ဝတ်မှုံရွှေရည်ရဲ့ စနောက်မှုကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်အောင်ကို လန့်သွားခဲ့တဲ့ နေတိုး
ပရိသတ်တွေချစ်တဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်က အနုပညာလောကမှာတော့ အောင်မြင်တဲ့ မင်းသားနဲ့ မင်းသမီးပါပဲ။
ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်ပြီး အတွဲညီလွန်းတဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ရုပ်ရှင် ဗီဒီယိုဇာတ်ကားတွေကလဲ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုများစွာကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာလဲ နေတိုးနဲ့ ဝတ်မှုံရွှေရည်က အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ သရုပ်ဆောင်ထားတဲ့ “နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးကလည်း လက်တလော ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေတာ ဖြစ်ပါတယ်။ “နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ကို ချစ်စရာကောင်းပြီး ရယ်ရတဲ့ ကာရိုက်တာတွေနဲ့ တွေ့မြင်ရတာ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့က “နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးစဉ်က အမှတ်တရတွေကို ပြောပြခဲ့ကြပါတယ်။ နေတိုးတစ်ယောက် အမှတ်တရတွေကို ပြောပြနေစဉ် ဝတ်မှုံရွှေရည်တစ်ယောက် စနောက်ခဲ့တာကြောင့် နေတိုးတစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး တော်တော်လေး လန့်သွားတာကို တွေ့ရပါတယ်။
ဝတ်မှုံရွှေရည်ကြောင့် လန့်ဖြန့်သွားခဲ့ရတဲ့ နေတိုး
ဝတ်မှုံရွှေရည်ကတော့ ကိုနေတိုးကို ကြံကြံဖန်ဖန်ကို စတာပဲနော်။ နေတိုးခမျာ ပင့်ကူမကြောက်ဘူးလို့ ပြောမိကာမှ ဝတ်မှုံရွှေရည် ထအော်တာကြောင့် တော်တော်လေး လန့်သွားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေလည်း နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
RowenaSource: နှစ်ပါးသွား Update
Credit \\ original