Latest Posts

စိတ္ဖိစီးမႈ ကို ခ်က္ခ်င္းေလွ်ာ့ခ်ေပးႏိုင္မယ့္ နည္းလမ္းဆယ္ခု


Zawgyiျဖင့္ဖတ္ရန္

ခုေခတ္မွာ စိတ္ဖိစီးမႈဆိုတာ လူေတာ္ေတာ္မ်ားမ်ားရင္ဆိုင္ႀကံဳေတြ႕ေနရတဲ့ ျပသနာပါ။ စိတ္ဖိစီးမႉဆိုတာ နည္းနည္းရွိရင္ ေတာ့ ေအာင္ျမင္မႉဆီကိုအေရာက္ပို႔ေပးႏိုင္တဲ့ တြန္းအားေကာင္းတစ္ခုျဖစ္ေပမယ့္ … မ်ားရင္ေတာ့ သင့္စိတ္ေရာ ခႏၶာ ကိုယ္ကိုပါ ဆိုးက်ိဴးေတြေပးႏိုင္ပါတယ္။ ေအာက္မွာေဖာ္ျပမယ့္ နည္းလမ္းေတြကေတာ့ …သင့္စိတ္ဖိစီးမႉေတြကို ခ်က္ခ်င္း ဘယ္လို တိုက္ထုတ္ႏိုင္မလဲ ဆိုတာပါပဲ။

(၁) ေရးခ်ပါ

သင္လုပ္စရာရွိတဲ့ အလုပ္ေတြကို ေမ့သြားမွာစိုးတဲ့ စိတ္ဖိစီးမႉမျဖစ္ရေအာင္ သင္လုပ္ဖို႔ရွိေနတဲ့အလုပ္ေတြကို စာ႐ြက္ေပၚ မွာ.. ဒါမွမဟုတ္ တယ္လီဖုန္းမွတ္စုထဲမွာ ခ်က္ခ်င္းေရးခ်ပါ။

(၂) ဦးစားေပးစာရင္းငါးခုလုပ္ပါ

သင့္ရဲ႕ဦးစားေပးစာရင္းထဲမွာ သင္လုပ္ဖို႔ ကိစၥအကုန္ပါဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ထိပ္ဆုံးထားလုပ္သင့္တဲ့ ဦးစား ေပးစာရင္း ငါးခုသတ္မွတ္ထားလိုက္ပါ။

(၃) အလုပ္ေတြအမ်ားႀကီးကို တၿပိဳင္နက္တည္းလုပ္တာထက္စာရင္ တစ္ဆင့္ၿပီးမွတစ္ဆင့္လုပ္ပါ

သုေတသနျပဳခ်က္ေတြအရ အလုပ္ေတြအမ်ားႀကီးကို တၿပိဳင္နက္တည္းလုပ္တဲ့လူေတြမွာ… အလုပ္တစ္ခုၿပီးမွ တစ္ခုလုပ္တဲ့ လူေတြနဲ႔ယွဥ္ရင္ မွတ္ဉာဏ္စြမ္းအားက်ဆင္းလာတတ္ၿပီး ဦးေႏွာက္ရဲ႕ သိပ္သည္းမႉကိုလည္း နည္းပါသတဲ့။ ဒါေၾကာင့္ ခုခ်ိန္ ကစလို႔ သင့္ကိုယ္သင္ စက္႐ုပ္လိုထင္ေနတာေတြကို ေလွ်ာ့ခ်ၿပီး တစ္ခုၿပီးမွတစ္ခုလုပ္တဲ့ အက်င့္ကိုေမြးယူပါ။

(၄) တကယ္လို႔ အလုပ္ေတြမၿပီးရင္ေရာ ဘာျဖစ္ေသးလဲဆိုတဲ့အေတြးကိုစမ္းေတြးၾကည့္ပါ

သင္လုပ္စရာရွိတဲ့ ဒီေန႔အတြက္ to do list ထဲကအလုပ္ေတြကို သင္မၿပီးရင္ေရာ ဘာျဖစ္သြားမလဲေတြးၾကည့္ပါ။ ကမာၻႀကီး ရပ္တန႔္သြားမွာေတာ့ မဟုတ္ဘူးမလား။ ဒါေၾကာင့္ သင္အရမ္းစိတ္ဖိစီးတဲ့အခါ အသက္ကိုရွဴသြင္းရွဴထုတ္လုပ္ရင္း ဒါဟာ သင္ ထင္ထားသေလာက္ဆိုးမွာ မဟုတ္တဲ့အေၾကာင္းေတြးၾကည့္ပါ။

(၅) TV ၾကည့္ၿပီး ခဏအနားယူပါ

သင္သိပ္စိတ္ဖိစီးေနရင္ သင္ႀကိဳက္တဲ့ reality show ဒါမွမဟုတ္ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ဇာတ္လမ္း ဒါမွမဟုတ္ သင္သေဘာ က်တဲ့ မင္းသားမင္းသမီးပါတဲ့ TV အစီအစဥ္တစ္ခုကို မိနစ္ႏွစ္ဆယ္ေလာက္ျဖစ္ျဖစ္ ၾကည့္လိုက္ပါ။ ေပ်ာ္႐ႊင္ေစတဲ့ hormone ေတြက သင့္စိတ္ဖိစီးမႉကို အနည္းနဲ႔အမ်ား ေလွ်ာ့ခ်ေပးႏိုင္မွာပါ။

(၆) တရားထိုင္ပါ

တစ္ေန႔ကို မိနစ္ႏွစ္ဆယ္ေလာက္ တရားထိုင္တာဟာ သင့္ဦးေႏွာက္ကို က်ဆင္းေနတဲ့ charging ေတြ ျပန္ျဖည့္ေပးႏိုင္ၿပီး စိတ္ဖိစီးမႉကို ေျပာင္းျပန္ျဖစ္ႏိုင္တဲ့ အစြမ္းရွိပါတယ္။ ဒါေၾကာင့္ သင္မနက္ အိပ္ရာမထမီနဲ႔ အိပ္ရာဝင္ခါနီး ဆယ္မိနစ္ကိုတရား ထိုင္ဖို႔အတြက္ အခ်ိန္ေပးသင့္ပါတယ္။ တကယ္တရားထိုင္တဲ့ ပုံစံမဟုတ္လည္း မ်က္လုံးမွိတ္လို႔ ၀င္ေလထြက္ေလကိုမွတ္ ႐ုံနဲ႔ သင့္စိတ္ဖိစီးမႉေတြကို ေမာင္းထုတ္ေပးႏိုင္မွာပါ။

(၇) လတ္ဆတိတဲ့ေလကိိုရွဴပါ

လတ္ဆတ္တဲ့ေလအလုံအေလာက္ရဖို႔ဟာ သင့္ခႏၶာကိုယ္အစိတ္အပိုင္းေတြအားလုံးအတြက္တင္ အေရးပါတာမဟုတ္ဘဲ စိတ္ဖိစီးမႉကိုပါ ေလွ်ာ့ခ်ေပးမွာပါ။ ျပင္ပကရတဲ့ အနံ႔ေတြ.. ဥပမာ ထင္းရွဴးနံ႔ လိုမ်ိဴးဟာ သင့္ခႏၶာကိုယ္နဲ႔ စိတ္ကို ေျပေလ်ာ့ ေစမွာပါ။

(၈) လိေမၼာ္ရည္ေသာက္ပါ၊ လိေမၼာ္သီးစားပါ

၀ါဖန႔္ဖန႔္လိေမၼာ္သီးေတြမွာ ဗီတာမင္ စီ ပမာဏ အမ်ားအျပားပါ၀င္တာေၾကာင့္ coffee ေသာက္တာလိုမ်ိဴး စိတ္ဖိစီးမူ႔ကို ျဖစ္ေစတဲ့ cortisol လို ေဟာ္မုန္းမထြက္ေစပါဘူးတဲ့။ ဒါေၾကာင့္ သင့္စိတ္ဖိစီးမႉကို ခုနစ္ဆယ္ရာခိုင္ႏႉန္းေလာက္ကို ေလွ်ာ့ခ် ေပးႏိုင္ပါတယ္။

(၉) သီခ်င္းနားေထာင္ပါ

ဆယ္မိနစ္ေလာက္သီခ်င္းနားေထာင္တာဟာ သင့္စိတ္ဖိစီးမႉကို တကယ္ေလ်ာ့က်ေစမွာပါ။ ဒါေၾကာင့္ ၾကည့္ေနတဲ့ သတင္း အစီအစဥ္ေတြကို ပိတ္လိုက္ပါ။ ၿပီးရင္ေတာ့ ၿငိမ့္ေညာင္းတဲ့ သံစဥ္ေတြကို နားေထာင္လိုက္ပါ။

(၁၀) ေရမ်ားမ်ားေသာက္ပါ

စိတ္ဖိစီးမႈက ေရဓာတါခမ္းေျခာက္ေစၿပီး ေရဓာတ္ခမ္းေျခာက္တာေၾကာင့္လည္း စိ္ဖိစီးမႉျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမႉ ေလ်ာ့က်ခ်င္ရင္ သင့္တစ္ေန႔တာမွာ ေရကိုမၾကာခဏေသာက္ေပးဖို႔ လိုပါလိမ့္မယ္။

ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။

Unicode ဖြင့်ဖတ်ရန်

ခုခေတ်မှာ စိတ်ဖိစီးမှုဆိုတာ လူတော်တော်များများရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြသနာပါ။ စိတ်ဖိစီးမှူဆိုတာ နည်းနည်းရှိရင် တော့ အောင်မြင်မှူဆီကိုအရောက်ပို့ပေးနိုင်တဲ့ တွန်းအားကောင်းတစ်ခုဖြစ်ပေမယ့် … များရင်တော့ သင့်စိတ်ရော ခန္ဓာ ကိုယ်ကိုပါ ဆိုးကျိူးတွေပေးနိုင်ပါတယ်။ အောက်မှာဖော်ပြမယ့် နည်းလမ်းတွေကတော့ …သင့်စိတ်ဖိစီးမှူတွေကို ချက်ချင်း ဘယ်လို တိုက်ထုတ်နိုင်မလဲ ဆိုတာပါပဲ။

(၁) ရေးချပါ

သင်လုပ်စရာရှိတဲ့ အလုပ်တွေကို မေ့သွားမှာစိုးတဲ့ စိတ်ဖိစီးမှူမဖြစ်ရအောင် သင်လုပ်ဖို့ရှိနေတဲ့အလုပ်တွေကို စာရွက်ပေါ် မှာ.. ဒါမှမဟုတ် တယ်လီဖုန်းမှတ်စုထဲမှာ ချက်ချင်းရေးချပါ။

(၂) ဦးစားပေးစာရင်းငါးခုလုပ်ပါ

သင့်ရဲ့ဦးစားပေးစာရင်းထဲမှာ သင်လုပ်ဖို့ ကိစ္စအကုန်ပါဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ထိပ်ဆုံးထားလုပ်သင့်တဲ့ ဦးစား ပေးစာရင်း ငါးခုသတ်မှတ်ထားလိုက်ပါ။

(၃) အလုပ်တွေအများကြီးကို တပြိုင်နက်တည်းလုပ်တာထက်စာရင် တစ်ဆင့်ပြီးမှတစ်ဆင့်လုပ်ပါ

သုတေသနပြုချက်တွေအရ အလုပ်တွေအများကြီးကို တပြိုင်နက်တည်းလုပ်တဲ့လူတွေမှာ… အလုပ်တစ်ခုပြီးမှ တစ်ခုလုပ်တဲ့ လူတွေနဲ့ယှဉ်ရင် မှတ်ဉာဏ်စွမ်းအားကျဆင်းလာတတ်ပြီး ဦးနှောက်ရဲ့ သိပ်သည်းမှူကိုလည်း နည်းပါသတဲ့။ ဒါကြောင့် ခုချိန် ကစလို့ သင့်ကိုယ်သင် စက်ရုပ်လိုထင်နေတာတွေကို လျှော့ချပြီး တစ်ခုပြီးမှတစ်ခုလုပ်တဲ့ အကျင့်ကိုမွေးယူပါ။

(၄) တကယ်လို့ အလုပ်တွေမပြီးရင်ရော ဘာဖြစ်သေးလဲဆိုတဲ့အတွေးကိုစမ်းတွေးကြည့်ပါ

သင်လုပ်စရာရှိတဲ့ ဒီနေ့အတွက် to do list ထဲကအလုပ်တွေကို သင်မပြီးရင်ရော ဘာဖြစ်သွားမလဲတွေးကြည့်ပါ။ ကမ္ဘာကြီး ရပ်တန့်သွားမှာတော့ မဟုတ်ဘူးမလား။ ဒါကြောင့် သင်အရမ်းစိတ်ဖိစီးတဲ့အခါ အသက်ကိုရှူသွင်းရှူထုတ်လုပ်ရင်း ဒါဟာ သင် ထင်ထားသလောက်ဆိုးမှာ မဟုတ်တဲ့အကြောင်းတွေးကြည့်ပါ။

(၅) TV ကြည့်ပြီး ခဏအနားယူပါ

သင်သိပ်စိတ်ဖိစီးနေရင် သင်ကြိုက်တဲ့ reality show ဒါမှမဟုတ် ပျော်ရွှင်စရာကောင်းတဲ့ဇာတ်လမ်း ဒါမှမဟုတ် သင်သဘော ကျတဲ့ မင်းသားမင်းသမီးပါတဲ့ TV အစီအစဉ်တစ်ခုကို မိနစ်နှစ်ဆယ်လောက်ဖြစ်ဖြစ် ကြည့်လိုက်ပါ။ ပျော်ရွှင်စေတဲ့ hormone တွေက သင့်စိတ်ဖိစီးမှူကို အနည်းနဲ့အများ လျှော့ချပေးနိုင်မှာပါ။

(၆) တရားထိုင်ပါ

တစ်နေ့ကို မိနစ်နှစ်ဆယ်လောက် တရားထိုင်တာဟာ သင့်ဦးနှောက်ကို ကျဆင်းနေတဲ့ charging တွေ ပြန်ဖြည့်ပေးနိုင်ပြီး စိတ်ဖိစီးမှူကို ပြောင်းပြန်ဖြစ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် သင်မနက် အိပ်ရာမထမီနဲ့ အိပ်ရာဝင်ခါနီး ဆယ်မိနစ်ကိုတရား ထိုင်ဖို့အတွက် အချိန်ပေးသင့်ပါတယ်။ တကယ်တရားထိုင်တဲ့ ပုံစံမဟုတ်လည်း မျက်လုံးမှိတ်လို့ ဝင်လေထွက်လေကိုမှတ် ရုံနဲ့ သင့်စိတ်ဖိစီးမှူတွေကို မောင်းထုတ်ပေးနိုင်မှာပါ။

(၇) လတ်ဆတိတဲ့လေကိုရှူပါ

လတ်ဆတ်တဲ့လေအလုံအလောက်ရဖို့ဟာ သင့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးအတွက်တင် အရေးပါတာမဟုတ်ဘဲ စိတ်ဖိစီးမှူကိုပါ လျှော့ချပေးမှာပါ။ ပြင်ပကရတဲ့ အနံ့တွေ.. ဥပမာ ထင်းရှူးနံ့ လိုမျိူးဟာ သင့်ခန္ဓာကိုယ်နဲ့ စိတ်ကို ပြေလျော့ စေမှာပါ။

(၈) လိမ္မော်ရည်သောက်ပါ၊ လိမ္မော်သီးစားပါ

ဝါဖန့်ဖန့်လိမ္မော်သီးတွေမှာ ဗီတာမင် စီ ပမာဏ အများအပြားပါဝင်တာကြောင့် coffee သောက်တာလိုမျိူး စိတ်ဖိစီးမူ့ကို ဖြစ်စေတဲ့ cortisol လို ဟော်မုန်းမထွက်စေပါဘူးတဲ့။ ဒါကြောင့် သင့်စိတ်ဖိစီးမှူကို ခုနစ်ဆယ်ရာခိုင်နှူန်းလောက်ကို လျှော့ချ ပေးနိုင်ပါတယ်။

(၉) သီချင်းနားထောင်ပါ

ဆယ်မိနစ်လောက်သီချင်းနားထောင်တာဟာ သင့်စိတ်ဖိစီးမှူကို တကယ်လျော့ကျစေမှာပါ။ ဒါကြောင့် ကြည့်နေတဲ့ သတင်း အစီအစဉ်တွေကို ပိတ်လိုက်ပါ။ ပြီးရင်တော့ ငြိမ့်ညောင်းတဲ့ သံစဉ်တွေကို နားထောင်လိုက်ပါ။

(၁၀) ရေများများသောက်ပါ

စိတ်ဖိစီးမှုက ရေဓာတါခမ်းခြောက်စေပြီး ရေဓာတ်ခမ်းခြောက်တာကြောင့်လည်း စိဖိစီးမှူဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှူ လျော့ကျချင်ရင် သင့်တစ်နေ့တာမှာ ရေကိုမကြာခဏသောက်ပေးဖို့ လိုပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Credit: Mizzima

ေရးသားသူ Dr. Sein Moe Satt

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.