Latest Posts

သင့္ ႐ုံးစားပြဲမွာပင္ လုပ္ႏိုင္ေသာ ေလ့က်င့္ခန္းမ်ား



Zawgyiျဖင့္ဖတ္ရန္

လုပ္ငန္းခြင္ဟာ တခါတရံမွာ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ ဥပမာ ကြန္ပ်ဴတာေရွ႕မွာ နာရီမ်ားစြာ အနားမယူဘဲ လုပ္ေနရျခင္းေပါ့။ သင္ဟာ ကာယေလ့က်င့္ခန္းျပဳလုပ္ဖို႔ အသင္းဝင္ေကာင္းဝင္ ထားပါလိမ့္မယ္။ ဒါေပမယ့္ ခုံကေန ခြာမရျဖစ္ေနရင္ အခ်ည္းအႏွီးပါပဲ။ သုေတသနေတြအရ နာရီဝက္ခန႔္ေလ့က်င့္ခန္းကို တပတ္မွာ ၅ႀကိမ္ေလာက္ လုပ္ေပးရင္ က်န္းမာေရးကို အေထာက္အကူျပဳတယ္လို႔ သိရပါတယ္။ က်န္းမာေရးကို ဒုကၡေပးတဲ့ ျပသနာေတြကို ဘယ္လိုေရွာင္ရွးႏိုင္လဲ၊ လုပ္ငန္းခြင္မွာ ဘယ္လိုေလ့က်င့္ခန္းေတြ လုပ္ႏိုင္လဲဆိုတာ သိရွိျခင္းအားျဖင့္ ပိုၿပီးက်န္းမာေရးေကာင္းမြန္တဲ့ လူေနမႈပုံစံကို ဖန္တီးႏိုင္ပါတယ္။

႐ုံးအလုပ္သမားမ်ားအတြက္ အျဖစ္မ်ားေသာ က်န္းမာေရးျပသနာမ်ား

႐ုံးလုပ္ငန္းသဘာဝအရ ၀န္ထမ္းမ်ားဟာ အခ်ိန္ၾကာျမင့္စြာ ထိုင္ၿပီးလုပ္ကိုင္ရတာေၾကာင့္ အားကစား႐ုံမ်ား သြားေရာက္ေလ့က်င့္႐ုံနဲ႔ မေျဖရွင္းႏိုင္တဲ့ ျပသနာေတြ ျဖစ္ႏိုင္ပါတယ္။ တေနရာတည္းမွာ အခ်ိန္အၾကာႀကီး ထိုင္ေနရရင္ ကိုယ္တြင္း ဇီဝျဖစ္ပ်က္မႈေတြဟာ ေႏွးေကြးသြားပါတယ္။ ကိုယ္တြင္း သၾကားဓာတ္ကို ထိန္းခ်ဳပ္မႈ၊ ေသြးေပါင္ခ်ိန္နဲ႔ အဆီဓာတ္ေခ်ဖ်က္မႈ စတာေတြဟာ ေျပာင္းလဲသြားႏိုင္ပါတယ္။

႐ုံးမွာ လႈပ္ရွားမႈနည္းပါးျခင္းဟာ က်န္းမာေရးအတြက္ အဓိကစိန္ေခၚမႈႀကီးပဲ ျဖစ္ပါတယ္။ ႏွလုံးေရာဂါ၊ အမ်ိဳးအစား (၂) ဆီးခ်ိဳ၊ ကင္ဆာ၊ စိတ္က်န္းမာေရး အားနည္းျခင္း စတာေတြဟာ ႐ုံးမွာလႈပ္ရွားမႈ နည္းျခင္းေၾကာင့္ က်န္းမာေရးကို ထိခိုက္တဲ့ ျပသနာေတြပဲ ျဖစ္ပါတယ္။

သင္ျပဳလုပ္ႏိုင္ေသာ ေလ့က်င့္ခန္းမ်ား

ေအာက္ပါေလ့က်င့္ခန္း ၅ခုဟာ သင့္႐ုံးစားပြဲမွာတင္ ျပဳလုပ္ႏိုင္ပါတယ္။ သင့္ကို သန္မာေစၿပီး အဆီပိုေတြကို ေလာင္ကြၽမ္းေစၿပီး ပိုၿပီး က်န္းမာေပ်ာ္႐ႊင္ေစပါတယ္။

Wall (Street) Sit

နံရံမွာမွီၿပီးရပါ။ ဒူးေကြးၿပီး ေက်ာကိုနံရံမွေလွ်ာခ်ပါ။ ေပါင္မ်ားကို ၾကမ္းျပင္နဲ႔အၿပိဳင္ထားပါ။ စကၠန႔္၃၀မွ ၆၀ထိ ထိုင္ခ်ထားပါ။ အဲဒီအခ်ိန္မွာ စာတခုခုကို ဖတ္ေနႏိုင္ပါတယ္။ အဆီေတြပိုၿပီး ေလာင္ကြၽမ္းေအာင္ ညာဘက္ေျခက်င္းဝတ္ကို ဘယ္ဒူးေပၚတင္ၿပီး ၁၅စကၠန႔္ခန႔္ထားပါ။ ၿပီးရင္ ဘယ္ညာေျပာင္းထိုင္ပါ။

The Office Genie

ဒီေလ့က်င့္ခန္းဟာ သင့္ကို အေၾကာေျပေလ်ာ့ ေစပါတယ္။ ေျခေထာက္၂ေခ်ာင္းကို ကန႔္လန႔္ျဖတ္ ခ်ိတ္ထားၿပီး ထိုင္လ်က္နဲ႔ မၿပီး ဆန႔္တန္းပါ။ လက္တန္းႏွစ္ခုေပၚ လက္မ်ား တင္ထားၿပီး ကိုယ္ကို ခုံကေန မ ယူပါ။ စကၠန႔္ ၁၀-၂၀ခန႔္ ထိန္းထားပါ။ ၿပီးရင္ ခုံေပၚကို ျပန္ထိုင္ခ်ၿပီး တမိနစ္ခန႔္နားပါ။ ၿပီးရင္ ထပ္လုပ္ပါ။

The Shoulder Shrug

ဒီေလ့က်င့္ခန္းဟာ ႐ိုးရွင္းပါတယ္။ ပခုံး၂ဖက္စလုံးကို နားဆီကို ျမႇင့္တင္ၿပီး ၅စကၠန႔္ေလာက္ ထိန္းထား႐ုံပါပဲ။ ၿပီးရင္ ေျဖေလွ်ာ့လိုက္ပါ။ ဒီလိုမ်ိဳး ၁၅ခါေလာက္လုပ္ပါ။ ပိုၿပီး အားထည့္ခ်င္ရင္ ထၿပီးေလ့က်င့္ၿပီး လက္ထဲမွာလည္း စကၠဴထုပ္ကို ကိုင္ထားပါ။

The Lunch Break Hammy

ဒီေလ့က်င့္ခန္းဟာ ဒူးေကာက္ေၾကာမ်ားကို သန္မာေစပါတယ္။ ခုံေနာက္မွာ ရပ္ေနၿပီး ထိန္းကိုင္ထားပါ။ ေျခဖဝါးတဖက္ကို တင္ပါးထိ ေရာက္ေအာင္ ေျမႇာက္ကန္ပါ။ ၿပီးရင္ ဘယ္ညာေျခေထာက္ ေျပာင္းလုပ္ပါ။ ၁၀ခါေလာက္ ထပ္တလဲလဲလုပ္ပါ။ ထမင္းစားၿပီးခ်ိန္ဆိုရင္ ၁၀ခါ ပိုလုပ္ပါ။

The Desk Squat

ေျခေထာက္ႏွစ္ခု ပူးလ်က္ရပ္ေနပါ။ ထိုင္ခုံကို ဖယ္ထားပါ။ ေပါင္မ်ားဟာ ၾကမ္းျပင္နဲ႔ တေျပးထဲျဖစ္တဲ့အထိ ဒူးမ်ားကို ညင္သာစြာ ေကြးထိုင္လိုက္ပါ။ ေကြးထိုင္ထားတဲ့အခ်ိန္မွာ လက္မ်ားကို ကြန္ပ်ဴတာဘက္ ဆန႔္တန္းၿပီး မထားပါ။ ၁၅စကၠန႔္ေလာက္ထိန္းထားၿပီး ေျဖေလွ်ာ့လိုက္ပါ။ ၄-၆ခါေလာက္ ထပ္လုပ္ပါ။

ဒီေလ့က်င့္ခန္း ၅ခုဟာ ႐ုံးဝန္ထမ္းေတြအတြက္ ကိုယ့္အလုပ္စားပြဲမွာတင္ လြယ္ကူသက္သာစြာ လုပ္ေဆာင္ႏိုင္ပါတယ္။ အလုပ္မ်ားေနတဲ့ အခ်ိန္မွာေတာင္ လုပ္ႏိုင္ပါတယ္။ ဒီလိုမ်ိဳး အားစိုက္ၿပီး ပိုက်န္းမာတဲ့ ေနထိုင္မႈပုံစံကို ေလ့က်င့္ႏိုင္ပါတယ္။ လႈပ္ရွားမႈေတြ ျဖစ္ေစၿပီး ကိုယ္ခႏၶာကို သန္စြမ္းေစပါတယ္။ လုပ္ငန္းခြင္မွာေရာ သင့္ဘဝမွာပါ လုပ္ေဆာင္ႏိုင္စြမ္း ျမင့္မားေစပါတယ္။

ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။

Unicode ဖြင့်ဖတ်ရန်

လုပ်ငန်းခွင်ဟာ တခါတရံမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဥပမာ ကွန်ပျူတာရှေ့မှာ နာရီများစွာ အနားမယူဘဲ လုပ်နေရခြင်းပေါ့။ သင်ဟာ ကာယလေ့ကျင့်ခန်းပြုလုပ်ဖို့ အသင်းဝင်ကောင်းဝင် ထားပါလိမ့်မယ်။ ဒါပေမယ့် ခုံကနေ ခွာမရဖြစ်နေရင် အချည်းအနှီးပါပဲ။ သုတေသနတွေအရ နာရီဝက်ခန့်လေ့ကျင့်ခန်းကို တပတ်မှာ ၅ကြိမ်လောက် လုပ်ပေးရင် ကျန်းမာရေးကို အထောက်အကူပြုတယ်လို့ သိရပါတယ်။ ကျန်းမာရေးကို ဒုက္ခပေးတဲ့ ပြသနာတွေကို ဘယ်လိုရှောင်ရှးနိုင်လဲ၊ လုပ်ငန်းခွင်မှာ ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်နိုင်လဲဆိုတာ သိရှိခြင်းအားဖြင့် ပိုပြီးကျန်းမာရေးကောင်းမွန်တဲ့ လူနေမှုပုံစံကို ဖန်တီးနိုင်ပါတယ်။

ရုံးအလုပ်သမားများအတွက် အဖြစ်များသော ကျန်းမာရေးပြသနာများ

ရုံးလုပ်ငန်းသဘာဝအရ ဝန်ထမ်းများဟာ အချိန်ကြာမြင့်စွာ ထိုင်ပြီးလုပ်ကိုင်ရတာကြောင့် အားကစားရုံများ သွားရောက်လေ့ကျင့်ရုံနဲ့ မဖြေရှင်းနိုင်တဲ့ ပြသနာတွေ ဖြစ်နိုင်ပါတယ်။ တနေရာတည်းမှာ အချိန်အကြာကြီး ထိုင်နေရရင် ကိုယ်တွင်း ဇီဝဖြစ်ပျက်မှုတွေဟာ နှေးကွေးသွားပါတယ်။ ကိုယ်တွင်း သကြားဓာတ်ကို ထိန်းချုပ်မှု၊ သွေးပေါင်ချိန်နဲ့ အဆီဓာတ်ချေဖျက်မှု စတာတွေဟာ ပြောင်းလဲသွားနိုင်ပါတယ်။

ရုံးမှာ လှုပ်ရှားမှုနည်းပါးခြင်းဟာ ကျန်းမာရေးအတွက် အဓိကစိန်ခေါ်မှုကြီးပဲ ဖြစ်ပါတယ်။ နှလုံးရောဂါ၊ အမျိုးအစား (၂) ဆီးချို၊ ကင်ဆာ၊ စိတ်ကျန်းမာရေး အားနည်းခြင်း စတာတွေဟာ ရုံးမှာလှုပ်ရှားမှု နည်းခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်တဲ့ ပြသနာတွေပဲ ဖြစ်ပါတယ်။

သင်ပြုလုပ်နိုင်သော လေ့ကျင့်ခန်းများ

အောက်ပါလေ့ကျင့်ခန်း ၅ခုဟာ သင့်ရုံးစားပွဲမှာတင် ပြုလုပ်နိုင်ပါတယ်။ သင့်ကို သန်မာစေပြီး အဆီပိုတွေကို လောင်ကျွမ်းစေပြီး ပိုပြီး ကျန်းမာပျော်ရွှင်စေပါတယ်။

Wall (Street) Sit

နံရံမှာမှီပြီးရပါ။ ဒူးကွေးပြီး ကျောကိုနံရံမှလျှောချပါ။ ပေါင်များကို ကြမ်းပြင်နဲ့အပြိုင်ထားပါ။ စက္ကန့်၃၀မှ ၆၀ထိ ထိုင်ချထားပါ။ အဲဒီအချိန်မှာ စာတခုခုကို ဖတ်နေနိုင်ပါတယ်။ အဆီတွေပိုပြီး လောင်ကျွမ်းအောင် ညာဘက်ခြေကျင်းဝတ်ကို ဘယ်ဒူးပေါ်တင်ပြီး ၁၅စက္ကန့်ခန့်ထားပါ။ ပြီးရင် ဘယ်ညာပြောင်းထိုင်ပါ။

The Office Genie

ဒီလေ့ကျင့်ခန်းဟာ သင့်ကို အကြောပြေလျော့ စေပါတယ်။ ခြေထောက်၂ချောင်းကို ကန့်လန့်ဖြတ် ချိတ်ထားပြီး ထိုင်လျက်နဲ့ မပြီး ဆန့်တန်းပါ။ လက်တန်းနှစ်ခုပေါ် လက်များ တင်ထားပြီး ကိုယ်ကို ခုံကနေ မ ယူပါ။ စက္ကန့် ၁၀-၂၀ခန့် ထိန်းထားပါ။ ပြီးရင် ခုံပေါ်ကို ပြန်ထိုင်ချပြီး တမိနစ်ခန့်နားပါ။ ပြီးရင် ထပ်လုပ်ပါ။

The Shoulder Shrug

ဒီလေ့ကျင့်ခန်းဟာ ရိုးရှင်းပါတယ်။ ပခုံး၂ဖက်စလုံးကို နားဆီကို မြှင့်တင်ပြီး ၅စက္ကန့်လောက် ထိန်းထားရုံပါပဲ။ ပြီးရင် ဖြေလျှော့လိုက်ပါ။ ဒီလိုမျိုး ၁၅ခါလောက်လုပ်ပါ။ ပိုပြီး အားထည့်ချင်ရင် ထပြီးလေ့ကျင့်ပြီး လက်ထဲမှာလည်း စက္ကူထုပ်ကို ကိုင်ထားပါ။

The Lunch Break Hammy

ဒီလေ့ကျင့်ခန်းဟာ ဒူးကောက်ကြောများကို သန်မာစေပါတယ်။ ခုံနောက်မှာ ရပ်နေပြီး ထိန်းကိုင်ထားပါ။ ခြေဖဝါးတဖက်ကို တင်ပါးထိ ရောက်အောင် မြှောက်ကန်ပါ။ ပြီးရင် ဘယ်ညာခြေထောက် ပြောင်းလုပ်ပါ။ ၁၀ခါလောက် ထပ်တလဲလဲလုပ်ပါ။ ထမင်းစားပြီးချိန်ဆိုရင် ၁၀ခါ ပိုလုပ်ပါ။

The Desk Squat

ခြေထောက်နှစ်ခု ပူးလျက်ရပ်နေပါ။ ထိုင်ခုံကို ဖယ်ထားပါ။ ပေါင်များဟာ ကြမ်းပြင်နဲ့ တပြေးထဲဖြစ်တဲ့အထိ ဒူးများကို ညင်သာစွာ ကွေးထိုင်လိုက်ပါ။ ကွေးထိုင်ထားတဲ့အချိန်မှာ လက်များကို ကွန်ပျူတာဘက် ဆန့်တန်းပြီး မထားပါ။ ၁၅စက္ကန့်လောက်ထိန်းထားပြီး ဖြေလျှော့လိုက်ပါ။ ၄-၆ခါလောက် ထပ်လုပ်ပါ။

ဒီလေ့ကျင့်ခန်း ၅ခုဟာ ရုံးဝန်ထမ်းတွေအတွက် ကိုယ့်အလုပ်စားပွဲမှာတင် လွယ်ကူသက်သာစွာ လုပ်ဆောင်နိုင်ပါတယ်။ အလုပ်များနေတဲ့ အချိန်မှာတောင် လုပ်နိုင်ပါတယ်။ ဒီလိုမျိုး အားစိုက်ပြီး ပိုကျန်းမာတဲ့ နေထိုင်မှုပုံစံကို လေ့ကျင့်နိုင်ပါတယ်။ လှုပ်ရှားမှုတွေ ဖြစ်စေပြီး ကိုယ်ခန္ဓာကို သန်စွမ်းစေပါတယ်။ လုပ်ငန်းခွင်မှာရော သင့်ဘဝမှာပါ လုပ်ဆောင်နိုင်စွမ်း မြင့်မားစေပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Credit: Mizzima

ေရးသားသူ Dr.Thant Zin

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ hellosayarwon.