြလဲဆိုတာ ပြန်တွေးကြည့်ပါလား။
ပျော်ရွှင်တဲ့အချိန်တွေဆို ထမင်းမေ့ဟင်းမေ့ဖြစ်ခဲ့ကြတယ်မဟုတ်လား။ ဒီလိုခံစားချက်ကို လူကြီးဖြစ်လာတဲ့အထိလည်းမွေးမြူသွားသင့်တယ်။
– အသက်ရှည်ချင်တယ်ဆိုရင်တော့ အဝမလွန်စေနဲ့။ မနက်စာဆို ကျွန်တော်က ကော်ဖီသောက်တယ်။ နို့တစ်ခွက်သောက်တယ်။ လိမ္မော်ဖျော်ရည်ကိုသံလွင်ဆီတစ်ဇွန်း ရောသောက်တယ်။
နေ့လည်စာကို နို့နဲ့ကွတ်ကီးနည်းနည်းစားတယ်။ အလုပ်များနေရင်တော့စားကိုမစားဘူး။ ညစာကိုတော့အသီးအရွက်ပဲ။ ငါးနဲ့ထမင်းနည်းနည်းပါမယ်။ အဆီနည်းတဲ့အသား ၁၀၀ ဂရမ် တစ်ပတ်နှစ်ခါ ထည့်စားပေးတယ်။
ဒီ့ထက်ပိုပြီး ထူးခြားတာတစ်ခုကတော့ Hinohara ရဲ့ သက်ရှည်နေထိုင်နည်းမှာ အနုပညာနဲ့ တေးဂီတသံရယ်၊ အိမ်မွေးတိရစ္ဆာန်မွေးထားခြင်းရယ်ဟာ ဆရာဝန်သွားပြတာထက်
ပိုအကျိုးရှိကြောင်းထောက်ခံထားခဲ့တာဖြစ်ပါတယ်။
” သိပ္ပံပညာတန်ခိုးတစ်ခုတည်းနဲ့ လူတွေကိုကုသမှုပေးလို့မရပါဘူး။ ရောဂါဘယတွေဝင်လာတယ်ဆိုတာ နှလုံးသားနဲ့ဆက်စပ်နေပါတယ်။ နှလုံးသားရဲ့ကျန်းမာမှုကိုလို်အပ်ပါတယ်။
ဆေးဝါးတွေတင်မဟုတ် လွတ်လပ်တဲ့အနုပညာတွေနဲ့ပါ လူတွေရဲ့နှလုံးသားကို ကုသပြီး နာလန်ထူပေးရမှာဖြစ်ပါတယ် ” လို့ သူက ဆိုခဲ့ဖူးပါတယ်။
Credit \\ original


