အိပ္ျခင္းေၾကာင့္ ရရွိႏိုင္ သည့္ ဆိုးက်ိဳးမ်ား အအိပ္လြန္တဲ့ ျပႆနာ
Zawgyiျဖင့္ဖတ္ရန္
အအိပ္လြန္တဲ့ ျပႆနာဆိုတာ ေန႔အခ်ိန္မွာအလြန္အမင္း အိပ္စက္ေနတာ၊ အိပ္ခ်ိန္အရမ္းလြန္ေနတာျဖစ္ၿပီး သူဟာေန႔အခ်ိန္မွာေတာင္ အေနႏိုင္ေလာက္ေအာင္ အိပ္ေနတာ ျဖစ္ပါတယ္။ အအိပ္လြန္တဲ့ ျပႆနာခံစားေနရတဲ့လူက အလုပ္မွာျဖစ္ျဖစ္၊ ကားေမာင္းေနစဥ္မွာျဖစ္ျဖစ္ အခ်ိန္အေ႐ြး အိပ္ေပ်ာ္ႏိုင္ပါတယ္။ အိပ္စက္ျခင္းနဲ႔ဆိုင္တဲ့ ျပႆနာေတြျဖစ္တဲ့ အားအင္ကုန္ခမ္းျခင္းႏွင့္ ေသခ်ာစဥ္းစားေတြးေတာႏိုင္တာ မရွိေတာ့ျခင္းတို႔ ျဖစ္ေစႏိုင္ပါတယ္။အအိပ္လြန္တဲ့ ျပႆနာက ဘယ္ေလာက္အျဖစ္မ်ားသလဲ။အအိပ္လြန္တဲ့ ျပႆနာက လူဦးေရရဲ႕ ၅ရာခိုင္ႏႈန္းေလာက္မွာ ျဖစ္တတ္ၿပီး အမ်ိဳးသားေတြက အမ်ိဳးသမီးေတြထက္ ပိုၿပီးအျဖစ္မ်ားပါတယ္။ ထပ္မံသိလိုေသာ အခ်က္မ်ားရွိပါက ဆရာဝန္ႏွင့္ ေဆြးေႏြးပါ။
ေရာဂါလကၡဏာမ်ားအအိပ္လြန္တဲ့ ျပႆနာရဲ႕ လကၡဏာေတြက ဘာေတြလဲ။အအိပ္လြန္တဲ့ ျပႆနာရွိတဲ့လူက ေန႔အခ်ိန္ အလုပ္မွာ၊ အစားစားေနခ်ိန္မွာ ၊စကားေျပာေနခ်ိန္မွာ ခဏခဏအိပ္ေပ်ာ္တဲ့ၿပီး ညဘက္မွာ အိပ္စက္ျခင္းမရွိဘဲ ခနခနႏိုးေနတဲ့အတြက္ ပင္ပန္းတာမ်ိဳး ခံစားရႏိုင္ပါတယ္။ ေန႔ခင္းဘက္မွာ အိပ္ေနေပမယ့္ ပင္ပန္းတာက မသက္သာပါဘူူး။ အခ်ိန္အၾကာႀကီးအိပ္စက္ရာက ႏိုးထဖို႔ခက္သလို အာ႐ုံမစုစည္းႏိုင္တာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။
တျခားေရာဂါလကၡဏာေတြကေတာ့ စိတ္ဖိစီးမႈမ်ားျခင္း စိတ္အေႏွာက္အယွက္ျဖစ္ျခင္း အားအင္ကုန္ခန္းျခင္း ဂဏွာမၿငိမ္ျဖစ္ျခင္း ေတြးေခၚႏိုင္စြမ္းက်ဆင္းျခင္း စကားေႏွးျခင္း အစားအေသာက္ပ်က္ျခင္းအာ႐ုံလြဲမွားစြာ ျမင္ေနျခင္းမွတ္သားႏိုင္စြမ္းနည္းသြားျခင္းတခ်ိဳလူေတြက မိသားစုအလုပ္၊ ပတ္ဝန္းက်င္၊ လူမႈေရးႏွင့္ တျခားအလုပ္ေတြ မလုပ္ႏိုင္ေတာ့ျခင္းဒီအထဲမွာ မပါတဲ့အခ်က္ေတြလည္း ရွိေနႏိုင္ပါေသးပါတယ္။ ေရာဂါလကၡဏာအေၾကာင္း ေသခ်ာသိလိုပါက ဆရာဝန္ႏွင့္ ေဆြးေႏြးပါ။ဘယ္အခ်ိန္မွာ ဆရာဝန္ျပသသင့္သလဲ။
အထက္မွာ ေဖာ္ျပထားတဲ့ လကၡဏာေတြခံစားေနရလွ်င္ ၊ ထပ္မံသိလိုတာရွိလွ်င္ ဆရာဝန္ႏွင့္ ေဆြးေႏြးသင့္ပါတယ္။ လူတိုင္းရဲ႕ ကိုယ္ခႏၶာက တုံ႔ျပန္မႈ မတူၾကပါဘူး။ သင့္အေျခအေနကို ဆရာဝန္ႏွင့္ ေဆြးေႏြးျခင္းကသာ အေကာင္းဆုံး ျဖစ္ပါတယ္။ျဖစ္ေစေသာ အေၾကာင္းရင္မ်ားအအိပ္လြန္တဲ့ ျပႆနာကို ျဖစ္ေစတဲ့အေၾကာင္းရင္းေတြက ဘာေတြလဲ။အအိပ္လြန္ျခင္း ျပႆနာရဲ႕ မူလအရင္းအျမစ္က ဦးေႏွာက္အတြင္းရွိ အိပ္စက္ျခင္းႏွင့္ ႏိုးထျခင္းကို ထိန္းခ်ဳပ္တဲ့ ဦးေႏွာက္အတြင္းရွိ စနစ္ေတြ ျပႆနာျဖစ္ျခင္းေၾကာင့္ ျဖစ္ပါတယ္။
တျခားအေၾကာင္းမွာ အလြန္အမင္းေမာပန္းျခင္းႏွင့္ အိပ္ခ်ိန္မလုံေလာက္ျခင္းေၾကာင့္ ျဖစ္ပါတယ္။ ဥပမာ- ညဘက္အသက္ရွဴရခက္ျခင္း၊ ညဘက္တခ်ိန္လုံး ခဏခဏအိပ္ရာထရျခင္းတို႔ေၾကာင့္ အိပ္ေရးပ်ၾက္ပီး အလြန္အမင္းအိပ္စက္ျခင္းကို ျဖစ္ေစႏိုင္ပါတူယ္။တခ်ိဳ႕ေဆးေတြက အလြန္အမင္း အိပ္စက္ျခင္းကို ျဖစ္ေစပါတယ္။အရက္နဲ႔ ေဆးေတြကိုသုံးတာေၾကာင့္ ေန႔ဘက္မွာ အိပ္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ သြိဳင္း႐ြိဳက္ေဟာ္မုန္းနဲတာ နဲ႔ ဦးေခါင္းဒဏ္ရာေၾကာင့္လည္း အအိပ္လြန္ျခင္း ျဖစ္ေစႏိုင္ပါတယ္။
အျဖစ္မ်ားေစေသာအေၾကာင္းမ်ား
အအိပ္လြန္ျခင္းကို အျဖစ္မ်ားေစတဲ့ အေၾကာင္းေတြက ဘာေတြလဲ။ေန႔လည္ဘက္မွာ အလြန္အမင္းပင္ပန္းတဲ့လူေတြက အအိပ္လြန္ျခင္း ပိုျဖစ္ေစႏိုင္ပါတယ္။ ဒီအေျခအေနေတြမွာ အိပ္ေရးပ်က္တာ၊ ေက်ာက္ကပ္မေကာင္းတာ၊ ႏွလုံးေရာဂါ၊ ဦးေႏွာက္ထိခိုက္မႈ၊ စိတ္ဓါတ္က်ျခင္းႏွင့္ သိုင္း႐ြိဳက္ေဟာ္မုန္းနဲျခင္းတို႔ ပါဝင္ပါတယ္။
အေမရိကန္ အိပ္စက္မႈနဲ႔ ပတ္သတ္မႈကို ေလ့လာတဲ့အဖြဲ႕ရဲ႕ အဆိုအရ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြထက္ အအိပ္လြန္တဲ့ ျပႆနာပိုျဖစ္တယ္လို႔ ဆိုပါတယ္။ေဆးလိပ္နဲ႔ အရက္ကိုပုံမွန္ေသာက္သူေတြမွာ အအိပ္လြန္တာ ပိုျဖစ္တတ္ပါတယ္။ ေလးလံထိုင္းမႈိင္းေစတဲ့ေဆးေတြမွာ အအိပ္လြန္ျခင္းနဲ႔တူတဲ့ ေဘးထြက္ဆိုးက်ိဳးရွိပါတယ္။
ေရာဂါရွာေဖြျခင္းႏွင့္ ကုသျခင္း
ဒီေဖာ္ျပပါအခ်က္ေတြကို ေဆးပညာ အႀကံေပးခ်က္မ်ားအျဖစ္ မသုံးႏိုင္ပါဘူး။ ဆရာဝန္ႏွင့္ ေဆြးေႏြးျခင္းက အေကာင္းဆုံးပါ။အအိပ္လြန္တဲ့ ျပႆနာကို ဘယ္လိုသိႏိုင္မလဲ။အအိပ္လြန္တဲ့ ျပႆနာကိုသိဖို႔အတြက္ ဆရာဝန္က ေရာဂါရာဇဝင္ႏွင့္ ေရာဂါလကၡဏာကို ေမးျမန္းပါလိမ့္မယ္။ တက္ႂကြမႈကို စစ္ေဆးနည္းေတြနဲ႔ စမ္းသပ္ပါလိမ့္မယ္။ဆရာဝန္က အအိပ္လြန္တဲ့ ျပႆနာကိုသိဖို႔ နည္းလမ္းမ်ိဳးစုံနဲ႔ စမ္းသပ္ပါလိမ့္မယ္။
အိပ္ခ်ိန္ကို မွတ္ထားျခင္း။ ညဘက္သင့္အိပ္ခ်ိန္ကို သိဖို႔အတြက္ အိပ္ရာဝင္ခ်ိန္ႏွင့္ ႏိုးထခ်ိန္ေတြကို မွတ္ထားခိုင္းပါလိမ့္မယ္။အိပ္ခ်ိန္ကို တိုင္းတာျခင္း။ သင့္အေျခအေန ဘယ္ေလာက္ဆိုးေနလဲဆိုတာကို သိဖို႔အတြက္ တိုင္းတာပါလိမ့္မယ္။
အိပ္ခ်ိန္အမ်ားအျပားကို တိုင္းတာတဲ့နည္း။ ေန႔ဘက္အိပ္ခ်ိန္ေတြကို တိုင္းတာရပါမယ္။ ဒီနည္းက သင္အိပ္တဲ့ပုံစံေတြကို တိုင္းတာႏိုင္ပါတယ္။Polysmnogram။ ညဘက္အိပ္စက္နားႏိုင္တဲ့ ေနရာမွာေနပါ။ စက္ေတြက သင့္ဦးေႏွာက္ရဲ႕ လုပ္ေဆာင္ခ်က္ေတြ၊ မ်က္လုံးေ႐ြ႕လ်ားမႈ၊ ႏွလုံးခုန္ႏႈန္း၊ ေအာက္စီဂ်င္ပမာဏနဲ႔ လုပ္ငန္းေတြကို တိုင္းတာပါလိမ့္မယ္။
အအိပ္လြန္တာကို ဘယ္လိုကုသႏိုင္သလဲ။
အအိပ္လြန္တဲ့ ျပႆနာရွိေနတယ္ဆိုလွ်င္ ဆရာဝန္က သင့္ေရာဂါကို ကုသဖို႔အတြက္ ေဆးေတြအမ်ားအျပားကို ေပးပါလိမ့္မယ္။ လန္းဆန္းေစတဲ့ေဆးေတြ၊ စိတ္ဓါတ္က်သက္သာေစတဲ့ေဆးေတြ၊ ေဆးအသစ္အဆန္း( Provigil/ Xyrem) တို႔ကိုေပးပါလိမ့္မယ္။
အိပ္ရင္းေအာက္စီဂ်င္နဲတဲ့ေရာဂါရေနရင္ ဆရာဝန္က သင္အိပ္ေနစဥ္ ႏွာေခါင္းကို အုပ္ၿပီးေအာက္စီဂ်င္ ေပးပါလိမ့္မယ္။ႏွာေခါင္းကိုအုပ္ထားတဲ့ မ်က္ႏွာဖုံးနဲ႔ ေအာက္စီဂ်င္ေပးတဲ့စက္နဲ႔ ခ်ိတ္ဆက္ၿပီး ေအာက္စီဂ်င္ကို ေတာက္ေလွ်ာက္ေပးပါလိမ့္မယ္။ ႏွာေခါင္းအတြင္းကို ဝင္ေရာက္တဲ့ ေအာက္စီဂ်င္ရဲ႕ ဖိအားေၾကာင့္ အသက္ရွဴလမ္းေၾကာင္းကို ပြင့္ေနေစပါတယ္။သင္က ႏုံးေစတဲ့ေဆးေတြေသာက္ထားလွ်င္ ဆရာဝန္ကို အိပ္ခ်င္စိတ္နဲေစတဲ့ ေဆးေတြနဲ႔ အစားထိုးခိုင္းပါ။ သင္က ညဘက္ကို ပိုၿပီးအိပ္စက္ႏိုင္ဖို႔ အိပ္ရာေစာေစာဝင္ပါ။ အရက္ႏွင့္ ကဖိန္းအသုံးျပဳတာကို ရပ္လိုက္ပါ။
ေနထိုင္မႈပုံစံႏွင့္ အိမ္တြင္းကုထုံးမ်ား
အအိပ္လြန္တဲ့ ျပႆနာအတြက္ လိုအပ္တဲ့ ေနထိုင္မႈပုံစံေျပာင္းလဲျခင္းႏွင့္ အိမ္တြင္းကုထုံးေတြက ဘာေတြလဲ။ေအာက္ပါ ေနထိုင္မႈပုံစံေျပာင္းလဲျခင္းႏွင့္ အိမ္တြင္းကုထုံးေတြက အအိပ္လြန္တဲ့ ျပႆနာကို ကူညီေပးပါလိမ့္မယ္။တခ်ိဳ႕ အအိပ္လြန္တဲ့ ျပႆနာကို ကာကြယ္ဖို႔ နည္းမရွိပါ။ သင္က တိတ္ဆိတ္တဲ့ ပတ္ဝန္းက်င္မွာအိပ္စက္ျခင္းႏွင့္ အရက္ျဖတ္ျခင္းေတြက အအိပ္လြန္တဲ့ ျပႆနာကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ႏုံးေစတဲ့ေဆးေတြနဲ႔ ညဘက္အလုပ္လုပ္ျခင္းကို ေရွာင္ပါ။သင္သိလိုတာ ရွိပါက ဆရာဝန္ႏွင့္ ေဆြးေႏြးတိုင္ပင္ၿပီး သင့္အတြက္ သင့္ေတာ္ေသာအေျဖကို ရယူႏိုင္ပါတယ္။
ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။
Unicode ဖြင့်ဖတ်ရန်
အအိပ်လွန်တဲ့ ပြဿနာဆိုတာ နေ့အချိန်မှာအလွန်အမင်း အိပ်စက်နေတာ၊ အိပ်ချိန်အရမ်းလွန်နေတာဖြစ်ပြီး သူဟာနေ့အချိန်မှာတောင် အနေနိုင်လောက်အောင် အိပ်နေတာ ဖြစ်ပါတယ်။ အအိပ်လွန်တဲ့ ပြဿနာခံစားနေရတဲ့လူက အလုပ်မှာဖြစ်ဖြစ်၊ ကားမောင်းနေစဉ်မှာဖြစ်ဖြစ် အချိန်အရွေး အိပ်ပျော်နိုင်ပါတယ်။ အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ ပြဿနာတွေဖြစ်တဲ့ အားအင်ကုန်ခမ်းခြင်းနှင့် သေချာစဉ်းစားတွေးတောနိုင်တာ မရှိတော့ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။အအိပ်လွန်တဲ့ ပြဿနာက ဘယ်လောက်အဖြစ်များသလဲ။အအိပ်လွန်တဲ့ ပြဿနာက လူဦးရေရဲ့ ၅ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးအဖြစ်များပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။
ရောဂါလက္ခဏာများအအိပ်လွန်တဲ့ ပြဿနာရဲ့ လက္ခဏာတွေက ဘာတွေလဲ။အအိပ်လွန်တဲ့ ပြဿနာရှိတဲ့လူက နေ့အချိန် အလုပ်မှာ၊ အစားစားနေချိန်မှာ ၊စကားပြောနေချိန်မှာ ခဏခဏအိပ်ပျော်တဲ့ပြီး ညဘက်မှာ အိပ်စက်ခြင်းမရှိဘဲ ခနခနနိုးနေတဲ့အတွက် ပင်ပန်းတာမျိုး ခံစားရနိုင်ပါတယ်။ နေ့ခင်းဘက်မှာ အိပ်နေပေမယ့် ပင်ပန်းတာက မသက်သာပါဘူူး။ အချိန်အကြာကြီးအိပ်စက်ရာက နိုးထဖို့ခက်သလို အာရုံမစုစည်းနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
တခြားရောဂါလက္ခဏာတွေကတော့ စိတ်ဖိစီးမှုများခြင်း စိတ်အနှောက်အယှက်ဖြစ်ခြင်း အားအင်ကုန်ခန်းခြင်း ဂဏှာမငြိမ်ဖြစ်ခြင်း တွေးခေါ်နိုင်စွမ်းကျဆင်းခြင်း စကားနှေးခြင်း အစားအသောက်ပျက်ခြင်းအာရုံလွဲမှားစွာ မြင်နေခြင်းမှတ်သားနိုင်စွမ်းနည်းသွားခြင်းတချိုလူတွေက မိသားစုအလုပ်၊ ပတ်ဝန်းကျင်၊ လူမှုရေးနှင့် တခြားအလုပ်တွေ မလုပ်နိုင်တော့ခြင်းဒီအထဲမှာ မပါတဲ့အချက်တွေလည်း ရှိနေနိုင်ပါသေးပါတယ်။ ရောဂါလက္ခဏာအကြောင်း သေချာသိလိုပါက ဆရာဝန်နှင့် ဆွေးနွေးပါ။ဘယ်အချိန်မှာ ဆရာဝန်ပြသသင့်သလဲ။
အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေခံစားနေရလျှင် ၊ ထပ်မံသိလိုတာရှိလျှင် ဆရာဝန်နှင့် ဆွေးနွေးသင့်ပါတယ်။ လူတိုင်းရဲ့ ကိုယ်ခန္ဓာက တုံ့ပြန်မှု မတူကြပါဘူး။ သင့်အခြေအနေကို ဆရာဝန်နှင့် ဆွေးနွေးခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။ဖြစ်စေသော အကြောင်းရင်များအအိပ်လွန်တဲ့ ပြဿနာကို ဖြစ်စေတဲ့အကြောင်းရင်းတွေက ဘာတွေလဲ။အအိပ်လွန်ခြင်း ပြဿနာရဲ့ မူလအရင်းအမြစ်က ဦးနှောက်အတွင်းရှိ အိပ်စက်ခြင်းနှင့် နိုးထခြင်းကို ထိန်းချုပ်တဲ့ ဦးနှောက်အတွင်းရှိ စနစ်တွေ ပြဿနာဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။
တခြားအကြောင်းမှာ အလွန်အမင်းမောပန်းခြင်းနှင့် အိပ်ချိန်မလုံလောက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဥပမာ- ညဘက်အသက်ရှူရခက်ခြင်း၊ ညဘက်တချိန်လုံး ခဏခဏအိပ်ရာထရခြင်းတို့ကြောင့် အိပ်ရေးပျြက်ပီး အလွန်အမင်းအိပ်စက်ခြင်းကို ဖြစ်စေနိုင်ပါတူယ်။တချို့ဆေးတွေက အလွန်အမင်း အိပ်စက်ခြင်းကို ဖြစ်စေပါတယ်။အရက်နဲ့ ဆေးတွေကိုသုံးတာကြောင့် နေ့ဘက်မှာ အိပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွိုင်းရွိုက်ဟော်မုန်းနဲတာ နဲ့ ဦးခေါင်းဒဏ်ရာကြောင့်လည်း အအိပ်လွန်ခြင်း ဖြစ်စေနိုင်ပါတယ်။
အဖြစ်များစေသောအကြောင်းများ
အအိပ်လွန်ခြင်းကို အဖြစ်များစေတဲ့ အကြောင်းတွေက ဘာတွေလဲ။နေ့လည်ဘက်မှာ အလွန်အမင်းပင်ပန်းတဲ့လူတွေက အအိပ်လွန်ခြင်း ပိုဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေတွေမှာ အိပ်ရေးပျက်တာ၊ ကျောက်ကပ်မကောင်းတာ၊ နှလုံးရောဂါ၊ ဦးနှောက်ထိခိုက်မှု၊ စိတ်ဓါတ်ကျခြင်းနှင့် သိုင်းရွိုက်ဟော်မုန်းနဲခြင်းတို့ ပါဝင်ပါတယ်။
အမေရိကန် အိပ်စက်မှုနဲ့ ပတ်သတ်မှုကို လေ့လာတဲ့အဖွဲ့ရဲ့ အဆိုအရ အမျိုးသားတွေက အမျိုးသမီးတွေထက် အအိပ်လွန်တဲ့ ပြဿနာပိုဖြစ်တယ်လို့ ဆိုပါတယ်။ဆေးလိပ်နဲ့ အရက်ကိုပုံမှန်သောက်သူတွေမှာ အအိပ်လွန်တာ ပိုဖြစ်တတ်ပါတယ်။ လေးလံထိုင်းမှိုင်းစေတဲ့ဆေးတွေမှာ အအိပ်လွန်ခြင်းနဲ့တူတဲ့ ဘေးထွက်ဆိုးကျိုးရှိပါတယ်။
ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း
ဒီဖော်ပြပါအချက်တွေကို ဆေးပညာ အကြံပေးချက်များအဖြစ် မသုံးနိုင်ပါဘူး။ ဆရာဝန်နှင့် ဆွေးနွေးခြင်းက အကောင်းဆုံးပါ။အအိပ်လွန်တဲ့ ပြဿနာကို ဘယ်လိုသိနိုင်မလဲ။အအိပ်လွန်တဲ့ ပြဿနာကိုသိဖို့အတွက် ဆရာဝန်က ရောဂါရာဇဝင်နှင့် ရောဂါလက္ခဏာကို မေးမြန်းပါလိမ့်မယ်။ တက်ကြွမှုကို စစ်ဆေးနည်းတွေနဲ့ စမ်းသပ်ပါလိမ့်မယ်။ဆရာဝန်က အအိပ်လွန်တဲ့ ပြဿနာကိုသိဖို့ နည်းလမ်းမျိုးစုံနဲ့ စမ်းသပ်ပါလိမ့်မယ်။
အိပ်ချိန်ကို မှတ်ထားခြင်း။ ညဘက်သင့်အိပ်ချိန်ကို သိဖို့အတွက် အိပ်ရာဝင်ချိန်နှင့် နိုးထချိန်တွေကို မှတ်ထားခိုင်းပါလိမ့်မယ်။အိပ်ချိန်ကို တိုင်းတာခြင်း။ သင့်အခြေအနေ ဘယ်လောက်ဆိုးနေလဲဆိုတာကို သိဖို့အတွက် တိုင်းတာပါလိမ့်မယ်။
အိပ်ချိန်အများအပြားကို တိုင်းတာတဲ့နည်း။ နေ့ဘက်အိပ်ချိန်တွေကို တိုင်းတာရပါမယ်။ ဒီနည်းက သင်အိပ်တဲ့ပုံစံတွေကို တိုင်းတာနိုင်ပါတယ်။Polysmnogram။ ညဘက်အိပ်စက်နားနိုင်တဲ့ နေရာမှာနေပါ။ စက်တွေက သင့်ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ၊ မျက်လုံးရွေ့လျားမှု၊ နှလုံးခုန်နှုန်း၊ အောက်စီဂျင်ပမာဏနဲ့ လုပ်ငန်းတွေကို တိုင်းတာပါလိမ့်မယ်။
အအိပ်လွန်တာကို ဘယ်လိုကုသနိုင်သလဲ။
အအိပ်လွန်တဲ့ ပြဿနာရှိနေတယ်ဆိုလျှင် ဆရာဝန်က သင့်ရောဂါကို ကုသဖို့အတွက် ဆေးတွေအများအပြားကို ပေးပါလိမ့်မယ်။ လန်းဆန်းစေတဲ့ဆေးတွေ၊ စိတ်ဓါတ်ကျသက်သာစေတဲ့ဆေးတွေ၊ ဆေးအသစ်အဆန်း( Provigil/ Xyrem) တို့ကိုပေးပါလိမ့်မယ်။
အိပ်ရင်းအောက်စီဂျင်နဲတဲ့ရောဂါရနေရင် ဆရာဝန်က သင်အိပ်နေစဉ် နှာခေါင်းကို အုပ်ပြီးအောက်စီဂျင် ပေးပါလိမ့်မယ်။နှာခေါင်းကိုအုပ်ထားတဲ့ မျက်နှာဖုံးနဲ့ အောက်စီဂျင်ပေးတဲ့စက်နဲ့ ချိတ်ဆက်ပြီး အောက်စီဂျင်ကို တောက်လျှောက်ပေးပါလိမ့်မယ်။ နှာခေါင်းအတွင်းကို ဝင်ရောက်တဲ့ အောက်စီဂျင်ရဲ့ ဖိအားကြောင့် အသက်ရှူလမ်းကြောင်းကို ပွင့်နေစေပါတယ်။သင်က နုံးစေတဲ့ဆေးတွေသောက်ထားလျှင် ဆရာဝန်ကို အိပ်ချင်စိတ်နဲစေတဲ့ ဆေးတွေနဲ့ အစားထိုးခိုင်းပါ။ သင်က ညဘက်ကို ပိုပြီးအိပ်စက်နိုင်ဖို့ အိပ်ရာစောစောဝင်ပါ။ အရက်နှင့် ကဖိန်းအသုံးပြုတာကို ရပ်လိုက်ပါ။
နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ
အအိပ်လွန်တဲ့ ပြဿနာအတွက် လိုအပ်တဲ့ နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။အောက်ပါ နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက အအိပ်လွန်တဲ့ ပြဿနာကို ကူညီပေးပါလိမ့်မယ်။တချို့ အအိပ်လွန်တဲ့ ပြဿနာကို ကာကွယ်ဖို့ နည်းမရှိပါ။ သင်က တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာအိပ်စက်ခြင်းနှင့် အရက်ဖြတ်ခြင်းတွေက အအိပ်လွန်တဲ့ ပြဿနာကို လျှော့ချပေးနိုင်ပါတယ်။ နုံးစေတဲ့ဆေးတွေနဲ့ ညဘက်အလုပ်လုပ်ခြင်းကို ရှောင်ပါ။သင်သိလိုတာ ရှိပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး သင့်အတွက် သင့်တော်သောအဖြေကို ရယူနိုင်ပါတယ်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Credit: Mizzima
ေရးသားသူ Phyo Wai Yan
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Kaung Thar.


