အဆိုးဝါးဆုံး အရယ်ရဆုံး ဆံပင်ဒီဇိုင်းများ
ဆံပင်ဟာ လူတွေရဲ့ သိသာထင်ရှားတဲ့ သွင်ပြင်လက္ခဏာတစ်ခုဖြစ်ပြီး ပြောချင်လွန်းလို့တို့လည်း ကိုယ့်ဆံပင်ပုံစံကို အလေးထားကြမှာပါ။ ဒါပေမယ့် လူတချို့ကတော့ ထင်ထင်ရှားရှားဖြစ်အောင် ဆံပင်ပုံစံတွေကို ထူးထူးဆန်းဆန်း ပြောင်းလဲလေ့ရှိပါတယ်။ တော်တော်ကို ဆိုးဆိုးရွားရွားပြောင်းလဲထားတဲ့ ဆံပင်ပုံစံတွေကို ပြောချင်လွန်းလို့တို့အတွက် စုစည်းဖော်ပြပေးပါရစေ။
၁. ဆံသဆရာ ပညာပြထားတဲ့ လက်ရာမှန်း သိသာမှာဖြစ်ပေမယ့် Ice Tea ထဲကို နွားနို့လောင်းထည့်လိုက်သလို ဖြစ်နေမှာတော့ အမှန်ပါပဲ။ ထင်ရှားတဲ့ ပါးသိုင်းမွှေးတွေက အသက်ပါ။
၂. နောက်ကလိုက်လာတဲ့လူကို မသက်မသာခံစားရစေမယ့် ကေပါ။ အင်အင်းပါနေတဲ့ ပုံကို လက်ရာမြောက်စွာ ဖန်တီးထားတာက ခေါင်းရဲ့နောက်ဘက်မှာဆိုတော့ ပိုင်ရှင်ကတော့ မှန်ကြည့်ရင်တောင် ခံစားရမယ် မဟုတ်ပါဘူး။
၃. နောက်ကနေ ကြည့်မိရင်တောင် အထင်ကြီးသွားစေမယ့် ဆရာကြီးကေအစစ်ပါ။ အထူအပါးကို သေသေချာချာ ဖန်တီးပေးခဲ့တဲ့ ဆံသဆရာကိုလည်း အထင်ကြီးစရာပါပဲ။ မျက်နှာနှစ်ဖက်ရှိသလို ထင်စေရမယ့် ပုံလည်းဖြစ်ပါတယ်။
၎. နှုတ်ခမ်းမွှေးကို တစ်ခုတည်း ထားရတာအားမရလို့များလား ကိုယ့်လူရယ်။ တော်တော်ကို မထော်မနန်းနိုင်တဲ့ ပုံဖြစ်ပြီး တွေ့ရတဲ့ သူတွေကတော့ အကြည့်ကို ခွာနိုင်မှာ မဟုတ်ပါဘူး။
၅. ပြင်လွန်းတော့ ဖင်ချွန်းဆိုသလို အရမ်းဂေါ်အောင် ကြိုးစားရင်းနဲ့ ဝက်သစ်ချသီးပုံပေါက်သွားစေမယ့် ကေပါပဲ။ အပြင်မှာ တစ်ခါလောက်တော့ မြင်ဖူးချင်ပါသေးတယ်။
၆. မီးကျွမ်းနေတဲ့ ခေါက်ဆွဲစားဦးမလား။ တကယ့်ကို အသင့်စားခေါက်ဆွဲဘူးတစ်ခုကို မြင်နေရသလို ဖြစ်အောင် ဖန်တီးထားသလား မှတ်ရပါတယ်။
၇. Dragon Ballz ကာတွန်းကားထဲက Saiyan တွေလိုပါပဲ။ ဒါပေမယ့် အပြင်မှာတော့ လူကြပ်ကြပ်ထဲ သိပ်သွားလို့ကောင်းမယ့် ပုံစံမဟုတ်ပါဘူး။ အခန့်မသင့်လို့ သူများမျက်လုံးကိုထိုးမိရင် ပြဿနာတက်နိုင်ပါတယ်။
၈. မရတော့ဘူး အရမ်းဂေါ်နေပြီ။ ဒီလိုပုံစံရဖို့ ဘယ်လောက်တောင် စိတ်ရှည်လက်ရှည် ပုံသွင်းလိုက်ရမလဲ။
အရမ်းဂေါ်သွားအောင် အခုပုံတွေထဲက ကြိုက်မိတဲ့ ဆံပင်ပုံစံလေးရှိရင် ပြေးပြောင်းလိုက်ဖို့ မမေ့နဲ့နော်။
Credit \\ original