လင်ယူသားမွေးလုပ်ပြီး ဘဝအဆုံးမခံနိုင်ဘူးဆိုတဲ့ ထက်ထက်ထွန်
ထက်ထက်ထွန်းဟာ ရုပ်လေးလှရုံတင်မဟုတ်ပဲ အများအကျိုးပြုချင်တဲ့ စိတ်များစွာရှိတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ပြီးခဲ့တဲ့မြို့တော်ဝန်ရွေးချယ်ပွဲမှာလည်းထက်ထက်ထွန်းက ပြည်သူ့အကျိုးပြုချင်တဲ့စိတ်ဓာတ်အပြည့်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ ထက်ထက်ထွန်းက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာအချစ်ရေးအိမ်ထောင်ရေးနဲ့ပတ်သက်တဲ့သူမရဲ့အမြင်ကို ပြောပြပေးသွားပါတယ်။ထက်ထက်ထွန်းက အိမ်ထောင်ပြုဖို့တော့မဖြစ်နိုင်သေးဘူးလို့ “လိုပါသေးတယ်လို့ပဲပြောရမှာပေါ့နော်။ တွန့်ဆုတ်တွေဝေစေတယ်ပေါ့နော်။ အိမ်ထောင်ကျတယ်ဆိုတာက တာဝန်ဝတ္တရားတွေအများကြီးတိုးလာပြီ။
ယောက်ျားယူတယ်ဆိုကတည်းကိုက အပေးအယူတွေကိုယ့်ဘက်က တစ်ခုခုတော့ပိုပြီးပြည့်စုံသွားရမယ်။သာသွားရမယ်”လို့ ပြောထားပါတယ်။လင်ယူသားမွေးအလုပ်နဲ့ဘဝအဆုံးမခံနိုင်ဘူးလို့လည်း “ယောက်ျားယူလိုက်ပြီ အိမ်ထောင်ကျလိုက်ပြီဆိုတာနဲ့ထက်ဆိုရင်အနုပညာအလုပ်တွေအများကြီးရှိတယ်။ အဲဒါတွေကို စွန့်လွှတ်လိုက်ရမယ်။ ပြီးတော့ ယောက်ျားယူလိုက်ပြီးတော့ ကလေးမွေး တစ်သက်လုံး လင်ယူသားမွေးအလုပ်နဲ့ပဲ တစ်သက်လုံးဘဝကြီးဆုံးသွားမှာထက်က မလိုချင်ဘူး။ကိုယ့်ရဲ့ရှိပြီးသားtalents တွေအသုံးမချရပဲ ငယ်ရွယ်သွက်လက်နေတဲ့အချိန်မှာ အများကိုအကျိုးပြုနိုင်မယ့်ဟာတွေကိုဆုံးရှုံးလိုက်ရတော့မယ်လို့ ထက်က ခံစားရတယ်။ အဲ့တော့အိမ်ထောင်ပြုမယ်ဆိုရင်တစ်ခုခုတော့ ပိုသာလာရမယ်”လို့ ဖြေကြားထားပါတယ်။အိမ်ထောင်ပြုပြီဆိုရင်လည်း အိမ်ထောင့်တာဝန်ကျေချင်တယ်လို့ “အိမ်ထောင်ပြုပြီဆိုရင်လည်း တာဝန်ကျေတဲ့အမျိုးသမီးကောင်းတစ်ယောက်ဖြစ်ချင်တယ်။ အဲဒီလိုဖြစ်ဖို့အတွက် ထက်အချိန်မပေးနိုင်သေးဘူး။
ယောက်ျားတာဝန်တွေမိန်းမတာဝန်တွေကျေရမယ်။ ကိုယ့်မိဘရဲ့တာဝန်တွေသူ့မိဘရဲ့တာဝန်တွေအမျိုးစုံရှိတယ်။ ပြီးရင် ကလေးတွေမွေးလာမယ် မိခင်တစ်ယောက်ရဲ့တာဝန်တွေကျေပြွန်ရတော့မယ်။ အဲလိုဟာတွေမကျေပြွန်နိုင်သေးပဲနဲ့ ထက်ကတော့ ယောက်ျားတစ်ယောက်ကိုချစ်တယ်ဆိုတာနဲ့ မယူချင်ဘူး”လို့ ရင်ဖွင့်ထားပါတယ်။Credit to နာမည်ကြီး