သားလေးအိပ်နေတဲ့ပုံလေးကို တစိမ့်စိမ့်ကြည့်ပြီး အာဘွားတွေပေးကာ အရမ်းချစ်နေတဲ့ မေမေမိုးယုစံ
ပရိသတ်ကြီးရေ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ မိုးယုစံကတော့ မိသားစုဘဝလေးကိုတည်ဆောက်ထားတာကြောင့် အချိန်ပြည့်ဂရုစိုက်ပေးနေရင်း ချစ်ရတဲ့သူတွေနဲ့အတူ ပျော်ရွှင်စွာနေထိုင်နေတာပဲဖြစ်ပါတယ်။မိုးယုစံကတော့ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပေမယ့် ပြန်လည်လုပ်ဆောင်ဖို့တော့ရှိပါတယ်နော်။
မိုးယုစံကတော့ သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်မိခင်ဖြစ်ပါတယ်။မိုးယုကတော့ သားလေးကို ကောင်းသိင်္ခမိုးသူလို့ နာမည်လှလှလေးပေးထားပြီး သားလေးကလည်း မေမေနဲ့တူလို့ ချစ်မွှေးလေးပါကာ အရမ်းချစ်စရာကောင်းပါတယ်နော်။သားလေးကတော့ မူကြိုကျောင်းလည်းတက်နေပြီဖြစ်ပြီး ဉာဏ်အရမ်းကောင်းတာကြောင့် ကျောင်းမှာလည်းဆုတွေရပါတယ်နော်။
မိုးယုကတော့ သားလေးကို သိတတ်လိမ္မာပြီးထူးချွန်ထက်မြက်တဲ့သားလေးဖြစ်အောင်သေချာပြုစုပျိုးထောင်ပေးနေတာဖြစ်ပါတယ်။သားလေးကလည်း ချစ်စဖွယ်အပြုအမူလေးတွေနဲ့ အသည်းယားအောင်လုပ်တတ်တာကြောင့် တစ်အိမ်လုံးရဲ့အသည်းကျော်လေးဖြစ်တဲ့အပြင် မိုးယုရဲ့ပရိသတ်တွေကလည်း သားလေးကိုအရမ်းချစ်ကြပါတယ်။အခုဆိုရင်တော့ မိုးယုက သားလေးအိပ်နေတဲ့ပုံလေးကို တစိမ့်စိမ့်ကြည့်ပြီး အာဘွားတွေပေးကာ ချစ်မဝဖြစ်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလာပါတယ်နော်။
Credit \\ original