“ဇူလိုင်(၁၉) ရက်နေ့မှာ ချစ်သူနဲ့အတူ ရွှေလက်တွဲပြီး လက်ထပ်မင်္ဂလာပွဲကျင်းပတော့မယ့် အဆိုတော် ဇွဲပြည့်”
Source -celefamily
Unicode Version
ဇွဲပြည့်ဟာ ၂၀၁၆ ခုနှစ်က အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးထွက်ရှိခဲ့ပါတယ်။ ဇွဲပြည့်ဟာ အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ လို့ အမည်ပေးထားတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေမှာတင် ပရိသတ် အားပေးမှု အများကြီးရခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် ၂၀၁၇ ခုနှစ်မှာ ခိုလှုံရာ ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှု များစွာ ရရှိခဲ့ပါတယ်။ နောက်ထပ်တစ်ကိုယ်တော်တေးစီးရီးတွေလည်း ထွက်ရှိထားပါသေးတယ်။ အဲ့ဒီနောက် သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေလည်း ရိုက်ကူးထားတာ အများကြီးရှိပါတယ်။
လတ်တလောမှာတော့ ဇွဲပြည့်ဟာ ချစ်ရသူလေးနဲ့အတူမင်္ဂလာပွဲကျင်းပတော့မှာပဲဖြစ်ပါတယ်။ မင်္ဂလာပွဲ ကိုတော့ မနက်ဖြန် ၁၉ ရက်နေ့ အာဇာနည်နေ့မှာကျင်းပမှာပဲဖြစ်ပါတယါ။ မင်္ဂလာပွဲကိုတော့ မေမြို့မှာကျင်းပမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် အဆိုတော်ဇွဲပြည့်ရဲ့ မင်္ဂလာသတင်းလေးက်ုဖော်ပြပေးလိုက်ပါတယ်နော်။
Source -celefamily
Credit: သိစေချင်လွန်းလို့