Zawgyiဖြင့်ဖတ်ရန်
(၁) ရေယုန်
(၂) ကာလသားရောဂါ
Unicodeဖြင့်ဖတ်ရန်
အကြင်နာပေးခြင်းမှ ကူးစက်နိုင်သော ရောဂါများ
ယနေ့ခေတ်ဟာ အရာရာခေတ်မီတိုးတက်လာခဲ့သလို ရောဂါများလည်း တိုးပွားလာခဲ့ပါတယ်။ ဒီတပါတ်မှာတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်တာက အနမ်းပေးခြင်းမှ ကူးစက်နိုင်တဲ့ ရောဂါများအကြောင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ချစ်သူစုံတွဲ အားလုံးနီးပါးဟာ တယောက်နဲ့ တယောက် ချစ်ကြည်စယ်နေကြစမြဲပဲဖြစ်ပါတယ်။ ဒီလိုနေ့စဉ်နဲ့အမျှ ချစ်ခင်ကြင်နာနေကြတဲ့ ချစ်သူစုံတွဲများထဲမှ အများစုဟာလည်း ကူးစက်ရောဂါများ ကူးစက်ခံနေရပါတယ်။ ပွေ့ဖက်ရုံနဲ့တော့ ကူးစက်ရောဂါဟာ မကူးစက်နိုင်ပေမယ့် နှုတ်ခမ်းချင်းထိမယ်ဆိုရင်တော့ ကူးစက်နိုင်ဖွယ်ရာ ရှိနေပါတယ်။ အကြင်နာပေးခြင်းမှ ကူးစက်နိုင်တဲ့ ရောဂါတွေကတော့
(၁) ရေယုန်
ရေယုန်ဟာ နှုတ်ခမ်းချင်းထိ နမ်းမိပါက ကူးနိုင်ချေရှိတဲ့ ကူးစက်ရောဂါတခုဖြစ်ပါတယ်။ ရေယုန် ရောဂါ ဟာ varicella zoster virus ကြောင့်ဖြစ်ပွားတာ ဖြစ်ပါတယ်။ အကြင်နာပေးခြင်းကနေတဆင့် ရေယုန်ရောဂါကူးစက်နိုင်တာကြောင့် သင့်ချစ်သူဆီမှာ ရေယုန်ဖြစ်ပွားနေလားဆိုတာ အရင် စစ်ဆေးကြည့်ဖို့တော့လိုမယ်နော်။
(၂) ကာလသားရောဂါ
ကာလသားရောဂါဟာ ကြောက်မက်ဖွယ် ရောဂါဆိုးတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။ သင့်ချစ်သူမှာ ကာလသားရောဂါ ဖြစ်ပွားနေပြီဆိုရင် နှုတ်ခမ်းချင်းထိ အကြင်နာပေးတာမျိုးကို ခနတာရှောင်ရှားသင့်ပါတယ်။ သင့်ချစ်သူရဲ့ နှုတ်ခမ်းမှာ အပူနာ (ဒါမှမဟုတ်) သွားဖုံးကသွေးထွက်နေပြီး သင့်ကိုနမ်းလိုက်မယ်ဆိုရင် ကာလသားရောဂါဟာ သင့်ဆီကူးစက်ဖို့ အခွင့်အရေး ရရှိသွားမှာ ဖြစ်ပါတယ်။
(၃) ဦးနှောက်အမြှေးပါးရောင်ရောဂါ
ကူးစက်နိုင်တဲ့ နောက်ရောဂါတမျိုးကတော့ ဦးနှောက် အမြှေးပါးရောင်တဲ့ ရောဂါဖြစ်ပါတယ်။ သင်သာ ကိုယ်ခံအားကျဆင်းနေပြီး ဦးနှောက်အမြှေးပါးရောင်တဲ့ ဝေဒနာခံစားနေရတဲ့ သင့်ချစ်သူကို နမ်းလိုက်မယ်ဆိုရင် သင်လည်း ရောဂါးကူးစက်နိုင်ချေ ရှိနေပြီ ဖြစ်ပါတယ်။
(၄) အသည်းရောင်အသားဝါရောဂါ
ဒီရောဂါကတော့ နမ်းရုံနဲ့ ကူးစက်နိုင်ချေနည်းပါပေမယ့် သင့်ချစ်သူရဲ့ သွားဖုံးမှာ အနာဖြစ်နေတာမျိုး ဒါမှမဟုတ် အကြောင်းတခုခုကြောင့် သွေးထွက်နေပြီး သင့်မှာလည်း သွားဖုံးအနာတခုခု ဖြစ်နေတယ်ဆိုရင်တော့ ကူးစက်နိုင်ချေ ရှိနေပါတယ်။ ဒါကြောင့် သင့်ချစ်သူနဲ့ ချစ်ချစ်ခင်ခင် အကြင်နာပေးတော့မယ်ဆိုရင် သွားဖုံးမှာ အနာဖြစ်နေလား ဒါမှမဟုတ် သွေးထွက်နေတာမျိုး ရှိလားဆိုတာ သိထားဖို့လိုအပ်ပါတယ်။
Credit:tonightfootballreport