Latest Posts

ေသြးတိုးသမားမ်ား ႐ုတ္တရက္ ေလမျဖတ္ရန္ သတိထားရမည့္ အေရးႀကီး အခ်က္မ်ား…



စာေရးသူ၏ ေဆးခန္းသို႔ လွ်ာေလးၿပီး စကားမပီသူခပ္ဝဝ အမ်ိဳးသမီး လူနာတစ္ဦး ေရာက္လာပါသည္။သူသည္ အသက္ (၅၀) ေက်ာ္ရွိၿပီ။ သူဘာျဖစ္ခဲ့သည္ကိုသူ႔ဖာသာ မေျပာႏိုင္။ နံေဘးမွ ပါလာသူ မိသားစုဝင္တစ္ဦးက ေျပာျပရပါသည္။ နံနက္ေစာေစာ (၃) နာရီခန႔္ကအေပါ့ထသြားရင္း ေခါင္းထဲမွမူးၿပီး လဲက်မလို ျဖစ္ခဲ့သည္။

ေဆာင္းတြင္းျဖစ္၍ ေအးေနေသာ အခ်ိန္လည္း ျဖစ္သည္။အိမ္သားမ်ားသိ၍ အခ်ိန္မီအိပ္ယာေပၚသို႔ တြဲေခၚၾကသည္။လဲမက်ပါ။ သို႔ေသာ္ သူမ စကားေျပာေသာအခါ လွ်ာလိပ္ၿပီး စကားမပီေတာ့ေၾကာင္း ေျပာပါသည္။ နံနက္လင္းခ်ိန္တြင္ေဆးခန္းတစ္ခုတြင္ ေသြးေပါင္ခ်ိန္ ၾကည့္ေသာအခါေသြးတိုးတက္ေနေၾကာင္း ေျပာပါသည္။ အေပၚေသြး ၁၈၀(မီလီမီတာ/ျပဒါး) ေအာက္ေသြး ၁၂၀ (မီလီမီတာ/ျပဒါး)ရွိေနသျဖင့္ ေသြးတိုးက်ေဆး ထိုးေပးလိုက္သည္ဟု ေျပာပါသည္။


ေသြးတိုးေရာဂါသည္ အငန္စားမွသာ တိုးသည္မဟုတ္။အေအးပတ္လွ်င္လည္း တိုးတတ္ပါသည္။ ေရခ်ိဳးမွား၍၊ေလတိုက္ထဲတြင္ အိပ္မိ၍၊ ပန္ကာေလ၊ အဲယားကြန္း အေအးလြန္ကဲျခင္းတို႔ေၾကာင့္ ေသြးေၾကာမ်ား အေအးပတ္၍က်ဳံ႔ၿပီး ေသြးေပါင္တက္လာ တတ္ပါသည္။

လွ်ာေလး (လွ်ာေလျဖတ္) သြားသူ အမ်ိဳးသမီးႀကီး၏ရာဇဝင္ကို ေမးျမန္းၾကည့္ေသာအခါ အသက္ ၄၀ ေက်ာ္မွစၿပီး လူဝလာၿပီး ေသြးတိုးဝင္လာသည္။ ေသြးက်ေဆးကို စြဲမစားပါ။ေခါင္းမူးသည့္အခါ စားသည္။ ပိုၿပီးဝလာမွာ စိုးသျဖင့္အဆီမ်ားေရွာင္သည္။ ဝက္သား၊ အမဲသား ေျခေလးေခ်ာင္းေရွာင္သည္။ အခ်ိဳေရွာင္သည္။ ေသြးခ်ိဳ၊ ဆီးခ်ိဳဝင္မည္ စိုးသျဖင့္အစပ္ႏွင့္ အခါးကိုသာ မ်ားမ်ားစားသည္ဟု ဆိုပါသည္။

ျဖစ္မယ့္ညက ညစာ ဘာစားမိသလဲဟု ေမးေသာအခါပုံမွန္ထမင္းဟင္းပဲ စားသည္ဟု ေျပာသည္။ ဘာဟင္းႏွင့္စားလဲေမးေသာအခါ ၾကက္သားဟင္း၊ အသီးအ႐ြက္ေၾကာ္အနည္းငယ္စားသည္ဟု ေျပာသည္။ သင့္ေသာအစာမ်ားပင္ျဖစ္ပါသည္။ အျခားဘာမ်ား စားမိေသးလဲ ေမးမွၾကက္ဟင္းခါးသီးေၾကာ္လည္း ပါသည္ဟု ေျပာပါသည္။

ေသြးတိုးရွိသူ အေတာ္မ်ားမ်ားသည္ အငန္ေရွာင္ရမည္။ဆားေရွာင္ရမည္ကို သိၾကပါသည္။ သို႔ေသာ္ အေရးႀကီးေသာအျခားေရွာင္ရန္ ရွိေသးသည္ကို မသိၾကပါ။ ထိုအရာမွာ ေလစာျဖစ္ပါသည္။ ေလစာေၾကာင့္ ေသြးတိုးလွ်င္ အငန္စားမိ၍ ေသြးတိုးသည္ထက္ပို၍ ဆိုးတတ္ပါသည္။အာယုေဗၺဒ ေဆးပညာ၏ အလိုအရ ခႏၶာကိုယ္အတြင္းေသြးမ်ား စီးဆင္းေနျခင္းမွာ ေလတြန္းအားေၾကာင့္ ျဖစ္သည္။



ဝါေယာဓါတ္၏ တြန္းကန္မႈေၾကာင့္ ျဖစ္သည္။ ေလစာ (ဝါေယာစာ)စားေသာအခါ နဂိုေသြးတိုး အခံရွိသူမ်ားမွာ ေလတြန္းအားေၾကာင့္ပို၍ ေသြးတက္လာျခင္းျဖစ္ၿပီး ေဆာင့္တက္ခဲ့လွ်င္ဦးေႏွာက္ထဲမွ ေသြးေၾကာေပါက္သည္အထိ ျဖစ္ႏိုင္သည္။

ထိုအမ်ိဳးသမီးႀကီး၏ ညစာတြင္ ပါဝင္ေသာ ၾကက္ဟင္းခါးသီးမွာ အခါးအရသာရွိေသာ ေလစာျဖစ္သည္။ ေခြးေတာက္႐ြက္၊တမာ႐ြက္၊ ၾကက္ဟင္းခါးသီး၊ ေၾကာင္လွ်ာသီး၊ ကင္းပုံသီးစသည္တို႔မွာ ခါးေသာ အရသာရွိေသာ ေလစာမ်ား ျဖစ္သည္။ေလတိုးပြားၿပီး တြန္းကန္ေစသျဖင့္ ေလတိုး (ေသြးတိုး)ေစေသာ အစာမ်ားျဖစ္သည္ကို သတိပၾကေစခ်င္သည္။မူလ ေသြးတိုးအခံ ရွိသူသည္ ေသြးက်ေဆးလည္း ပုံမွန္ မေသာက္၊ ၾကက္ဟင္းခါးသီးကဲ့သို႔ ေလစာစားမိေသာအခါ ေသြးေပါင္တက္လာသည္။ညအိပ္ေနစဥ္က ဘာမွမျဖစ္ေသး။ အေပါ့အပါးသြားရန္အျပင္ထြက္ေသာအခါ အေအးပတ္ၿပီး ေသြးေၾကာမ်ားက်ဳံ႔ေနသျဖင့္ ေသြးေပါင္ခ်ိန္ ပိုတက္လာသည္။

ေသြးေပါင္တက္ျခင္းသည္ ႏွလုံးမွေသြးကိုပို၍ညႇစ္ပို႔ေသာေၾကာင့္ ျဖစ္သည္။ ညႇစ္အားေၾကာင့္ ဦးေႏွာက္အတြင္းမွ ေသြးေၾကာငယ္ေလးမ်ား ေပါက္ထြက္သြားျခင္းျဖစ္သည္။ အခ်ိဳ႕မွာလည္းညႇစ္အားေၾကာင့္ ေသြးေၾကာနံရံမွအဆီခဲ၊ ေသြးခဲတို႔ ပတ္ေမ်ာပါသြားၿပီး ဦးေႏွာက္အတြင္းပိုင္းတြင္သြားေရာက္ ပိတ္ဆို႔လိုက္ျခင္းေၾကာင့္ ေလျဖတ္ရျခင္း ျဖစ္သည္။

ၾကက္ဟင္းခါးသီးကို ႀကိဳက္လြန္းလို႔ ငယ္ငယ္ေလးထဲကစားလာတာ၊ အခုမွဘာေၾကာင့္ လာၿပီး ေလျဖတ္ရသလဲဟုေမးစရာ ရွိပါသည္။ ငယ္ငယ္တုန္းက ေသြးေၾကာမ်ား၏အေနအထားမွာ ယခုအသက္ ၅၀ ေက်ာ္ အေနအထားႏွင့္ မတူပါ။ပလပ္စတစ္ ပိုက္မ်ားကို ၾကည့္ပါ။ ဝယ္ယူသုံးစြဲခါစက အသစ္ျဖစ္၍ ေပ်ာ့ေျပာင္းသည္။ ေရတြန္းအားကို ခံႏိုင္သည္။သို႔ေသာ္ ႏွစ္ၾကာလာေသာအခါ ထိုပလပ္စတစ္ပိုက္မ်ားသည္ မာေၾကာလာသည္။ ႂကြတ္ဆတ္လာသည္။ ေရယိုၿပီးစိမ့္သည့္ေနရာမ်ား ရွိလာသည္။ ေရဖိအားျပင္းထန္လွ်င္ ပိုက္ကြဲသြားႏိုင္သည္။

ဤသေဘာပင္။ ႏွလုံးေသြးေၾကာႏွင့္ ေသြးလွည့္အဖြဲ႕၏သေဘာမွာ အသက္ႀကီးလာလွ်င္ ဒဏ္မခံႏိုင္ေတာ့ပါ။အေအးပတ္မွ မဟုတ္။ အပူလြန္ကဲလွ်င္၊ ပင္ပန္းလွ်င္၊စိတ္တိုေဒါသထြက္လွ်င္ ႐ုတ္တရက္ လဲက်သြားႏိုင္သည္။ေလျဖတ္သြားႏိုင္သည္။ ေလျဖတ္သူ၊ လဲက်သူမွန္သမွ် ကိုေလ့လာဆန္းစစ္ ၾကည့္ေသာအခါ ထိုသို႔မျဖစ္မီ နာရီအနည္းငယ္အတြင္းက သူတို႔သည္ ေလစာတစ္မ်ိဳးမ်ိဳးကို စားထားခဲ့ၾကေၾကာင္းေတြ႕ရွိရပါသည္။

ေသြးတိုး၍ ေလျဖတ္ျခင္းမ်ားတြင္ ခႏၶာကိုယ္၏ ဘယ္ျခမ္းေလျဖတ္ျခင္း၊ ညာျခမ္း ေလျဖတ္ျခင္း၊ ပါး႐ြဲ႕ေလျဖတ္ျခင္းမ်ားရွိသကဲ့သို႔ ခႏၶာကိုယ္မွာ အေကာင္းပကတိ လႈပ္ရွားႏိုင္ေသာ္လည္းစကားမပီ၊ မေျပာႏိုင္ေတာ့သည့္ လွ်ာေလျဖတ္ျခင္းလည္း ရွိပါသည္။

ျဖစ္ခဲေသာ္လည္း အမ်ားအျပား ေတြ႕ရဖူးပါသည္။ဘယ္သန္သူမ်ား ဘယ္ျခမ္း ေလျဖတ္လွ်င္ စကားမပီ၊ လွ်ာပါ႐ြဲ႕ေစာင္းၿပီးေလျဖတ္ေလ့ ရွိပါသည္။ မသန္သည့္ အျခမ္းကို ေလ့က်င့္ခန္းလုပ္ေပးျခင္း၊ တိုင္းရင္းေဆး အေၾကာျပင္ ပညာတို႔ႏွင့္ျပဳျပင္ကုသေပးျခင္းတို႔ႏွင့္ ျပန္၍ ေကာင္းႏိုင္ေသာ္လည္းလွ်ာကိုအေၾကာျပင္၍ မရပါ။ လွ်ာပြတ္ေဆးကို အားကိုးရပါသည္။အေနာက္တိုင္းေဆးတြင္ လွ်ာပြတ္ေဆးမရွိပါ။ တိုင္းရင္းေဆးကဤေနရာတြင္ အားသာခ်က္ရွိသည္။

နန္းတြင္းလွ်ာပြတ္ေဆးသည္ ျမန္မာဘုရင္ လက္ထက္ကနန္းသုံးေဆးျဖစ္ၿပီး တိုင္းရင္းေဆး အမွတ္ (၃၂) ဟုသတ္မွတ္ထားသည္။ ၎ေဆးတြင္ အဆိပ္ပင္မ်ားျဖစ္ေသာဆီမီးေတာက္ဥ၊ ကိုယ္ရံႀကီးဥ၊ ပဒိုင္းျမစ္၊ မွ်ားဆိပ္စေသာအစြမ္းထက္သည့္ ေဆးအမယ္မ်ား ပါဝင္သည္။အဆိပ္ပင္ေလာ၊ ေဆးပင္ေလာ အဆိပ္သည္ ဆရာ့လက္ေရာက္လွ်င္ေဆးျဖစ္သည္ဟု ဆိုႏိုင္ေလသည္။ အျခားဆရာကိုင္ ေလျဖတ္လွ်ာပြတ္ေဆးမ်ားလည္း ရွိသည္။ လွ်ာ႐ြဲ႕ျခင္း၊ လွ်ာတိုျခင္း၊စကားမပီျခင္း၊ သြားရည္မထိန္းႏိုင္ျခင္းမ်ားကို ေရွးျမန္မာတိုင္းရင္းေဆး ဆရာႀကီးမ်ားက ႏိုင္နင္းပိုင္ႏိုင္စြာ ကုသႏိုင္ခဲ့ၾကပါသည္။

ေလစာမ်ား အေၾကာင္းကို ဆက္လက္တင္ျပရလွ်င္ . . .

“အခါးဟူသမွ် ေလဓါတ္ႂကြ၊မူလပ်က္စီးရာ ေခြးေတာက္တမာ၊

ေၾကာင္လွ်ာၾကက္ဟင္းခါး

ဝက္သားလက္ဖက္

မတြဲဖက္၊ တစ္ခ်က္မွတ္ၾကပါ”ဟူေသာ လကၤာႏွင့္အညီ ေလစာကို တစ္ေန႔တည္း ႏွစ္မ်ိဳးစားမိျခင္း၊ တစ္ႀကိမ္တည္း ႏွစ္မ်ိဳးေရာစားမိျခင္းတို႔ေၾကာင့္ ေလျဖတ္ႏိုင္သည္ကိုတင္ျပလိုပါသည္။ ဝက္သားသည္ ေလစာျဖစ္သည္။ ေသြးတိုးႏိုင္သည္။

ဝက္သား စားသည့္ေန႔တြင္ ၾကက္ဟင္းခါးသီး ခ်က္မစားရ။ေခြးေတာက္႐ြက္ဟင္းခ်ိဳ မေသာက္ရ။ ေၾကာင္လွ်ာသီးခ်က္မစားရ။လက္ဖက္ (အခါးမညႇစ္ပဲ) မစားရ။ တမာ႐ြက္မစားရပါ။ စားမိလွ်င္တစ္ေန႔တည္း ေလစာႏွစ္မ်ိဳး ထပ္မိၿပီး ေသြးတိုး (ေလတိုး) တက္ၿပီးေလျဖတ္ျခင္း၊ ဦးေႏွာက္ ေသြးေၾကာျပတ္ျခင္း ျဖစ္ႏိုင္ပါသည္။

ဆီးခ်ိဳေရာဂါ ရွိသူမ်ားသည္ အခါးစားမီလွ်င္ ဆီးခ်ိဳသက္သာမည္ထင္ၿပီး တစ္ေန႔တည္း အခါးႏွစ္မ်ိဳးစားမိလွ်င္ ေသြးတိုးၿပီးေလျဖတ္ႏိုင္ပါသည္။ ဆီးခ်ိဳထိန္းေဆးမ်ားကို ကြၽမ္းက်င္သည့္ ဆရာဝန္၏ ၫႊန္ၾကားခ်က္အတိုင္းသာ စားသင့္သည္။ အခါး စားလြန္းလွ်င္ ေလစာျဖစ္ၿပီး ေသြးတိုးေရာဂါပါ ထပ္တိုးလာႏိုင္ပါသည္။နရသုခိက်မ္းတြင္ “ယားယံျခင္းကား ေလကင္းမွတ္ရာ” ဟုမိန႔္ဆိုခ်က္ရွိသျဖင့္ ယားနာေရာဂါ၊ အေရျပား ေရာဂါရွိသူမ်ားလည္းေလစာ၊ အခါးဓါတ္မ်ား မစားသင့္ပါ။

အရသာခါးလွ်င္ ေလွ်ာ့စား၊ ေရွာင္စားသင့္ပါသည္။ေသြးယားေရာဂါ Alergic ရွိသူမ်ားလည္းေလစာစားလွ်င္ ေရာဂါျပန္ထေလ့ရွိေၾကာင္း ေတြ႕ရပါသည္။ဖုန္၊ ၾကက္ေမႊး၊ ငွက္ေမႊး၊ စူးရွေသာအနံ႔၊ ဓါတ္ဆီ၊ ဒီဇယ္အနံ႔မ်ားေၾကာင့္Alergic ထသည္ကို သိၾကေသာ္လည္း ေလစာေၾကာင့္ေသြးယားေရာဂါ ထသည္ကို သိသူနည္းသျဖင့္ တင္ျပရျခင္း ျဖစ္ပါသည္။

ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါ ရွိသူအားလုံး ေလစာကိုသတိထားစားရန္၊ တတ္ႏိုင္သမွ် ေရွာင္စားရန္၊ ေလွ်ာ့စားရန္ႏွင့္အထူး သတိျပဳရန္မွာ

တစ္ေန႔တည္း၊ တစ္ႀကိမ္တည္းမွာ ေလစာႏွစ္မ်ိဳးဆင့္၍ မစားမိၾကရန္သတိျပဳၾကဖို႔ အသိေပး ေရးသားလိုက္ရပါသည္။

Credit to ၿငိမ္းခ်မ္းေမာင္

unicode

စာရေးသူ၏ ဆေးခန်းသို့ လျှာလေးပြီး စကားမပီသူခပ်ဝဝ အမျိုးသမီး လူနာတစ်ဦး ရောက်လာပါသည်။သူသည် အသက် (၅၀) ကျော်ရှိပြီ။ သူဘာဖြစ်ခဲ့သည်ကိုသူ့ဖာသာ မပြောနိုင်။ နံဘေးမှ ပါလာသူ မိသားစုဝင်တစ်ဦးက ပြောပြရပါသည်။ နံနက်စောစော (၃) နာရီခန့်ကအပေါ့ထသွားရင်း ခေါင်းထဲမှမူးပြီး လဲကျမလို ဖြစ်ခဲ့သည်။

ဆောင်းတွင်းဖြစ်၍ အေးနေသော အချိန်လည်း ဖြစ်သည်။အိမ်သားများသိ၍ အချိန်မီအိပ်ယာပေါ်သို့ တွဲခေါ်ကြသည်။လဲမကျပါ။ သို့သော် သူမ စကားပြောသောအခါ လျှာလိပ်ပြီး စကားမပီတော့ကြောင်း ပြောပါသည်။ နံနက်လင်းချိန်တွင်ဆေးခန်းတစ်ခုတွင် သွေးပေါင်ချိန် ကြည့်သောအခါသွေးတိုးတက်နေကြောင်း ပြောပါသည်။ အပေါ်သွေး ၁၈၀(မီလီမီတာ/ပြဒါး) အောက်သွေး ၁၂၀ (မီလီမီတာ/ပြဒါး)ရှိနေသဖြင့် သွေးတိုးကျဆေး ထိုးပေးလိုက်သည်ဟု ပြောပါသည်။

သွေးတိုးရောဂါသည် အငန်စားမှသာ တိုးသည်မဟုတ်။အအေးပတ်လျှင်လည်း တိုးတတ်ပါသည်။ ရေချိုးမှား၍၊လေတိုက်ထဲတွင် အိပ်မိ၍၊ ပန်ကာလေ၊ အဲယားကွန်း အအေးလွန်ကဲခြင်းတို့ကြောင့် သွေးကြောများ အအေးပတ်၍ကျုံ့ပြီး သွေးပေါင်တက်လာ တတ်ပါသည်။

လျှာလေး (လျှာလေဖြတ်) သွားသူ အမျိုးသမီးကြီး၏ရာဇဝင်ကို မေးမြန်းကြည့်သောအခါ အသက် ၄၀ ကျော်မှစပြီး လူဝလာပြီး သွေးတိုးဝင်လာသည်။ သွေးကျဆေးကို စွဲမစားပါ။ခေါင်းမူးသည့်အခါ စားသည်။ ပိုပြီးဝလာမှာ စိုးသဖြင့်အဆီများရှောင်သည်။ ဝက်သား၊ အမဲသား ခြေလေးချောင်းရှောင်သည်။ အချိုရှောင်သည်။ သွေးချို၊ ဆီးချိုဝင်မည် စိုးသဖြင့်အစပ်နှင့် အခါးကိုသာ များများစားသည်ဟု ဆိုပါသည်။

ဖြစ်မယ့်ညက ညစာ ဘာစားမိသလဲဟု မေးသောအခါပုံမှန်ထမင်းဟင်းပဲ စားသည်ဟု ပြောသည်။ ဘာဟင်းနှင့်စားလဲမေးသောအခါ ကြက်သားဟင်း၊ အသီးအရွက်ကြော်အနည်းငယ်စားသည်ဟု ပြောသည်။ သင့်သောအစာများပင်ဖြစ်ပါသည်။ အခြားဘာများ စားမိသေးလဲ မေးမှကြက်ဟင်းခါးသီးကြော်လည်း ပါသည်ဟု ပြောပါသည်။

သွေးတိုးရှိသူ အတော်များများသည် အငန်ရှောင်ရမည်။ဆားရှောင်ရမည်ကို သိကြပါသည်။ သို့သော် အရေးကြီးသောအခြားရှောင်ရန် ရှိသေးသည်ကို မသိကြပါ။ ထိုအရာမှာ လေစာဖြစ်ပါသည်။ လေစာကြောင့် သွေးတိုးလျှင် အငန်စားမိ၍ သွေးတိုးသည်ထက်ပို၍ ဆိုးတတ်ပါသည်။အာယုဗ္ဗေဒ ဆေးပညာ၏ အလိုအရ ခန္ဓာကိုယ်အတွင်းသွေးများ စီးဆင်းနေခြင်းမှာ လေတွန်းအားကြောင့် ဖြစ်သည်။

ဝါယောဓါတ်၏ တွန်းကန်မှုကြောင့် ဖြစ်သည်။ လေစာ (ဝါယောစာ)စားသောအခါ နဂိုသွေးတိုး အခံရှိသူများမှာ လေတွန်းအားကြောင့်ပို၍ သွေးတက်လာခြင်းဖြစ်ပြီး ဆောင့်တက်ခဲ့လျှင်ဦးနှောက်ထဲမှ သွေးကြောပေါက်သည်အထိ ဖြစ်နိုင်သည်။

ထိုအမျိုးသမီးကြီး၏ ညစာတွင် ပါဝင်သော ကြက်ဟင်းခါးသီးမှာ အခါးအရသာရှိသော လေစာဖြစ်သည်။ ခွေးတောက်ရွက်၊တမာရွက်၊ ကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး၊ ကင်းပုံသီးစသည်တို့မှာ ခါးသော အရသာရှိသော လေစာများ ဖြစ်သည်။လေတိုးပွားပြီး တွန်းကန်စေသဖြင့် လေတိုး (သွေးတိုး)စေသော အစာများဖြစ်သည်ကို သတိပကြစေချင်သည်။မူလ သွေးတိုးအခံ ရှိသူသည် သွေးကျဆေးလည်း ပုံမှန် မသောက်၊ ကြက်ဟင်းခါးသီးကဲ့သို့ လေစာစားမိသောအခါ သွေးပေါင်တက်လာသည်။ညအိပ်နေစဉ်က ဘာမှမဖြစ်သေး။ အပေါ့အပါးသွားရန်အပြင်ထွက်သောအခါ အအေးပတ်ပြီး သွေးကြောများကျုံ့နေသဖြင့် သွေးပေါင်ချိန် ပိုတက်လာသည်။

သွေးပေါင်တက်ခြင်းသည် နှလုံးမှသွေးကိုပို၍ညှစ်ပို့သောကြောင့် ဖြစ်သည်။ ညှစ်အားကြောင့် ဦးနှောက်အတွင်းမှ သွေးကြောငယ်လေးများ ပေါက်ထွက်သွားခြင်းဖြစ်သည်။ အချို့မှာလည်းညှစ်အားကြောင့် သွေးကြောနံရံမှအဆီခဲ၊ သွေးခဲတို့ ပတ်မျောပါသွားပြီး ဦးနှောက်အတွင်းပိုင်းတွင်သွားရောက် ပိတ်ဆို့လိုက်ခြင်းကြောင့် လေဖြတ်ရခြင်း ဖြစ်သည်။

ကြက်ဟင်းခါးသီးကို ကြိုက်လွန်းလို့ ငယ်ငယ်လေးထဲကစားလာတာ၊ အခုမှဘာကြောင့် လာပြီး လေဖြတ်ရသလဲဟုမေးစရာ ရှိပါသည်။ ငယ်ငယ်တုန်းက သွေးကြောများ၏အနေအထားမှာ ယခုအသက် ၅၀ ကျော် အနေအထားနှင့် မတူပါ။ပလပ်စတစ် ပိုက်များကို ကြည့်ပါ။ ဝယ်ယူသုံးစွဲခါစက အသစ်ဖြစ်၍ ပျော့ပြောင်းသည်။ ရေတွန်းအားကို ခံနိုင်သည်။သို့သော် နှစ်ကြာလာသောအခါ ထိုပလပ်စတစ်ပိုက်များသည် မာကြောလာသည်။ ကြွတ်ဆတ်လာသည်။ ရေယိုပြီးစိမ့်သည့်နေရာများ ရှိလာသည်။ ရေဖိအားပြင်းထန်လျှင် ပိုက်ကွဲသွားနိုင်သည်။

ဤသဘောပင်။ နှလုံးသွေးကြောနှင့် သွေးလှည့်အဖွဲ့၏သဘောမှာ အသက်ကြီးလာလျှင် ဒဏ်မခံနိုင်တော့ပါ။အအေးပတ်မှ မဟုတ်။ အပူလွန်ကဲလျှင်၊ ပင်ပန်းလျှင်၊စိတ်တိုဒေါသထွက်လျှင် ရုတ်တရက် လဲကျသွားနိုင်သည်။လေဖြတ်သွားနိုင်သည်။ လေဖြတ်သူ၊ လဲကျသူမှန်သမျှ ကိုလေ့လာဆန်းစစ် ကြည့်သောအခါ ထိုသို့မဖြစ်မီ နာရီအနည်းငယ်အတွင်းက သူတို့သည် လေစာတစ်မျိုးမျိုးကို စားထားခဲ့ကြကြောင်းတွေ့ရှိရပါသည်။

သွေးတိုး၍ လေဖြတ်ခြင်းများတွင် ခန္ဓာကိုယ်၏ ဘယ်ခြမ်းလေဖြတ်ခြင်း၊ ညာခြမ်း လေဖြတ်ခြင်း၊ ပါးရွဲ့လေဖြတ်ခြင်းများရှိသကဲ့သို့ ခန္ဓာကိုယ်မှာ အကောင်းပကတိ လှုပ်ရှားနိုင်သော်လည်းစကားမပီ၊ မပြောနိုင်တော့သည့် လျှာလေဖြတ်ခြင်းလည်း ရှိပါသည်။

ဖြစ်ခဲသော်လည်း အများအပြား တွေ့ရဖူးပါသည်။ဘယ်သန်သူများ ဘယ်ခြမ်း လေဖြတ်လျှင် စကားမပီ၊ လျှာပါရွဲ့စောင်းပြီးလေဖြတ်လေ့ ရှိပါသည်။ မသန်သည့် အခြမ်းကို လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ တိုင်းရင်းဆေး အကြောပြင် ပညာတို့နှင့်ပြုပြင်ကုသပေးခြင်းတို့နှင့် ပြန်၍ ကောင်းနိုင်သော်လည်းလျှာကိုအကြောပြင်၍ မရပါ။ လျှာပွတ်ဆေးကို အားကိုးရပါသည်။အနောက်တိုင်းဆေးတွင် လျှာပွတ်ဆေးမရှိပါ။ တိုင်းရင်းဆေးကဤနေရာတွင် အားသာချက်ရှိသည်။

နန်းတွင်းလျှာပွတ်ဆေးသည် မြန်မာဘုရင် လက်ထက်ကနန်းသုံးဆေးဖြစ်ပြီး တိုင်းရင်းဆေး အမှတ် (၃၂) ဟုသတ်မှတ်ထားသည်။ ၎င်းဆေးတွင် အဆိပ်ပင်များဖြစ်သောဆီမီးတောက်ဥ၊ ကိုယ်ရံကြီးဥ၊ ပဒိုင်းမြစ်၊ မျှားဆိပ်စသောအစွမ်းထက်သည့် ဆေးအမယ်များ ပါဝင်သည်။အဆိပ်ပင်လော၊ ဆေးပင်လော အဆိပ်သည် ဆရာ့လက်ရောက်လျှင်ဆေးဖြစ်သည်ဟု ဆိုနိုင်လေသည်။ အခြားဆရာကိုင် လေဖြတ်လျှာပွတ်ဆေးများလည်း ရှိသည်။ လျှာရွဲ့ခြင်း၊ လျှာတိုခြင်း၊စကားမပီခြင်း၊ သွားရည်မထိန်းနိုင်ခြင်းများကို ရှေးမြန်မာတိုင်းရင်းဆေး ဆရာကြီးများက နိုင်နင်းပိုင်နိုင်စွာ ကုသနိုင်ခဲ့ကြပါသည်။

လေစာများ အကြောင်းကို ဆက်လက်တင်ပြရလျှင် . . .

“အခါးဟူသမျှ လေဓါတ်ကြွ၊မူလပျက်စီးရာ ခွေးတောက်တမာ၊

ကြောင်လျှာကြက်ဟင်းခါး

ဝက်သားလက်ဖက်

မတွဲဖက်၊ တစ်ချက်မှတ်ကြပါ”ဟူသော လင်္ကာနှင့်အညီ လေစာကို တစ်နေ့တည်း နှစ်မျိုးစားမိခြင်း၊ တစ်ကြိမ်တည်း နှစ်မျိုးရောစားမိခြင်းတို့ကြောင့် လေဖြတ်နိုင်သည်ကိုတင်ပြလိုပါသည်။ ဝက်သားသည် လေစာဖြစ်သည်။ သွေးတိုးနိုင်သည်။

ဝက်သား စားသည့်နေ့တွင် ကြက်ဟင်းခါးသီး ချက်မစားရ။ခွေးတောက်ရွက်ဟင်းချို မသောက်ရ။ ကြောင်လျှာသီးချက်မစားရ။လက်ဖက် (အခါးမညှစ်ပဲ) မစားရ။ တမာရွက်မစားရပါ။ စားမိလျှင်တစ်နေ့တည်း လေစာနှစ်မျိုး ထပ်မိပြီး သွေးတိုး (လေတိုး) တက်ပြီးလေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်း ဖြစ်နိုင်ပါသည်။

ဆီးချိုရောဂါ ရှိသူများသည် အခါးစားမီလျှင် ဆီးချိုသက်သာမည်ထင်ပြီး တစ်နေ့တည်း အခါးနှစ်မျိုးစားမိလျှင် သွေးတိုးပြီးလေဖြတ်နိုင်ပါသည်။ ဆီးချိုထိန်းဆေးများကို ကျွမ်းကျင်သည့် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းသာ စားသင့်သည်။ အခါး စားလွန်းလျှင် လေစာဖြစ်ပြီး သွေးတိုးရောဂါပါ ထပ်တိုးလာနိုင်ပါသည်။နရသုခိကျမ်းတွင် “ယားယံခြင်းကား လေကင်းမှတ်ရာ” ဟုမိန့်ဆိုချက်ရှိသဖြင့် ယားနာရောဂါ၊ အရေပြား ရောဂါရှိသူများလည်းလေစာ၊ အခါးဓါတ်များ မစားသင့်ပါ။

အရသာခါးလျှင် လျှော့စား၊ ရှောင်စားသင့်ပါသည်။သွေးယားရောဂါ Alergic ရှိသူများလည်းလေစာစားလျှင် ရောဂါပြန်ထလေ့ရှိကြောင်း တွေ့ရပါသည်။ဖုန်၊ ကြက်မွှေး၊ ငှက်မွှေး၊ စူးရှသောအနံ့၊ ဓါတ်ဆီ၊ ဒီဇယ်အနံ့များကြောင့်Alergic ထသည်ကို သိကြသော်လည်း လေစာကြောင့်သွေးယားရောဂါ ထသည်ကို သိသူနည်းသဖြင့် တင်ပြရခြင်း ဖြစ်ပါသည်။

သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ရှိသူအားလုံး လေစာကိုသတိထားစားရန်၊ တတ်နိုင်သမျှ ရှောင်စားရန်၊ လျှော့စားရန်နှင့်အထူး သတိပြုရန်မှာ

တစ်နေ့တည်း၊ တစ်ကြိမ်တည်းမှာ လေစာနှစ်မျိုးဆင့်၍ မစားမိကြရန်သတိပြုကြဖို့ အသိပေး ရေးသားလိုက်ရပါသည်။

Credit to ငြိမ်းချမ်းမောင်