Latest Posts

တစ္ကိုယ္ေတာ္ခရီးထြက္ဖုိ႔ဆံုးျဖတ္လိုက္ျပီဆုိရင္ မပါမျဖစ္ယူသြားသင့္တဲ့ ပစၥည္း(၅)မ်ိဳး



သူငယ္ခ်င္းေတြနဲ႔မွ စုျပီး ခရီးသြားမယ္လို႔ ဆံုးျဖတ္လိုက္ရင္ စိတ္ခ်ပါ။ ဒီတစ္သက္ခရီးသြားရေတာ့မွာ မဟုတ္ပါဘူး။ ကိုယ္က တစ္ေယာက္တည္းလည္း ကိစၥမရွိဘူး ခရီးသြားဖို႔ ရယ္ဒီပဲဆိုရင္ေတာ့ နည္းနည္းေလး အကူအညီေပးခ်င္ပါတယ္။ တစ္ေယာက္တည္းခရီးသြားဖို႔လိုအပ္တဲ့ ပစၥည္းေလးေတြအေၾကာင္းပါ။ နည္းနည္းေလးေတာ့ ဆန္းေနပါလိမ့္မယ္။

(၅)တိုလီမိုလီထည္႔တဲ့အိတ္
ပံုမွာျပထားတဲ့ အိတ္ကို ေတာ္ေတာ္မ်ားမ်ားျမင္ဖူးေနပါလိမ့္မယ္။ ဟုတ္ပါတယ္။ ခရီးသြားတဲ့သူေတြအတြက္ အေသးအဖြဲ႔ေလးေတြကို ထည္႔တဲ့အခါမွာ ေနာက္ဆံုးစမ္းသပ္ျပီးစနစ္တက်ထုတ္ထားတဲ့ အိတ္က ကိုယ့္ရဲ႕ခရီးေဆာင္ ေက်ာပိုးအိတ္၊ ဒါမွမဟုတ္ လက္ဆြဲအိတ္မွာ ေနရာေသးေသးေလးနဲ႔ အမ်ားၾကီးဆန္႔ေအာင္ကူညီပါလိမ့္မယ္။ ပစၥည္းေသးေတြအမ်ားၾကီးကို အကန္႔လိုက္ထည္႔လို႔ရတဲ့အတြက္ သင့္ေတာ္တာအကုန္ထည္႔ႏိုင္ပါတယ္။



(၄)ပါ၀ါဘန္႔နဲ႔နားၾကပ္
ေသခ်ာတာက ဒီႏွစ္ခုက တစ္ေယာက္တည္းခရီးသြားမွာ ေသခ်ာရင္ လိုကိုလိုပါတယ္။ ဖုန္းအားကုန္တာက ေနရာတိုင္းမွာ အဆင္ေျပေျပသြင္းဖို႔ မျဖစ္ႏုိင္ပါတယ္။ ကိုယ့္ရဲ႕ အစီအစဥ္ေတြေတာ္ေတာ္မ်ားမ်ားကို ဖုန္းနဲ႔ ဆက္သြယ္ျပီး လုပ္ရမွာေတြ ရွိတဲ့အတြက္ ပါ၀ါဘန္႔လိုပါတယ္။ နားၾကပ္ကေတာ့ တစ္ေယာက္တည္းသြားတဲ့အခါမွာ အလိုဆံုးအရာျဖစ္တာကို ခရီးစဥ္အတြင္းမွာမွသိပါလိမ့္မယ္။



(၃)ကင္မရာ
ေတာ္ေတာ္မ်ားမ်ားက ဖုန္းနဲ႔ခုရိုက္ခုတင္လုပ္ခ်င္ၾကပါတယ္။ မွန္ပါတယ္။ ကင္မရာက တစ္ေယာက္တည္းသြားတဲ့အခါမွာပိုျပီးအဆင္ေျပတာက ဓာတ္ပံုရိုက္ဖို႔ကို ၾကိဳက္တဲ့ေနရာမွာ အခ်ိန္မွတ္ျပီး အလန္းစားပံုေတြကိုအကူအညီမလိုဘဲ ရိုက္လို႔ရတာပါ။ ေတြ႔တိုင္းကို တျဖတ္ျဖတ္နဲ႔ ရိုက္ေနလို႔ရသလို ကိုယ္ျမင္တဲ့အတိုင္းကို စမတ္က်က် မွတ္ထားလို႔ရပါတယ္။ ဖုန္းလိုအခ်ိန္မေရြးျပန္မၾကည္႔ျဖစ္ဘဲ နားတဲ့အခ်ိန္မွျပန္ၾကည္႔လိုက္တဲ့အခါ ပိုလန္းတဲ့ျမင္ကြင္းေတြရိုက္ခဲ့တာကို ေတြ႔ရပါလိမ့္မယ္။



(၂)ခရီးသြားဖိနပ္
ျမန္မာႏိုင္ငံမွာေတာ့ လံုးေခ်ဖိနပ္လို႔ သိၾကပါတယ္။ ေဒသအရ ဘုရားေပၚတက္ရတဲ့အခါေတြမွာ ဖိနပ္ခၽြတ္ရတာရွိပါတယ္။ လက္ကကိုင္သြားဖို႔အဆင္မေျပတဲ့အခါမ်ိဳးမွာ ကိုယ့္အိတ္ထဲက တစ္ေနရာကိုလံုေခ်ျပီးထည္႔ထားလို႔ ရသလို ျပန္စီးတဲ့အခါမွာလည္း ဘြတ္ဖိနပ္လို စတိုင္အျပည္႔နဲ႔ စီးလို႔ရမွပါ။ ဒါဆို ခရီးသြားရင္ ဖိနပ္တစ္ရံ၀ယ္စီးေနရတဲ့အျဖစ္က လြတ္သြားပါျပီ။



(၁)ရင္လြယ္အိတ္
အခုေျပာမယ့္အိတ္က ခရီးေဆာင္အိတ္နဲ႔ မဆိုင္တဲ့အိတ္ပါ။ ဖုန္း၊ ကင္မရာ၊ နားၾကပ္၊ ပိုက္ဆံအိတ္၊ ပါ၀ါဘန္႔ စတဲ့ ဟိုတယ္မွာထားခဲ့လို႔မရတဲ့ ပစၥည္းေတြကို ေဘးလြယ္အိတ္လို၊ ဒါမွမဟုတ္ လည္ပင္းမွာ ဆြဲရတဲ့အိတ္လို ေသေသးတစ္ခုပါ။ အကုန္လံုးကို အိတ္ထဲ ထည္႔ထားျပီး၊ ဟုိတယ္အျပင္ကိုထြက္တဲ့အခါ ယူသြားလိုပ္ရံုပါပဲ။ ကိုယ္သြားမယ့္ေဒသက အ၀တ္အစားေပါတယ္ဆိုရင္ ပိုက္ဆံအပိုယူသြားျပီး ဒီအိတ္တစ္လံုးနဲ႔ေတာင္ျဖစ္ပါတယ္။



Credit  \\  original

Unicode

တစ်ကိုယ်တော်ခရီးထွက်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် မပါမဖြစ်ယူသွားသင့်တဲ့ ပစ္စည်း(၅)မျိုး

သူငယ်ချင်းတွေနဲ့မှ စုပြီး ခရီးသွားမယ်လို့ ဆုံးဖြတ်လိုက်ရင် စိတ်ချပါ။ ဒီတစ်သက်ခရီးသွားရတော့မှာ မဟုတ်ပါဘူး။ ကိုယ်က တစ်ယောက်တည်းလည်း ကိစ္စမရှိဘူး ခရီးသွားဖို့ ရယ်ဒီပဲဆိုရင်တော့ နည်းနည်းလေး အကူအညီပေးချင်ပါတယ်။ တစ်ယောက်တည်းခရီးသွားဖို့လိုအပ်တဲ့ ပစ္စည်းလေးတွေအကြောင်းပါ။ နည်းနည်းလေးတော့ ဆန်းနေပါလိမ့်မယ်။

(၅)တိုလီမိုလီထည့်တဲ့အိတ်
ပုံမှာပြထားတဲ့ အိတ်ကို တော်တော်များများမြင်ဖူးနေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ခရီးသွားတဲ့သူတွေအတွက် အသေးအဖွဲ့လေးတွေကို ထည့်တဲ့အခါမှာ နောက်ဆုံးစမ်းသပ်ပြီးစနစ်တကျထုတ်ထားတဲ့ အိတ်က ကိုယ့်ရဲ့ခရီးဆောင် ကျောပိုးအိတ်၊ ဒါမှမဟုတ် လက်ဆွဲအိတ်မှာ နေရာသေးသေးလေးနဲ့ အများကြီးဆန့်အောင်ကူညီပါလိမ့်မယ်။ ပစ္စည်းသေးတွေအများကြီးကို အကန့်လိုက်ထည့်လို့ရတဲ့အတွက် သင့်တော်တာအကုန်ထည့်နိုင်ပါတယ်။

(၄)ပါဝါဘန့်နဲ့နားကြပ်
သေချာတာက ဒီနှစ်ခုက တစ်ယောက်တည်းခရီးသွားမှာ သေချာရင် လိုကိုလိုပါတယ်။ ဖုန်းအားကုန်တာက နေရာတိုင်းမှာ အဆင်ပြေပြေသွင်းဖို့ မဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အစီအစဉ်တွေတော်တော်များများကို ဖုန်းနဲ့ ဆက်သွယ်ပြီး လုပ်ရမှာတွေ ရှိတဲ့အတွက် ပါဝါဘန့်လိုပါတယ်။ နားကြပ်ကတော့ တစ်ယောက်တည်းသွားတဲ့အခါမှာ အလိုဆုံးအရာဖြစ်တာကို ခရီးစဉ်အတွင်းမှာမှသိပါလိမ့်မယ်။

(၃)ကင်မရာ
တော်တော်များများက ဖုန်းနဲ့ခုရိုက်ခုတင်လုပ်ချင်ကြပါတယ်။ မှန်ပါတယ်။ ကင်မရာက တစ်ယောက်တည်းသွားတဲ့အခါမှာပိုပြီးအဆင်ပြေတာက ဓာတ်ပုံရိုက်ဖို့ကို ကြိုက်တဲ့နေရာမှာ အချိန်မှတ်ပြီး အလန်းစားပုံတွေကိုအကူအညီမလိုဘဲ ရိုက်လို့ရတာပါ။ တွေ့တိုင်းကို တဖြတ်ဖြတ်နဲ့ ရိုက်နေလို့ရသလို ကိုယ်မြင်တဲ့အတိုင်းကို စမတ်ကျကျ မှတ်ထားလို့ရပါတယ်။ ဖုန်းလိုအချိန်မရွေးပြန်မကြည့်ဖြစ်ဘဲ နားတဲ့အချိန်မှပြန်ကြည့်လိုက်တဲ့အခါ ပိုလန်းတဲ့မြင်ကွင်းတွေရိုက်ခဲ့တာကို တွေ့ရပါလိမ့်မယ်။

(၂)ခရီးသွားဖိနပ်
မြန်မာနိုင်ငံမှာတော့ လုံးချေဖိနပ်လို့ သိကြပါတယ်။ ဒေသအရ ဘုရားပေါ်တက်ရတဲ့အခါတွေမှာ ဖိနပ်ချွတ်ရတာရှိပါတယ်။ လက်ကကိုင်သွားဖို့အဆင်မပြေတဲ့အခါမျိုးမှာ ကိုယ့်အိတ်ထဲက တစ်နေရာကိုလုံချေပြီးထည့်ထားလို့ ရသလို ပြန်စီးတဲ့အခါမှာလည်း ဘွတ်ဖိနပ်လို စတိုင်အပြည့်နဲ့ စီးလို့ရမှပါ။ ဒါဆို ခရီးသွားရင် ဖိနပ်တစ်ရံဝယ်စီးနေရတဲ့အဖြစ်က လွတ်သွားပါပြီ။

(၁)ရင်လွယ်အိတ်
အခုပြောမယ့်အိတ်က ခရီးဆောင်အိတ်နဲ့ မဆိုင်တဲ့အိတ်ပါ။ ဖုန်း၊ ကင်မရာ၊ နားကြပ်၊ ပိုက်ဆံအိတ်၊ ပါဝါဘန့် စတဲ့ ဟိုတယ်မှာထားခဲ့လို့မရတဲ့ ပစ္စည်းတွေကို ဘေးလွယ်အိတ်လို၊ ဒါမှမဟုတ် လည်ပင်းမှာ ဆွဲရတဲ့အိတ်လို သေသေးတစ်ခုပါ။ အကုန်လုံးကို အိတ်ထဲ ထည့်ထားပြီး၊ ဟိုတယ်အပြင်ကိုထွက်တဲ့အခါ ယူသွားလိုပ်ရုံပါပဲ။ ကိုယ်သွားမယ့်ဒေသက အဝတ်အစားပေါတယ်ဆိုရင် ပိုက်ဆံအပိုယူသွားပြီး ဒီအိတ်တစ်လုံးနဲ့တောင်ဖြစ်ပါတယ်။

Credit  \\  original