Latest Posts

ပင္လယ္ဓားျပသေဘၤာေတြကို စိတ္၀င္စားသူေတြအတြက္ ဗာဆာျပတိုက္


ပတိုက္ေတြနဲ႔ ပတ္သက္ျပီး ကမာၻေပၚမွာ အမ်ိဳးမ်ိဳးရွိပါတယ္။ လူေတြစိတ္၀င္စားတဲ့ သဘာ၀သမိုင္းျပတိုက္ကေတာ့ ႏုိင္ငံတိုင္းလိုလိုမွာရွိျပီး၊ ဗဟုသုတရစရာေတြက ေတာ္ေတာ္မ်ားပါတယ္။ အခုေျပာျပေပးမယ့္ ျပတိုက္က သမားရိုးက်ကေန ခြဲထြက္ျပီး၊ လူတိုင္းသေဘာက်မယ့္ ျပတိုက္အမ်ိဳးအစားပါ။



ဂ်က္စပဲရိုးဇာတ္ကားေတြမွာထည္႔ရိုက္ျပထားတဲ့ ပင္လယ္ဓာျပသေဘၤာေတြ၊ ေရွးေခတ္က ေရတပ္သေဘၤာေတြဟာ တကယ့္လက္ေတြ႔ဘ၀မွာလည္း ထပ္တူနီးပါးက်ပါတယ္။ ဒီျပတိုက္က (၁၇)ရာစုမွာတကယ္သံုးခဲ့တဲ့ ဗာဆာဆိုတဲ့ စစ္သေဘၤာၾကီးကို ျပတိုက္တစ္ခုအေနနဲ႔ ဖြင့္ထားတာျဖစ္ျပီး၊ သူ႕ရဲ႕သမိုင္းေၾကာင္းနဲ႔ ပါ၀င္ပတ္သက္ခဲ့သူေတြကို အလႊာ(၆)လႊာဖြင့္ျပီးရွင္းျပထားတာပါ။



တည္ေဆာက္ပံုအဆင့္ဆင့္နဲ႔၊ အဲဒီအခ်ိန္တုန္းက လက္ရာေတြအတိုင္းအကုန္လံုးကို ထပ္တူနီးပါး တခ်ိဳ႕ကိုျပန္ဖန္တီးထားျပီး၊ သေဘၤာမွာပါတဲ့ အႏုပညာထုဆစ္မႈေတြက (၁၇)ရာစုက လက္ရာေတြလို႔ဆိုပါတယ္။ (၁၆၂၈)၊ ၾသဂုတ္လ(၁၀)ရက္မွာ ပထမဆံုးခရီးစထြက္ခဲ့တဲ့ဗာဆာဟာ ဆိပ္ကမ္းမွာေရခ်ျပီး မၾကာခင္မွာပဲ ေရနစ္သြားပါတယ္။

ႏွစ္ေပါင္း(၃၃၃)ႏွစ္ၾကာေအာင္ပါ။ ဘုရင္ဂူစတပ္(၂)အေဒါ့ဖ္ဟာ ဒီသေဘၤာကို အေျမာက္(၆၄)လက္နဲ႔ သူရဲ႕ေရတပ္မေတာ္မွာ အင္အားအၾကီးဆံုးျဖစ္ဖို႔ ဖန္တီးခဲ့ေပမဲ့ စိတ္မေကာင္းစြာနဲ႔ပဲ မေအာင္ျမင္ခဲ့ပါဘူး။ ဒီေတာ့ ေရျမဳပ္သြားတဲ့ သေဘၤာၾကီးလိုမ်ိဳးကို ျပန္ေဆာက္ဖို႔ အလုပ္သမားေတြ၊ ပညာရွင္ေတြဟာ အေတာ္ေလးကို ၾကိဳးစားအားထုတ္ခဲ့ရပါတယ္။



ဗာဆာကို ဘုရင္က စစ္သေဘၤာလုပ္ဖို႔ စဥ္းစားခဲ့ေပမဲ့ တကယ္တမ္းအခုခ်ိန္မွာ ျပတိုက္တဲ့ျပန္ေရာက္ေနရတဲ့အေၾကာင္းရင္းက အႏုပညာလက္ရာေတြကိုထည္႔ေဆာက္ခဲ့လို႔ပါပဲ။ အဲဒီအခ်ိန္ကတည္းကႏိုင္ငံရဲ႕ ယဥ္ေက်းမႈေတြတိုးတက္ေနပံုကို သေဘၤာမွာေရးထိုးခဲ့တာေတြကို ႏိုင္ငံသားေတြျပန္ျမင္ရေအာင္လို႔ ျပတိုက္ကိုတည္ေဆာက္ခဲ့တာပါ။ ဆယ္ေပရွည္တဲ့ျခေသၤ့ရုပ္ထုၾကီးက တကယ့္ကိုခမ္းနားခဲ့ျပီး အဖိုးမျဖတ္ႏိုင္ေအာင္ျဖစ္ခဲ့ပါတယ္။



ဗာဆာျပတိုက္ကိုသြားေလ့လာခ်င္တယ္ဆိုရင္ေတာ့ ဆီဒြင္ႏိုင္ငံ၊ စေတာ့ဟုမ္းျမိဳ႕မွာ ဗာဆာျပတိုက္ဆိုျပီး ေလ့လာႏိုင္ပါတယ္။ အခုအခ်ိန္မွာေတာ့ သေဘာၤကို ေသခ်ာျပန္တည္ေဆာက္ထားျပီး၊ အႏုပညာလက္ရာေတြကို အသေအခ်ာၾကည္လို႔ရျပီမလို႔ ဂ်က္စပဲရိုးကားထဲကလို ဟုတ္မဟုတ္ သြားေလ့လာဖို႔ တိုက္တြန္းလိုက္ပါတယ္။



Credit  \\  original

Unicode

ပင်လယ်ဓားပြသင်္ဘောတွေကို စိတ်ဝင်စားသူတွေအတွက် ဗာဆာပြတိုက်

ပြတိုက်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်မှာ အမျိုးမျိုးရှိပါတယ်။ လူတွေစိတ်ဝင်စားတဲ့ သဘာဝသမိုင်းပြတိုက်ကတော့ နိုင်ငံတိုင်းလိုလိုမှာရှိပြီး၊ ဗဟုသုတရစရာတွေက တော်တော်များပါတယ်။ အခုပြောပြပေးမယ့် ပြတိုက်က သမားရိုးကျကနေ ခွဲထွက်ပြီး၊ လူတိုင်းသဘောကျမယ့် ပြတိုက်အမျိုးအစားပါ။

ဂျက်စပဲရိုးဇာတ်ကားတွေမှာထည့်ရိုက်ပြထားတဲ့ ပင်လယ်ဓာပြသင်္ဘောတွေ၊ ရှေးခေတ်က ရေတပ်သင်္ဘောတွေဟာ တကယ့်လက်တွေ့ဘဝမှာလည်း ထပ်တူနီးပါးကျပါတယ်။ ဒီပြတိုက်က (၁၇)ရာစုမှာတကယ်သုံးခဲ့တဲ့ ဗာဆာဆိုတဲ့ စစ်သင်္ဘောကြီးကို ပြတိုက်တစ်ခုအနေနဲ့ ဖွင့်ထားတာဖြစ်ပြီး၊ သူ့ရဲ့သမိုင်းကြောင်းနဲ့ ပါဝင်ပတ်သက်ခဲ့သူတွေကို အလွှာ(၆)လွှာဖွင့်ပြီးရှင်းပြထားတာပါ။

တည်ဆောက်ပုံအဆင့်ဆင့်နဲ့၊ အဲဒီအချိန်တုန်းက လက်ရာတွေအတိုင်းအကုန်လုံးကို ထပ်တူနီးပါး တချို့ကိုပြန်ဖန်တီးထားပြီး၊ သင်္ဘောမှာပါတဲ့ အနုပညာထုဆစ်မှုတွေက (၁၇)ရာစုက လက်ရာတွေလို့ဆိုပါတယ်။ (၁၆၂၈)၊ သြဂုတ်လ(၁၀)ရက်မှာ ပထမဆုံးခရီးစထွက်ခဲ့တဲ့ဗာဆာဟာ ဆိပ်ကမ်းမှာရေချပြီး မကြာခင်မှာပဲ ရေနစ်သွားပါတယ်။

နှစ်ပေါင်း(၃၃၃)နှစ်ကြာအောင်ပါ။ ဘုရင်ဂူစတပ်(၂)အဒေါ့ဖ်ဟာ ဒီသင်္ဘောကို အမြောက်(၆၄)လက်နဲ့ သူရဲ့ရေတပ်မတော်မှာ အင်အားအကြီးဆုံးဖြစ်ဖို့ ဖန်တီးခဲ့ပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ မအောင်မြင်ခဲ့ပါဘူး။ ဒီတော့ ရေမြုပ်သွားတဲ့ သင်္ဘောကြီးလိုမျိုးကို ပြန်ဆောက်ဖို့ အလုပ်သမားတွေ၊ ပညာရှင်တွေဟာ အတော်လေးကို ကြိုးစားအားထုတ်ခဲ့ရပါတယ်။

ဗာဆာကို ဘုရင်က စစ်သင်္ဘောလုပ်ဖို့ စဉ်းစားခဲ့ပေမဲ့ တကယ်တမ်းအခုချိန်မှာ ပြတိုက်တဲ့ပြန်ရောက်နေရတဲ့အကြောင်းရင်းက အနုပညာလက်ရာတွေကိုထည့်ဆောက်ခဲ့လို့ပါပဲ။ အဲဒီအချိန်ကတည်းကနိုင်ငံရဲ့ ယဉ်ကျေးမှုတွေတိုးတက်နေပုံကို သင်္ဘောမှာရေးထိုးခဲ့တာတွေကို နိုင်ငံသားတွေပြန်မြင်ရအောင်လို့ ပြတိုက်ကိုတည်ဆောက်ခဲ့တာပါ။ ဆယ်ပေရှည်တဲ့ခြင်္သေ့ရုပ်ထုကြီးက တကယ့်ကိုခမ်းနားခဲ့ပြီး အဖိုးမဖြတ်နိုင်အောင်ဖြစ်ခဲ့ပါတယ်။

ဗာဆာပြတိုက်ကိုသွားလေ့လာချင်တယ်ဆိုရင်တော့ ဆီဒွင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ဗာဆာပြတိုက်ဆိုပြီး လေ့လာနိုင်ပါတယ်။ အခုအချိန်မှာတော့ သဘောၤကို သေချာပြန်တည်ဆောက်ထားပြီး၊ အနုပညာလက်ရာတွေကို အသအေချာကြည်လို့ရပြီမလို့ ဂျက်စပဲရိုးကားထဲကလို ဟုတ်မဟုတ် သွားလေ့လာဖို့ တိုက်တွန်းလိုက်ပါတယ်။

Credit  \\  original