Latest Posts

Miss တစ်ယောက်မှာရှိရမယ့်အရည်အချင်းတွေကိုပြောလိုက်တဲ့ သင်းသင်း



သင်းသင်းဟာဆိုရင် အနုပညာလောကထဲကို Miss တစ်ဦးအဖြစ်ဝင်ရောက်လာခဲ့တာကြာပြီဖြစ်ပြီး ဝေဠုကျော်နဲ့ အမှုကိစ္စကနေမှ ပရိသတ်တော်တော်များများကသူ့ကိုသိကြတာဖြစ်ပေမယ့် သင်းသင်းရဲ့ ဖြောင့်မတ်တဲ့စိတ်နေစိတ်ထားနဲ့ ပွင့်လင်းတဲ့ဟန်ပန်ကြောင့် ပရိသတ်တော်တော်များများက သင်းသင်းကိုအားပေးနေကြပါတယ်။



သင်းသင်းကအခုနောက်ပိုင်းမှာအတိုက်အခိုက်တွေကြားကနေပဲ အနုပညာအလုပ်တွေဆက်တိုက်လုပ်နေပါတယ်။ မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ သင်းသင်းက Miss ပြုင်ပွဲမှာ ဒိုင်လုပ်ဖြစ်တဲ့အကြောင်းနဲ့ Miss တစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့အရည်အချင်းတွေကိုပြောပြသွားပါတယ်။

အလှမယ် သင်းသင်းက လက်တလောအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “အနုပညာလှုပ်ရှားမှုအပိုင်းကတော့ အတိုက်အခိုက်လည်းအရမ်းများနေတယ်ဆိုတော့ အဆင်ပြေအောင်တော့ လှမ်းလျှောက်နေပါတယ်။

အခုဆိုရင် တော်တော်များများလည်းကူညီပါတယ်။ အစ်မတွေဆိုလည်းအရမ်းကူညီတယ်။ ဧဒင်လုပ်တဲ့ပွဲဆိုရင်လည်းအစ်မက တော်တော်လေးကိုယ်ချင်းစာပါတယ်။ မိန်းမအချင်းချင်းကိုယ်ချင်းစာတာပေါ့နော်။ ဇာတ်လမ်းတွဲတွေတော့ ရိုက်ဖို့ရှိနေပါသေးတယ်”လို့ ပြောပြထားပါတယ်။



ဧဒင်နွေရာသီဖက်ရှင်ပွဲအတွက် ဒိုင်လူကြီးအနေနဲ့ အမှတ်ပေးမယ့် အကြောင်းကို “ဒီပွဲတွေကတော့ ကိုယ်လည်းလျှောက်လာတာဆိုတော့ အမှတ်ကတော့ ဒီလိုပဲကြည့်ပေးရမှာပေါ့”လို့ ပြောပြထားပြီး Miss တစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့အရည်အချင်းတွေအကြောင်းကို “Miss တစ်ယောက်ရဲ့အရည်အချင်းကတော့ ဘယ်လိုပြောရမလဲ beauty ပေါ့နော်။ခန္ဓာကိုယ်အချိုးအစား Body ပေါ့။ ပြီးရင် Brain ရှိမယ်။အဲဒီသုံးမျိုးတော့ခံယူထားတယ်”လို့ ဖြေကြားထားပါတယ်။

သင်းသင်းက သင်္ကြန်မှာသူများသီချင်းတွေမဆိုချင်လို့ ဘာမှလုပ်ဖို့မရှိကြောင်း “အချို့အချို့တွေတော့ လာငှားကြပါတယ်။ ဒါပေမယ့် သူများသီချင်းတွေမဆိုချင်ဘူး။ဝယ်လည်းမဝယ်ချင်ဘူး။ ဆိုလည်းမဆိုချင်ဘူးပေါ့။ သင်ရင်တော့တတ်ပါတယ်။ ဒါပေမယ့် မဆိုချင်တာပေါ့။ လာပြီးတော့မေးတဲ့လူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့”ဆိုပြီး ပြောသွားခဲ့ပါတယ်။

Credit  \\  original