(၅)ဆန်မာရီယို
(၄)ကျူဗာလု
(၃)နာယူရု
(၂)မိုနာကို
(၁)ဗာတီကန်စီးတီး
Credit \\ original
Unicode
အားလုံးပေါင်းလိုက်ရင် ရန်ကုန်မြို့လောက်တောင်မရှိတဲ့ ကမ္ဘာ့အသေးဆုံး (၅)နိုင်ငံ
မြန်မာနိုင်ငံကြီးက တော်တော်ကျယ်တော့ ကိုယ်ဒေကိုယ်တောင် နှံ့အောင်မရောက်ဖူးကြပါဘူး။ တကယ့်တော့ နိုင်ငံတော်တော်များများမှာ ဒီပြဿနာက ရှိပါတယ်။ ဒါဆို နိုင်ငံအနှံ့နေရာစုံ ရောက်ဖူးတဲ့နိုင်ငံမရှိတော့ဘူးလား။ မဟုတ်ပါဘူး။ အခုပြောပြမယ့် နိုင်ငံတွေက နိုင်ငံသားအများစုကတော့ သူတို့နိုင်ငံအနှံ့ကို တစ်နေ့တည်းနဲ့ ပတ်နိုင်မှာပါ။ အကြောင်းကတော့ ကမ္ဘာ့အသေးဆုံး (၅)နိုင်ငံမလို့ပါပဲ။
(၅)ဆန်မာရီယို
တော်တော်များများက အီတလီရဲ့မြို့လို့ အမှတ်မှားနေတဲ့ ဆန်မာရီယိုဟာ အီတလီတစ်နိုင်ငံလုံးက ဝန်းရံထားတဲ့ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုပါ။ အကျယ်က (၆၁)ကီလိုမီတာစကွဲရှိပြီး၊ လူဦးရေ (၃၀၀၀၀)ကျော် နိုင်ငံမှာ နေထိုင်ကြပါတယ်။ အလုပ်အကိုင်မဲ့ မရှိသလောက်ရှားတဲ့နိုင်ငံဖြစ်သလို ဥရောပရဲ့ တတိယအသေးဆုံးနိုင်ငံ၊ ကမ္ဘာ့အသေးဆုံး နံပါတ် (၅)ပါ။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံထဲက တစ်ခုဆိုလည်း မမှားပါဘူး။
(၄)ကျူဗာလု
နိုင်ငံမြေပုံကို ဆွဲခိုင်းရင်တော်တော်လေးလွယ်မှာပါ။ ရှည်ရှည်မျောမျောပုံစံလေးနဲ့ ကျူဗာလုဟာ သြစတြေးလျနိုင်ငံမြောက်ဘက်ပိုင်း ပစိဖိတ်သမုဒ္ဒရာထဲမှာရှိပါတယ်။ လူဦးရေ (၁)သောင်းကျော်နဲ့ (၁၉၇၈)ကမှ လွတ်လပ်ရေးရထားတာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ဖို့ချည်းပဲ လာတဲ့သူတွေက (၂၀၀၀)ကျော်လောက်ရှိပြီး၊ နိုင်ငံသားတွေဟာ (၂၆)ကီလိုမီတာစကွဲအကျယ်ရှိတဲ့နေရာလေးမှာ တူတူနေကြပါတယ်။
(၃)နာယူရု
နာယူရုက ကျွန်းလေးတစ်ကျွန်းပဲဖြစ်ပြီး၊ ဖော့စဖိတ်တွေထွက်တဲ့နောက် (၁၉၈၀)မှာ တူးဖော်ရေးတွေထောင်ပြီး နိုင်ငံသားတွေအားလုံးဟာ အဲဒီမှာအလုပ်လုပ်ခဲ့ကြပါတယ်။ နောက်တော့ တူးဖော်ရေးတွေရပ်သွားခဲ့ပြီး၊ နိုင်ငံသားရဲ့ (၉၀)ရာခိုင်နှုန်းလောက်က အလုပ်လက်မဲ့ဖြစ်သွားပါတယ်။ (၁၀)ရာခိုင်နှုန်းလောက်က အစိုးရဝန်ထမ်းပါ။ အားလုံးနီးပါးအဝလွန်နေကြပြီး၊ (၂၁)ကီလိုမီတာစကွဲပဲအကျယ်ရှိတဲ့နိုင်ငံလေးဟာ ခရီးသွားတွေတော့ သဘောကျပါတယ်တဲ့။
(၂)မိုနာကို
မိုနာကိုကို တော်တော်များများက ပြင်သစ်ရဲ့မြို့လိုအထင်မှားကြပါတယ်။ တကယ်တော့ သီးသန့်အချုပ်အချာနဲ့ ရပ်တည်နေတဲ့နိုင်ငံတစ်ခုပါ။ ကမ္ဘာ့အချမ်းသာဆုံးလူအများစုနေထိုင်ကြပြီး၊ (၂)ကီလိုမီတာစကွဲ တစ်မိုင်ကျော်ပတ်ချာလည်လေးမှာ လူ(၃)သောင်းလောက်နေကြပါတယ်။ ဇိမ်ခံမြို့တော်လို့ ခေါ်လိုရပြီး နာမည်ကြီးတွေ အကုန်လာတဲ့နေရာပါ။ ဖော်မြူလာဝမ်းပြိုင်ပွဲက တစ်မြို့လုံးရဲ့အသည်းစွဲပါပဲ။
(၁)ဗာတီကန်စီးတီး
သူကတော့ ပုပ်ရဟန်းမင်းကြီးနေတဲ့မြို့ပါ။ ကမ္ဘာ့အသေးဆုံးပါပဲ။ (ဝ.၄၄)ကီလိုမီတာစကွဲဆိုတော့ (၂)ဖာလုံပတ်လည်ပဲ ရှိပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ရိုမန်ကတ်သလစ်ချက်ချောင်း (၁)ဘီလျံလောက်ရဲ့ အချုပ်ပါ။ သူကအီတလီ၊ ရောမရဲ့ အတွင်းထဲမှာ ရှိပြီး နိုင်ငံအဖြစ် သီးသန့် သတ်မှတ်ထားပါတယ်။
Credit \\ original