တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ ဖက်ရှင်ဒီဇိုင်းအဆန်းလေးတွေကိုဝတ်ဆင်ပြီး ပုဂံမြေမှာလျှောက်လည်ခဲ့တဲ့ ရွှေကစ်လေး
မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ဝါဂွမ်းလေးလို ဖြူဥတဲ့အသားအရေလေးနဲ့ နတ်သမီးလေးတစ်ပါးလို လှသွေးကြွယ်လွန်းသူလေး ဖြစ်ပါတယ်။ ကိုရီးယားမလေးလို့တောင် ထင်မှတ်ရတဲ့ ရွှေကစ်လေးက အလှအပရေးရာနဲ့ ပတ်သက်ရင် ပြိုင်ဘက်ကောင်းလောက်အောင် ထင်ပေါ်ကျော်ကြားနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရွှေကစ်က သူမတူတဲ့ အခမ်းနားဆုံးဖက်ရှင်တွေကို ဝတ်ဆင်တတ်တာကြောင့် ဖက်ရှင်ဘုရင်မလေးလို့တောင် တင်စားခေါ်ဝေါ်ခြင်းခံနေရတာ ဖြစ်ပါတယ်။လက်ရှိမှာတော့ ရွှေကစ်လေးက ဖြုံဘူးရွာဓလေ့တွေကို ကွင်းဆင်းလေ့လာခဲ့ပြီး ပုဂံမြေကို ဆက်လက်ခရီးထွက်ခဲ့ပါတယ်။ အလုပ်တွေပင်ပန်းခဲ့သမျှကို ပုဂံမြေမှာ စိတ်လွတ်ကိုယ်လွတ် အနားယူအပန်းဖြေနေတဲ့ ရွှေကစ်လေးက သူမရဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေထားပါတယ်။
အခုလည်း ရွှေကစ်က မြန်မာတို့ရဲ့ပုဂံမြေပေါ်မှာ နတ်သက်ကြွေလာတဲ့ အလှမိမယ်လေးတစ်ဦးလို အလှတွေဖြာနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ရွှေကစ်လေးက မတူညီတဲ့ဖက်ရှင်ဒီဇိုင်းလေးတွေကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ဝတ်ဆင်ပြီး ပုဂံမြေမှာ လျှောက်လည်ခဲ့တာပဲ ဖြစ်ပါတယ်။ နေရာဒေသနဲ့ကိုက်ညီအောင် ဝတ်စားဆင်ယင်တတ်ပြီး ဖက်ရှင်ကျလွန်းတဲ့ ရွှေကစ်လေးကိုတော့ ပရိသတ်တွေက ချစ်ပြီးရင်းချစ်နေရတာ ဖြစ်ပါတယ်။
ကဲ ချစ်ပရိသတ်တွေအတွက် ပုဂံမြေမှာ လည်ပတ်ရင်းပျော်ရွှင်နေတဲ့ မင်းသမီးချောလေး ရွှေကစ်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Credit \\ original