Latest Posts

ရာသီဥတုေဖာက္ျပန္ျခင္းကို ကာကြယ္ရန္ သစ္ပင္စိုက္ျခင္းကပဲ ေျဖရွင္းႏိုင္ေၾကာင္း ပညာရွင္မ်ားဆို



ကမာၻၾကီးဟာ တျဖည္းျဖည္းပူလာတယ္၊ ရာသီဥတုေတြ မူမွန္ေတာ့ဘူး၊ ေနရာအႏွံ႕မွာ ေရေတြၾကီးတယ္ စသည္ျဖင့္ ဒီလိုသတင္းေတြ ႏုိင္ငံတကာစာမ်က္ႏွာေတြထက္မွာ တြင္တြင္က်ယ္က်ယ္ၾကားေနရတာကို ေတြ႕ရမွာပါ။ ဒါဆို ဘယ္လိုေျဖရွင္းၾကလဲ၊ ေျဖရွင္းဖို႔ နည္းေရာရွိရဲ႕လား။



သိပၸံပညာရွင္ေတြကေတာ့ အခိုင္အမာပဲ ဆိုထားပါတယ္။ ေ၀ဒနာကို ေဒတာနဲ႔႔ပဲ ေျပာမယ္ဆိုတဲ့သူေတြ၊လက္ေတြ႕ပဲ ယံုတဲ့သူေတြအတြက္ တကယ့္ကို လက္ခံႏိုင္တဲ့ အေၾကာင္းအခ်က္ပါ။ သစ္ပင္စိုက္ပါတဲ့။ ဘယ္ေလာက္ထိေအာင္ စုိက္ရမလဲလို႔ေမးရင္ ျပန္လည္စိမ္းလန္းစိုေျပလာျပီး၊ ရာသီဥတုေတြကို ျပန္လည္ကုစားဖို႔ဆိုရင္ ကမာၻေျမၾကီးရဲ႕ (၀.၉)ဘီလ်ီယံ ဟတ္တာကို စုိက္ပ်ိဳးမွရပါမယ္။

လူသားေတြ စြန္႕ထုတ္ထားတဲ့ ကာဗြန္ရဲ႕ သံုးပံုႏွစ္ပံု ပမာဏကို ေလွ်ာ႕ခ်ေပးျပီး၊ ကမာၻၾကီးရဲ႕ ရာသီဥတုေဖာက္ျပန္မႈကို ကာကြယ္ေပးမယ့္ အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။ ဒီအခ်က္ကို ဇူးရစ္မွာရွိတဲ့ သုေတသနဓာတ္ခြဲခန္းကေန ေသခ်ာေလး စိစစ္ေလ့လာခဲ့တာျဖစ္ျပီး၊ အရင္တုန္းက ရွိခဲ့တဲ့ ပမာဏ၊ လိုအပ္တဲ့ ပမာဏနဲ႔ ျပန္လည္ တည္ေဆာက္မွရမယ့္ ပမာဏေတြကို တြက္ခ်က္ခဲ့တာလို႔ ဆိုပါတယ္။

ကိန္းဂဏန္းအတိအက်အရဆိုရင္ ကမာၻေျမၾကီးဟာ (၄.၄)ဘီလ်ံဟတ္တာကို သစ္ပင္ေတြစိုက္ဖို႔ ပမာဏရွိျပီး (၂.၈)ဘီလ်ံဟတ္တာက လက္ရွိမွာ သစ္ပင္ရွိေနတဲ့ ေျမေနရာ အေနအထားပါ။ ဒါဆို (၁.၆)ဘီလ်ံဟတ္တာေျမေနရာဟာ သစ္ပင္စိုက္ဖို႔ လိုအပ္ေနတာျဖစ္ျပီး၊ အဲဒီအတြက္ (၀.၉)ဘီလ်ံဟတ္တာ ပမာဏလိုတယ္လို႔ဆိုပါတယ္။ ျမင္သာေအာင္ေျပာရရင္ အေမရိကန္တစ္ႏုိင္ငံလံုးပမာဏရွိတဲ့ သစ္ပင္ေတြကို ကမာၻအႏံွ႕စိုက္ရမွာျဖစ္ပါတယ္။



အကယ္လို႔ စိုက္ႏုိင္ခဲ့ရင္ေတာ့ ကာဗြန္ (၂၀၅)ဘီလ်ံတန္ကို ေလွ်ာ႔ခ်ႏိုင္မွာျဖစ္ျပီး အဲဒီပမာဏဟာ လူသားေတြ ႏွစ္စဥ္ထုတ္ေနတဲ့ (၃၀၅)ဘီလ်ံကာဗြန္ပမာဏရဲ႕ သံုးပံုႏွစ္ပံုပါ။ ဒါဆိုရင္ေတာ့ ကမာၻၾကီးဟာ က်န္းမာေရးေကာင္းဖို႔ အေနအထားကို ျပန္ပိုင္ဆိုင္လာမွာျဖစ္လို႔ သစ္ပင္ဆိုတဲ့ေဆးေတြ လူေတြ ေတာ္ေတာ္ေလးျပန္စုိက္ပ်ိုဳးေပးမွျဖစ္ပါမယ္။

Credit  \\  original

Unicode

ရာသီဥတုဖောက်ပြန်ခြင်းကို ကာကွယ်ရန် သစ်ပင်စိုက်ခြင်းကပဲ ဖြေရှင်းနိုင်ကြောင်း ပညာရှင်များဆို

ကမ္ဘာကြီးဟာ တဖြည်းဖြည်းပူလာတယ်၊ ရာသီဥတုတွေ မူမှန်တော့ဘူး၊ နေရာအနှံ့မှာ ရေတွေကြီးတယ် စသည်ဖြင့် ဒီလိုသတင်းတွေ နိုင်ငံတကာစာမျက်နှာတွေထက်မှာ တွင်တွင်ကျယ်ကျယ်ကြားနေရတာကို တွေ့ရမှာပါ။ ဒါဆို ဘယ်လိုဖြေရှင်းကြလဲ၊ ဖြေရှင်းဖို့ နည်းရောရှိရဲ့လား။

သိပ္ပံပညာရှင်တွေကတော့ အခိုင်အမာပဲ ဆိုထားပါတယ်။ ဝေဒနာကို ဒေတာနဲ့ပဲ ပြောမယ်ဆိုတဲ့သူတွေ၊လက်တွေ့ပဲ ယုံတဲ့သူတွေအတွက် တကယ့်ကို လက်ခံနိုင်တဲ့ အကြောင်းအချက်ပါ။ သစ်ပင်စိုက်ပါတဲ့။ ဘယ်လောက်ထိအောင် စိုက်ရမလဲလို့မေးရင် ပြန်လည်စိမ်းလန်းစိုပြေလာပြီး၊ ရာသီဥတုတွေကို ပြန်လည်ကုစားဖို့ဆိုရင် ကမ္ဘာမြေကြီးရဲ့ (ဝ.၉)ဘီလျီယံ ဟတ်တာကို စိုက်ပျိုးမှရပါမယ်။

လူသားတွေ စွန့်ထုတ်ထားတဲ့ ကာဗွန်ရဲ့ သုံးပုံနှစ်ပုံ ပမာဏကို လျှော့ချပေးပြီး၊ ကမ္ဘာကြီးရဲ့ ရာသီဥတုဖောက်ပြန်မှုကို ကာကွယ်ပေးမယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီအချက်ကို ဇူးရစ်မှာရှိတဲ့ သုတေသနဓာတ်ခွဲခန်းကနေ သေချာလေး စိစစ်လေ့လာခဲ့တာဖြစ်ပြီး၊ အရင်တုန်းက ရှိခဲ့တဲ့ ပမာဏ၊ လိုအပ်တဲ့ ပမာဏနဲ့ ပြန်လည် တည်ဆောက်မှရမယ့် ပမာဏတွေကို တွက်ချက်ခဲ့တာလို့ ဆိုပါတယ်။

ကိန်းဂဏန်းအတိအကျအရဆိုရင် ကမ္ဘာမြေကြီးဟာ (၄.၄)ဘီလျံဟတ်တာကို သစ်ပင်တွေစိုက်ဖို့ ပမာဏရှိပြီး (၂.၈)ဘီလျံဟတ်တာက လက်ရှိမှာ သစ်ပင်ရှိနေတဲ့ မြေနေရာ အနေအထားပါ။ ဒါဆို (၁.၆)ဘီလျံဟတ်တာမြေနေရာဟာ သစ်ပင်စိုက်ဖို့ လိုအပ်နေတာဖြစ်ပြီး၊ အဲဒီအတွက် (ဝ.၉)ဘီလျံဟတ်တာ ပမာဏလိုတယ်လို့ဆိုပါတယ်။ မြင်သာအောင်ပြောရရင် အမေရိကန်တစ်နိုင်ငံလုံးပမာဏရှိတဲ့ သစ်ပင်တွေကို ကမ္ဘာအနံှ့စိုက်ရမှာဖြစ်ပါတယ်။

အကယ်လို့ စိုက်နိုင်ခဲ့ရင်တော့ ကာဗွန် (၂၀၅)ဘီလျံတန်ကို လျှော့ချနိုင်မှာဖြစ်ပြီး အဲဒီပမာဏဟာ လူသားတွေ နှစ်စဉ်ထုတ်နေတဲ့ (၃၀၅)ဘီလျံကာဗွန်ပမာဏရဲ့ သုံးပုံနှစ်ပုံပါ။ ဒါဆိုရင်တော့ ကမ္ဘာကြီးဟာ ကျန်းမာရေးကောင်းဖို့ အနေအထားကို ပြန်ပိုင်ဆိုင်လာမှာဖြစ်လို့ သစ်ပင်ဆိုတဲ့ဆေးတွေ လူတွေ တော်တော်လေးပြန်စိုက်ပျိုုးပေးမှဖြစ်ပါမယ်။

Credit  \\  original