Latest Posts

ရေချိုရရှိဖို့ အန္တာတိက ရေခဲတောင်ကို ဆွဲယူဖို့ လုပ်နေတဲ့ ယူအေအီးရဲ့ မဟာအစီအစဉ်


သောက်သုံးရေချို ရရှိဖို့ ယူအေအီးမှာ ဒီ အစီအစဉ်ဟာ ပလန်ချထားတာ နှစ်နှစ်လောက်တော့ ရှိပါပြီ။တော်တော်များများကတော့ လူတွေ သောက်သုံးနိုင်ဖို့ ပင်လယ်ဆားငန်ရေကို သန့်စင်တာကို အကြံပြုကြပေမယ့် ဒါဟာ ယူအေအီး စော်ဘွားတွေအတွက် အရမ်းကို လွယ်ကူနေပါတယ်။ဒါကြောင့် သူတို့ဟာ ရေချိုရရှိရေးအတွက် ဆွဲယူဖို့ လုပ်နေပါပြီ။

ဟုတ်ပါတယ်၊ ရေချိုကို ဆွဲယူမှာပါ။ အီကွေတာအထက် အန္တာတိကကမ်းရိုးတန်းအလွန် ကီလိုမီတာ ၁၀၀၀ ခန့်က ရေခဲတောင်ကို ဆွဲယူမှာပါ။ ဒါဟာ သူတို့အတွက်တော့ သောက်သုံးရေချို ရရှိနိုင်ရေး အခြေခံ အတွေးအခေါ်ပါပဲ။



ဒါကို တော်တော်များများကတော့ ရယ်စရာ လုပ်ပစ်ကြမှာ ဖြစ်ပေမယ့် စော်ဘွားတွေကတော့ ရှေ့ဆက်ဖို့ပဲ စိုင်းပြင်းနေပါတယ်။လက်ခံနိုင်စရာ မရှိတဲ့ ဒီ အစီအစဉ်ရဲ့ အကြိုစမ်းသပ်မှုတွေကိုတောင် ပြီးခဲ့တဲ့ နှစ်က လုပ်ဆောင်ထားပြီးပါပြီ။
ယူအေအီး စော်ဘွားတွေဟာ အန္တာတိကက ရေခဲတောင်ကျွန်းမျောကို သြစတြေးလျ အနောက်ကမ်းရိုးတန်း ဒါမှမဟုတ် တောင်အာဖရိက အရှေ့ကမ်းရိုးတန်းဆီ ဆွဲလာဖို့ လုပ်တော့မှာပါ။ ဒီ လုပ်ငန်းရဲ့ စမ်းသပ်မှုကတင် အမေရိကန်ဒေါ်လာ သန်း ၈၀ ကုန်ကျမှာ ဖြစ်ပါတယ်။



သူတို့ ဆွဲယူမယ့် ရေခဲတောင်ဟာ ဟာ့ဒ်ကျွန်းက ဖြစ်တာမို့ ပိုင်ဆိုင်တဲ့ သြစတြေးလျရဲ့ ခွင့်ပြုချက်ရရင် ဆွဲယူဖြစ်တော့မှာပါ။“ကျွန်တော်တို့ရဲ့ သုတေသနအရတော့ ပင်လယ်ရေကို သန့်စင်တာထက် ရေခဲတောင်ကို ဆွဲယူတာက ပိုပြီး အကုန်အကျ သက်သာပါတယ်။”လို့ ယူအေအီး ရင်းနှီးမြုပ်နှံသူနဲ့ စွန့်ဦးတီထွင်သူ အယ်ရှီဟီက Euronews ကို ပြောပါတယ်။
“ရေသန့်စင်စက်ရုံတွေ ထောင်ဖို့က ရင်းနှီးမြုပ်နှံမှု များစွာ လိုပါမယ်။ ပင်လယ်ကွေ့ထဲက ရေကို စုပ်ယူရမှာ ဖြစ်တဲ့အတွက်လည်း ရေနေသတ္တဝါတွေ သေကျေကြရပါမယ်။”လို့ ၎င်းက ပြောပါတယ်။

“ရေခဲတောင်ကို ဆွဲယူပြီး သောက်သုံးရေအတွက် ဖြေရှင်းတာက စီးပွားရေးအရလည်း ပိုကောင်းသလို သဘာဝပတ်ဝန်းကျင်အတွက်လည်း ပိုပြီး အဆင်ပြေပါတယ်။ ဒါဟာ ယူအေအီးတစ်နိုင်ငံတည်းအတွက်သာ မကဘဲ တစ်ကမ္ဘာလုံးအတွက် အကျိုး ရှိစေမှာပါ။”လို့ ၎င်းက ပြောပါတယ်။
အကယ်၍ အရှည် နှစ်ကီလိုမီတာနဲ့ အကျယ် ၅၀၀ မီတာ ရှိတဲ့ ရေခဲတောင်ကျွန်းမျောကို ဆွဲယူနိုင်ရင် လူတစ်သန်းကို ငါးနှစ်တာ သောက်သုံးရေ ပေးဝေနိုင်မှာ ဖြစ်တယ်လို့ Daily Mail က ဖော်ပြပါတယ်။

Credit  \\  original