Zawgyiဖြင့်ဖတ်ရန်
တစ်ယောက်တည်း ပြုံးမိပါရဲ့…ဩော် အော်တိုစနစ်တွေ ဘာတွေတပ်ပေးထားတာကိုး လို့…တော်သေးတယ်ဘယ်သူမှ မသိလို့…လူကြား သူကြားဆိုအရှက်ကွဲဦးမယ်ကိုယ့်
တောသားထင်နေဦးမယ်
Unicodeဖြင့်ဖတ်ရန်
လူပုဂ္ဂိုလ်တွေ မပြောနဲ့၊ ရဟန်းတော်တွေတောင်ချီးကျူးနေရတဲ့ မန်းမြို့တော်ဝန်
ဒီနေ့ မဟာမြတ်မုနိဘုရားပွဲ ကအပြန်အရေးကိစ ္စကြုံလာတာနဲ့ကျုံးဘေး ၂၆/၂၇ ကြား၊လမ်း၇၀ ပေါ်က Toiletကိုဝင်ဖြစ်တယ် ။ဆောက်ထားတာသန့်ရှင်းတယ် သပ်ရပ်တယ်၊
ခေတ်မီတယ်၊ အဆင့်တန်းရှိတယ်။ အသုံးပြုရတာ စိတ်ချမ်းသာတယ်။ ရှင်းရှင်းပြောရရင် ကိုယ့်ကျောင်းမှာ အသုံးပြုနေတဲ့ Toiletတောင် ဒီလောက်မသန့်ရှင်းနိုင်ဘူး၊
ဒီလောက်လည်း မကောင်းဘူး၊ပြည်သူအများစု အတွက်လည်းဒီလိုပဲ ခံစားမိမယ် ထင်တယ်၊သန့်ရှင်းရေးဝန်ထမ်းေ တွနဲ့ဝန်ဆောင်မှု အပြည့်ပေးထားတယ်။
သက်ကြီးရွယ်အို အဖိုးအဖွားတွေ ကျန်းမာရေးမကောင်းသူတွေ လာရင်ဝန်ထမ်းလေးတွေက ဖေးကူပြီးတွဲပို့တာတောင် တွေ့ခဲ့ရတယ်။မိမိတို့သံဃာတွေအတွက်တော့
သီးသန့်အခန်း စီစဉ်ပေးထားတယ်၊ပစ္စည်းတွေကလည်း ကောင်းတယ်၊
aircon နဲ့ ဘာနဲ့ အေးလို့ စိမ့်လို့၊ကြွေပြားတွေလည်း ခင်းထားလိုက်တာပြောင်လို့ ဝင်းလို့…ကိစ္စဝိစ္စပြီး
လက်ဆေးဖို့ဘေစင်မှာ ခလုတ်လိုက်ရှာတယ်၊လက်က ဟိုစမ်းဒီစမ်းနဲ့…ရေဘားအောက် လက်ရောက်တာနဲ့ရုတ်တရက် ရေက အလိုလိုကျလာတယ်။
တစ်ယောက်တည်း ပြုံးမိပါရဲ့…ေဩာ် အော်တိုစနစ်တွေ ဘာတွေတပ်ပေးထားတာကိုး လို့…တော်သေးတယ်ဘယ်သူမှ မသိလို့…လူကြား သူကြားဆိုအရှက်ကွဲဦးမယ်ကိုယ့်
တောသားထင်နေဦးမယ်
…ခုလို လမ်းဘေးသန့်စင်ခန်းတွေဖွင့်ပေးထားတာ သိပ်ကောင်းပါတယ် ၊မြို့ခံလူထုအတွက်ရော ကမ္ဘာ့လှည့် ခရီးသွားတွေအတွက်ရောသိပ်အဆင်ပြေတယ်
အရေးဟဲ့ အကြောင်းဟဲ့ ဆိုလွယ်လွယ်ကူကူ အသုံးပြုနိုင်တယ်။ မန္တလေးမှာ တိုးတက်ပြောင်းလဲမှုတွေက သိပ်မြန်ပါတယ်၊ပြောမယ်ဆို အများကြီးပါဘဲ။
မန္တလေးမြို့တော်ဝန်နဲ့မန်းတိုင်းဝန်ကြီးချုပ်တို့ကိုလည်း စိတ်ထဲက ကျေးဇူးတင်မိတယ်…အသက်ရှည် ကျမ္မာကြပါစေ…ဘေးရန်ကင်းကြပါစေ တိုင်းကျိုးပြည်ကျိုး ဆထက်တိုးပြီး
ဆောင်ရွက်နိုင်ပါစေလို့လည်းေ မတ္တာပို့မိပါတယ်… ကိုယ့်ဓာတ်ပုံကိုယ် မတင်ချင်လှသော်လည်း ဒီကနေ့တော့ဖြင့်မန္တလေးအတွက်ဂုဏ်ယူစွာကြွားချင်လွန်းပါသဖြင့်ကပ္ပိယကျောင်းသားကို
ရိုက်ခိုင်းပြီးToiletရောက် အမှတ်တရ တင်လိုက်ရပါကြောင်း။
Credit:အရှင် ပညိဿရာ လင်္ကာရ