Latest Posts

ကိုယ္ေရးကိုယ္တာေမးခြန္းေတြအတြက္ ႀကိဳတင္ခြင့္ျပဳခ်က္ေတာင္းပါလို႔ေျပာခ်လိုက္တဲ့ ေနတိုး


ပရိသတ္ေတြ သည္းသည္းလႈပ္အားေပးျခင္းခံထားရတဲ့ ထိပ္တန္းမင္းသား တေယာက္ျဖစ္တဲ့ ေနတိုးကေတာ့ ပရိသတ္ေတြ လက္ခံႏိုင္တ့ဲ ကာရိုက္တာ အရည္ေသြးျမင့္တဲ့ ရုပ္ရွင္ေတြကိုပဲ ခ်ျပတာေၾကာင့္ ႏွစ္တိုင္း အကယ္ဒမီတစ္ေျပးေနတဲ့ မင္းသားဆိုလည္း မမွားပါဘူး။ ပရိသတ္အားေပးခ်စ္ခင္မႈကို ရရွိထားတဲ့ ေနတိုးကေတာ့ မီဒီယာေတြနဲ႔ ပတ္သက္ျပီး ေတာင္းဆိုမႈ တခုကို ေျပာၾကားလိုက္တာကို ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။



ေနတိုးကေတာ့ သူ႔ရဲ့ ေဖ့ဘုတ္ေပ့ခ်္ကေန တဆင့္ “သတင္းမီဒီယာမ်ားသို. 2019 April 12ရက္ေနမွစ၍အႏုပညာလႈပ္ရွားမႈ့သတင္းမ်ားမွအပ တျခား personal ကိုယ္ေရးကိုယ္တာေမးခြန္းမ်ားအားေမးမည္ဆိုပါက (ေမးမည့္အေၾကာင္းအရာမ်ားကို ႀကိဳတင္ခြင့္ျပဳခ်က္ယူေပးၾကပါရန္) နဲ႔ ပရိသတ္မ်ားနားေထာင္ၾကည့္ရႈတဲ့အခါမွာလည္း အင္တာဗ်ဴးအရသာမပ်က္သြားေစရန္ (မိမိေမးျမန္းထားေသာေမးခြန္းမ်ားကိုမိမိအသံနဲ႔ ေသာ္လည္းေကာင္းစာတန္းထိုးေပး၍ေသာ္လည္းေကာင္းတိက်စြာထည့္သြင္းေဖာ္ျပေပးၾကပါရန္ )ေလးစားစြာ ေတာင္းဆိုအပ္ပါသည္ခင္ဗ်ာ


မွတ္ခ်က္ …အခုတင္ေသာ post မွာအားလံုးနားလည္ သေဘာေပါက္ႏိုင္ေအာင္ေရးထားပါသျဖင့္ ဒီ post နဲ႔ ပတ္သက္ေသာအင္တာဗ်ဴးမ်ား ထပ္မံေျဖမည္မဟုတ္ပါ အားလံုးကိုခ်စ္ခင္စြာျဖင့္….ေနတိုး” ဆိုျပီး စာေလးေရးျပီးေတာ့ မီဒီယာေတြကို အသိေပးထားတာ ျဖစ္ပါတယ္။

ေနတိုးကေတာ့ သူ႔အေနနဲ႔ ပရိသတ္ေတြကို အႏုပညာနဲ႔ ပတ္သက္တဲ့ အရာေတြကိုပဲ အေကာင္းဆံုး ခ်ျပခ်င္တာ ျဖစ္ျပီး Personal ေမးခြန္းေတြကို သိပ္ျပီး ေျဖၾကားေလ့မရွိပါဘူး။ ေရွ႔ကအင္တာဗ်ဴးေတြမွာလည္း Personal နဲ႔ ပတ္သက္ရင္ မေျဖခ်င္တဲ့အေၾကာင္းကိုလည္း ေျပာၾကားခဲ့ဖူးပါတယ္။ ဒီတေခါက္မွာေတာ့ သူ႔အေနနဲ႔ မီဒီယာေတြ ထပ္သိေအာင္ ေၾကာ္ျငာလိုက္တာ ျဖစ္ပါတယ္။ ျပီးေတာ့ ဒီကိစၥနဲ႔ ပတ္သက္ျပီးလည္း ေနတိုးကေတာ့ အင္တာဗ်ဴးေတြမွာ မေမးၾကဖို႔ကိုလည္း ေတာင္းဆိုထားပါေသးတယ္။


Credit  \\  original

UNICODE

ကိုယ်ရေးကိုယ်တာမေးခွန်းတွေအတွက် ကြိုတင်ခွင့်ပြုချက်တောင်းပါလို့ပြောချလိုက်တဲ့ နေတိုး
ပရိသတ်တွေ သည်းသည်းလှုပ်အားပေးခြင်းခံထားရတဲ့ ထိပ်တန်းမင်းသား တယောက်ဖြစ်တဲ့ နေတိုးကတော့ ပရိသတ်တွေ လက်ခံနိုင်တဲ့ ကာရိုက်တာ အရည်သွေးမြင့်တဲ့ ရုပ်ရှင်တွေကိုပဲ ချပြတာကြောင့် နှစ်တိုင်း အကယ်ဒမီတစ်ပြေးနေတဲ့ မင်းသားဆိုလည်း မမှားပါဘူး။ ပရိသတ်အားပေးချစ်ခင်မှုကို ရရှိထားတဲ့ နေတိုးကတော့ မီဒီယာတွေနဲ့ ပတ်သက်ပြီး တောင်းဆိုမှု တခုကို ပြောကြားလိုက်တာကို ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

နေတိုးကတော့ သူ့ရဲ့ ဖေ့ဘုတ်ပေ့ချ်ကနေ တဆင့် “သတင်းမီဒီယာများသို. 2019 April 12ရက်နေမှစ၍အနုပညာလှုပ်ရှားမှု့သတင်းများမှအပ တခြား personal ကိုယ်ရေးကိုယ်တာမေးခွန်းများအားမေးမည်ဆိုပါက (မေးမည့်အကြောင်းအရာများကို ကြိုတင်ခွင့်ပြုချက်ယူပေးကြပါရန်) နဲ့ ပရိသတ်များနားထောင်ကြည့်ရှုတဲ့အခါမှာလည်း အင်တာဗျူးအရသာမပျက်သွားစေရန် (မိမိမေးမြန်းထားသောမေးခွန်းများကိုမိမိအသံနဲ့ သော်လည်းကောင်းစာတန်းထိုးပေး၍သော်လည်းကောင်းတိကျစွာထည့်သွင်းဖော်ပြပေးကြပါရန် )လေးစားစွာ တောင်းဆိုအပ်ပါသည်ခင်ဗျာ

မှတ်ချက် …အခုတင်သော post မှာအားလုံးနားလည် သဘောပေါက်နိုင်အောင်ရေးထားပါသဖြင့် ဒီ post နဲ့ ပတ်သက်သောအင်တာဗျူးများ ထပ်မံဖြေမည်မဟုတ်ပါ အားလုံးကိုချစ်ခင်စွာဖြင့်….နေတိုး” ဆိုပြီး စာလေးရေးပြီးတော့ မီဒီယာတွေကို အသိပေးထားတာ ဖြစ်ပါတယ်။

နေတိုးကတော့ သူ့အနေနဲ့ ပရိသတ်တွေကို အနုပညာနဲ့ ပတ်သက်တဲ့ အရာတွေကိုပဲ အကောင်းဆုံး ချပြချင်တာ ဖြစ်ပြီး Personal မေးခွန်းတွေကို သိပ်ပြီး ဖြေကြားလေ့မရှိပါဘူး။ ရှေ့ကအင်တာဗျူးတွေမှာလည်း Personal နဲ့ ပတ်သက်ရင် မဖြေချင်တဲ့အကြောင်းကိုလည်း ပြောကြားခဲ့ဖူးပါတယ်။ ဒီတခေါက်မှာတော့ သူ့အနေနဲ့ မီဒီယာတွေ ထပ်သိအောင် ကြော်ငြာလိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း နေတိုးကတော့ အင်တာဗျူးတွေမှာ မမေးကြဖို့ကိုလည်း တောင်းဆိုထားပါသေးတယ်။


Credit  \\  original