” တစ္ခါမွမလုပ္ဖူးေသးတဲ့ ကႏၷားစီး နတ္ကေတာ္တစ္ေယာက္ရဲ႕ကာရိုက္တာနဲ႕ ျမင္ေတြ႕ရေတာ့မယ့္ ေနတိုး “
” တစ္ခါမွမလုပ္ဖူးေသးတဲ့ ကႏၷားစီး နတ္ကေတာ္တစ္ေယာက္ရဲ႕ကာရိုက္တာနဲ႕ ျမင္ေတြ႕ရေတာ့မယ့္ ေနတိုး “
ေနတိုး ကေတာ့ ရခိုင္တိုင္းရင္းသားတစ္ဦးျဖစ္ၿပီး ဘက္စုံေတာ္တဲ့အႏုပညာရွင္တစ္ဦးျဖစ္တယ္လို႔ပရိသတ္ေတြေကာက္ခ်က္ခ်ခံထား ရတဲ့သူတစ္ဦး ျဖစ္ပါတယ္
။ ႐ိုး႐ိုးေအးေအး ေနတတ္တဲ့ ပုံစံ အျပင္ တည္ၾကည္တဲ့ေနထိုင္ပံုေတြက မိန္းကေလးေတြ လိုခ်င္တဲ့ စိတ္ကူးထဲက ဘဝလက္တြဲေဖာ္ ပုံစံမ်ိဳးပါ။တည္ၿငိမ္ေအးေဆးၿပီး
ေယာက်ာ္းပီသတဲ့အၿပဳံး ခန္႕ညားတဲ့သြင္ျပင္ေတြအျပင္ သရုပ္ေဆာင္ေကာင္းၿပီး အသံတုေလးေတြလုပ္တတ္တာေၾကာင့္လည္း အရြယ္စံု အသည္းေက်ာ္ျဖစ္ေနရတဲ့လ်ိဳ႕ဝွက္ခ်က္ တစ္ခုပါပဲ
ေအးေအးေဆးေဆးပဲ ေနတတ္သလို မိန္းကေလးပရိသတ္ေတြ ရင္ခုန္သြားေအာင္ အေျပာေလးေတြ၊အမူအရာေလးေတြ မလုပ္ေပမယ့္လည္း ေနတိုး ကို ႀကိတ္ေႂကြေနတဲ့ မိန္းကေလးပရိသတ္ကေတာ့ အမ်ားႀကီးပါပဲေနာ္။
အသံလည္းေကာင္းၿပီး အဆိုပိုင္းမွာလည္းပရိသတ္ေတြက သူဆိုတဲ့သီခ်င္းေတြကို လက္ခံအားေပးၾကတာပဲ ျဖစ္ပါတယ္။က်ရာဇာတ္႐ုပ္ကိုပီျပင္ေအာင္ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္
(၂၀၀၉)၊ (၂၀၁၅)၊ (၂၀၁၇)ခုႏွစ္မ်ားတြင္ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆု ကို (၃) ဆုရရွိထားတာ ျဖစ္ၿပီး ေအာင္ျမင္တဲ့ ထိပ္တန္းမင္းသားတစ္ဦးပဲ ျဖစ္ၿပီး ရရွိခဲ့တဲ့
ဇာတ္ကားေတြကေတာ့ မိုးညအိမ္မက္ျမဴ ၊နကၡမွားတဲ့တိုက္ပြဲ ၊တာေတႀကီး ရုပ္ရွင္ဇာတ္ကားတို႕ပဲ ျဖစ္ပါတယ္။STAR AWARDS (2018)မွာလည္း တိမ္တိ္ုက္တံတားရုပ္ရွင္ဇာတ္ကားနဲ႕
အမ်ိဳးသားဇာတ္ေဆာင္ဆုကိုသိမ္းပိုက္ႏုိင္ခဲ့တာပဲ ျဖစ္ပါတယ္။
လက္ရွိမွာလည္း ေနတိုးအတြက္ တစ္ခါမွမလုပ္ခဲ့ဖူးေသးတဲ့ ကႏၷားစီး နတ္ကေတာ္တစ္ေယာက္ရဲ ႕ကာရိုက္တာအေနနဲ႕ “အထက္တန္းစား” ရုပ္ရွင္ဇာတ္ကားႀကီးမွာ ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္။
”အထက္တန္းစား” ရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ကႏၷားစီး နတ္ဆရာ တစ္ေယာက္ရဲ႕ခက္ခဲၾကမ္းတမ္းလွတဲ့ဘဝအျပင္ ႐ိုးရာဓေလ့ထံုးတမ္းစဥ္လာ ယံုၾကည္ကိုးကြယ္မႈမ်ားျဖစ္တဲ့
ဓာတ္ ၊နတ္ ၊သိုက္ ၊ပေယာဂ ႏွင့္ အၾကားျမင္စတဲ့လွ်ိဳ႕ဝွက္ဆန္းက်ယ္မႈေတြကို ေဖာ္ျပမယ့္ဇာတ္လမ္းမ်ိဳးလို႕ဆိုရမွာပါ။ ေနတိုး ၊ ညီထြဋ္ေခါင္၊ သူရိယ၊ ေကာင္းဆက္ထူး၊ ေ၀ယံေက်ာ္၊
ျမတ္ေကသီေအာင္၊ စိုးမိုးၾကည္၊ ပိုးအိအိခန္ ႔ႏွင့္ အႏုပညာရွင္ မ်ားစြာပါ၀င္ထားတာျဖစ္ၿပီး ဒါရုိက္တာ ေနပိုင္ ရုိက္ကူးထားတဲ့အျပင္ ၾသဂုတ္လ (၂၂)ရက္ေန႕မွာ ရုံတင္ျပသေတာ့မွာပဲ ျဖစ္ပါတယ္။
ပရိသတ္ႀကီးေရာ ေနတိုးရဲ႕ကာရုိက္တာအသစ္ကိုအားေပးဖို႕အဆင္သင့္ပဲလားဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။
Credit \\ original
Unicode
” တစ်ခါမှမလုပ်ဖူးသေးတဲ့ ကန္နားစီး နတ်ကတော်တစ်ယောက်ရဲ့ကာရိုက်တာနဲ့ မြင်တွေ့ရတော့မယ့် နေတိုး “
နေတိုး ကတော့ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဘက်စုံတော်တဲ့အနုပညာရှင်တစ်ဦးဖြစ်တယ်လို့ပရိသတ်တွေကောက်ချက်ချခံထား ရတဲ့သူတစ်ဦး ဖြစ်ပါတယ်
။ ရိုးရိုးအေးအေး နေတတ်တဲ့ ပုံစံ အပြင် တည်ကြည်တဲ့နေထိုင်ပုံတွေက မိန်းကလေးတွေ လိုချင်တဲ့ စိတ်ကူးထဲက ဘဝလက်တွဲဖော် ပုံစံမျိုးပါ။တည်ငြိမ်အေးဆေးပြီး
ယောကျာ်းပီသတဲ့အပြုံး ခန့်ညားတဲ့သွင်ပြင်တွေအပြင် သရုပ်ဆောင်ကောင်းပြီး အသံတုလေးတွေလုပ်တတ်တာကြောင့်လည်း အရွယ်စုံ အသည်းကျော်ဖြစ်နေရတဲ့လျို့ဝှက်ချက် တစ်ခုပါပဲ။
အေးအေးဆေးဆေးပဲ နေတတ်သလို မိန်းကလေးပရိသတ်တွေ ရင်ခုန်သွားအောင် အပြောလေးတွေ၊အမူအရာလေးတွေ မလုပ်ပေမယ့်လည်း နေတိုး ကို ကြိတ်ကြွေနေတဲ့ မိန်းကလေးပရိသတ်ကတော့ အများကြီးပါပဲနော်။
အသံလည်းကောင်းပြီး အဆိုပိုင်းမှာလည်းပရိသတ်တွေက သူဆိုတဲ့သီချင်းတွေကို လက်ခံအားပေးကြတာပဲ ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်ချက်တွေကြောင့်
(၂၀၀၉)၊ (၂၀၁၅)၊ (၂၀၁၇)ခုနှစ်များတွင် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကို (၃) ဆုရရှိထားတာ ဖြစ်ပြီး အောင်မြင်တဲ့ ထိပ်တန်းမင်းသားတစ်ဦးပဲ ဖြစ်ပြီး ရရှိခဲ့တဲ့
ဇာတ်ကားတွေကတော့ မိုးညအိမ်မက်မြူ ၊နက္ခမှားတဲ့တိုက်ပွဲ ၊တာတေကြီး ရုပ်ရှင်ဇာတ်ကားတို့ပဲ ဖြစ်ပါတယ်။STAR AWARDS (2018)မှာလည်း တိမ်တိ်ုက်တံတားရုပ်ရှင်ဇာတ်ကားနဲ့
အမျိုးသားဇာတ်ဆောင်ဆုကိုသိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိမှာလည်း နေတိုးအတွက် တစ်ခါမှမလုပ်ခဲ့ဖူးသေးတဲ့ ကန္နားစီး နတ်ကတော်တစ်ယောက်ရဲ ့ကာရိုက်တာအနေနဲ့ “အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
”အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ကန္နားစီး နတ်ဆရာ တစ်ယောက်ရဲ့ခက်ခဲကြမ်းတမ်းလှတဲ့ဘဝအပြင် ရိုးရာဓလေ့ထုံးတမ်းစဉ်လာ ယုံကြည်ကိုးကွယ်မှုများဖြစ်တဲ့
ဓာတ် ၊နတ် ၊သိုက် ၊ပယောဂ နှင့် အကြားမြင်စတဲ့လျှို့ဝှက်ဆန်းကျယ်မှုတွေကို ဖော်ပြမယ့်ဇာတ်လမ်းမျိုးလို့ဆိုရမှာပါ။ နေတိုး ၊ ညီထွဋ်ခေါင်၊ သူရိယ၊ ကောင်းဆက်ထူး၊ ဝေယံကျော်၊
မြတ်ကေသီအောင်၊ စိုးမိုးကြည်၊ ပိုးအိအိခန် ့နှင့် အနုပညာရှင် များစွာပါဝင်ထားတာဖြစ်ပြီး ဒါရိုက်တာ နေပိုင် ရိုက်ကူးထားတဲ့အပြင် သြဂုတ်လ (၂၂)ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးရော နေတိုးရဲ့ကာရိုက်တာအသစ်ကိုအားပေးဖို့အဆင်သင့်ပဲလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။
Credit \\ original