ဖြူဖွေးချောမွတ်တဲ့ အသားအရေကို အထင်းသားမြင်တွေ့နေရပြီး စွဲမက်ဖွယ်ကောက်ကြောင်းအလှကို ပြသလိုက်တဲ့ ခင်သဇင်
“Now and Ever” ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးခင်သဇင်ကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်…။ သူမဟာဆိုရင် ချစ်ဖို့ကောင်းပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပမှုကြောင့် လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ အမျိုးသားပရိသတ်အများဆုံးရရှိထားတာပါ…။
ခင်သဇင်က သဘောထားပြည့်ဝပြီး ပရဟိတလုပ်ငန်းတွေကိုလည်း စိတ်ရောကိုယ်ပါ လူကိုင်တတ်သူမလို့ တတိုင်းပြည်လုံးရှိပရိသတ်တွေက ချစ်ခင်ဝန်းရံနေကြတာဖြစ်ပါတယ်..။ခင်သဇင်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ Mrtv-4 ဇာတ်လမ်းတွဲ အသစ်နှစ်ခုအတွက် ပြင်ဆင်ရိုက်ကူးပေးနေတာဖြစ်ပါတယ်..။ သူမရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တို့အနေနဲ့ စောင့်မျှော်ကြည့်ရှုခံစားကြရတော့မှာပါနော်..။ ခင်သဇင်ရဲ့ ဇာတ်ပို့သရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးကိစ္စတွေကိုလည်း တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်…။
သူမရဲ့ ရေကူးဝတ်စုံနဲ့ပုံရိပ်လေးတွေဟာဆိုရင်လည်း မြင်သူတိုင်းကို စွဲမက်စေတာပါ..။ခင်သဇင်က ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ Page တွင် “Mrtv-4″မှာ သူမပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ တင်ဆက်ပြသတော့မှာဖြစ်ကြောင်းကို ဆွဲဆောင်မှုရှိလှတဲ့ ပုံရိပ်လေးတွေနဲ့ ထုတ်ဖော်ပြသထားပြိး Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
Credit \\ original