ဦးေနေအာင္ ကာ႐ိုက္တာကို ပရိသတ္မေၾကာက္မွာ စိုးရိမ္ေနတယ္ဆိုတဲ့ လြင္မိုး
လြင္မိုးကေတာ့ ‘’သူစိမ္းအိမ္’’ ႐ုပ္ရွင္ဇာတ္ကားထဲက သူ႔ရဲ႕ ကာ႐ိုက္တာကို ပရိသတ္ေတြ မေၾကာက္မွာ စိုးရိမ္ေနပါတယ္တဲ့။ ဇာတ္ဝင္ခန္းထဲက ဓာတ္ပုံေတြကိုလည္း Troll ထားတာေတြ ေတြ႕တယ္လို႔ ဆိုပါတယ္။ဟာသဇာတ္ကားေတြမွာ အၿမဲသ႐ုပ္ေဆာင္ခဲ့တဲ့ လြင္မိုးဟာ ‘’သူစိမ္းအိမ္’’႐ုပ္ရွင္ဇာတ္ကားကေတာ့ သူ႔အတြက္ ထူးျခားတဲ့ ဇာတ္တစ္ခုျဖစ္ခဲ့တယ္လို႔ဆိုပါတယ္။ ပရိသတ္ကို ရယ္စရာေတြလည္း လုပ္ျပခဲ့ဖူးသလို ေၾကာက္စရာေကာင္းေအာင္လည္း ဆြဲေဆာင္ႏိုင္ပ့ါမလားလို႔ စိုးရိမ္တဲ့အေၾကာင္း Duwun Media ကေန ေျပာျပလာပါတယ္။
‘’ လြင္မိုးဆိုတဲ့ ေပါေတာေတာတစ္ေယာက္က ဒီလို သရဲကား႐ိုက္တာ ခင္ဗ်ားတို႔ ပိုၿပီး အံ့ၾသသင့္တယ္။ ကြၽန္ေတာ္စိတ္ပူတာက ကြၽန္ေတာ္ဟာ လူေတြ အကုန္လုံးသိထားတာက ဟာသေတြနဲ႔ နာမည္ႀကီးတဲ့လူတစ္ေယာက္။ ဒါေပမယ့္ အဲဒီဇာတ္ကားထဲမွာ လူသတ္တဲ့ဟာကို ေၾကာက္မွ ေၾကာက္ပါ့မလားလို႔လည္း ကိုယ့္ကိုယ္ကိုယ္ လန႔္တယ္။ ကိုယ့္႐ုပ္က ေၾကာက္စရာေကာင္းရဲ႕လားလို႔လည္း မွန္ထဲမွာ သြားသြားၾကည့္ရေသးတယ္’’ ဆိုၿပီးေတာ့ ရယ္ရယ္ေမာေမာနဲ႔ ေျပာျပခဲ့ပါတယ္။
‘’သူစိမ္းအိမ္’’႐ုပ္ရွင္ဇာတ္ကားထဲက ဇာတ္ဝင္ခန္းပုံေတြကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ဟာသပုံေလးေတြ လုပ္ေနတာကိုလည္း လြင္မိုးက ေတြ႕တယ္လို႔ ေျပာပါတယ္။‘’ ေတြ႕လိုက္တယ္။ ေဆးလိပ္ထဲမွာ အမႈန႔္ေတြကို ထုတ္လိုက္သြင္းလိုက္နဲ႔ သားတို႔က ဘာလုပ္ေနၾကတာလဲ ဆိုၿပီးေတာ့ ေရးထားတာေပါ့။ ကြၽန္ေတာ္ေျပာခ်င္တာက လူေတြမွာလည္း Creation ေတြ ျဖစ္လာတာဗ်။ Facebook ကို မေကာင္းဘူးခ်ည္းပဲေျပာေနတာေတြထက္ ဒါေတြဟာ သူတို႔ရဲ႕ ဟာသဉာဏ္ေလးေတြ ျဖစ္လာတာေတြကို ေကာင္းတဲ့ေနရာကေန စဥ္းစားရင္ ေကာင္းပါတယ္’’ လို႔ သူကဆိုပါတယ္။
အဲဒီေနာက္ ‘’သူစိမ္းအိမ္’’ ကို လာၾကည့္မယ့္ ပရိသတ္ေတြ အတြက္ကိုလည္း ၾကည့္ရက်ိဳးနပ္ေစမယ့္ ဇာတ္ကား တစ္ကားျဖစ္တယ္လို႔လည္း လြင္မိုးက ေျပာျပခဲ့ပါေသးတယ္။‘’ ဇာတ္သိမ္းဆိုတာက လူေတြအကုန္လုံးကို ရွင္းျပၿပီးေတာ့ သိမ္းလို႔ေတာ့ မေကာင္းဘူးေပါ့။ ဒီဇာတ္သိမ္းေလးကိုေတာ့ ႐ုပ္ရွင္႐ုံကေန အိမ္ျပန္ရင္ သမီးဘာသာ သမီး စဥ္းစားၿပီးေတာ့ သြားရမယ့္ ဇာတ္သိမ္းေလးကို လုပ္ေပးလိုက္တာပါ။ သူစိမ္းအိမ္ ဇာတ္ကားဟာ တကယ္ကို ဇာတ္ကားေကာင္း တစ္ကားျဖစ္တဲ့အတြက္ ပရိသတ္ေတြက မျဖစ္မေန အားေပးၾကလိမ့္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္’’ လို႔ ဇူလိုင္လ ၂၄ ရက္ေန႔ညက သူစိမ္းအိမ္ ႐ုပ္ရွင္အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။
‘’သူစိမ္းအိမ္’’႐ုပ္ရွင္ဇာတ္ကားႀကီးကို ၾသဂုတ္လ ၁ ရက္ေန႔ ဆိုရင္ ႐ုံတင္ျပသၿပီျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ ဒါ႐ိုက္တာ ထူးပိုင္ေဇာ္ဦးက ႐ိုက္ကူးတာျဖစ္ၿပီး သ႐ုပ္ေဆာင္ လြင္မိုး၊ ေက်ာ္ရဲျမင့္ၿငိမ္း၊ ရွိန္းတင္ထူး၊ ထြန္းအိျႏၵာဗို၊ ေဖြးေဖြး၊ လင္းဇာနည္ေဇာ္၊ ျမတ္ႏိုးေအး နဲ႔ တျခားသ႐ုပ္ေဆာင္ မ်ားစြာတို႔က ပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ လြင္မိုးကေတာ့ လက္ရွိမွာ ကိုယ္ပိုင္စီးပြားေရးကိုပဲ အဓိက ဦးစားေပးေဆာင္႐ြက္ေနသူျဖစ္ပါတယ္။
Credit \\ original
UNICODE
ဦးနေအောင် ကာရိုက်တာကို ပရိသတ်မကြောက်မှာ စိုးရိမ်နေတယ်ဆိုတဲ့ လွင်မိုး
လွင်မိုးကတော့ ‘’သူစိမ်းအိမ်’’ ရုပ်ရှင်ဇာတ်ကားထဲက သူ့ရဲ့ ကာရိုက်တာကို ပရိသတ်တွေ မကြောက်မှာ စိုးရိမ်နေပါတယ်တဲ့။ ဇာတ်ဝင်ခန်းထဲက ဓာတ်ပုံတွေကိုလည်း Troll ထားတာတွေ တွေ့တယ်လို့ ဆိုပါတယ်။
ဟာသဇာတ်ကားတွေမှာ အမြဲသရုပ်ဆောင်ခဲ့တဲ့ လွင်မိုးဟာ ‘’သူစိမ်းအိမ်’’ရုပ်ရှင်ဇာတ်ကားကတော့ သူ့အတွက် ထူးခြားတဲ့ ဇာတ်တစ်ခုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပရိသတ်ကို ရယ်စရာတွေလည်း လုပ်ပြခဲ့ဖူးသလို ကြောက်စရာကောင်းအောင်လည်း ဆွဲဆောင်နိုင်ပ့ါမလားလို့ စိုးရိမ်တဲ့အကြောင်း Duwun Media ကနေ ပြောပြလာပါတယ်။
‘’ လွင်မိုးဆိုတဲ့ ပေါတောတောတစ်ယောက်က ဒီလို သရဲကားရိုက်တာ ခင်ဗျားတို့ ပိုပြီး အံ့သြသင့်တယ်။ ကျွန်တော်စိတ်ပူတာက ကျွန်တော်ဟာ လူတွေ အကုန်လုံးသိထားတာက ဟာသတွေနဲ့ နာမည်ကြီးတဲ့လူတစ်ယောက်။ ဒါပေမယ့် အဲဒီဇာတ်ကားထဲမှာ လူသတ်တဲ့ဟာကို ကြောက်မှ ကြောက်ပါ့မလားလို့လည်း ကိုယ့်ကိုယ်ကိုယ် လန့်တယ်။ ကိုယ့်ရုပ်က ကြောက်စရာကောင်းရဲ့လားလို့လည်း မှန်ထဲမှာ သွားသွားကြည့်ရသေးတယ်’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။
‘’သူစိမ်းအိမ်’’ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းပုံတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဟာသပုံလေးတွေ လုပ်နေတာကိုလည်း လွင်မိုးက တွေ့တယ်လို့ ပြောပါတယ်။‘’ တွေ့လိုက်တယ်။ ဆေးလိပ်ထဲမှာ အမှုန့်တွေကို ထုတ်လိုက်သွင်းလိုက်နဲ့ သားတို့က ဘာလုပ်နေကြတာလဲ ဆိုပြီးတော့ ရေးထားတာပေါ့။ ကျွန်တော်ပြောချင်တာက လူတွေမှာလည်း Creation တွေ ဖြစ်လာတာဗျ။ Facebook ကို မကောင်းဘူးချည်းပဲပြောနေတာတွေထက် ဒါတွေဟာ သူတို့ရဲ့ ဟာသဉာဏ်လေးတွေ ဖြစ်လာတာတွေကို ကောင်းတဲ့နေရာကနေ စဉ်းစားရင် ကောင်းပါတယ်’’ လို့ သူကဆိုပါတယ်။
အဲဒီနောက် ‘’သူစိမ်းအိမ်’’ ကို လာကြည့်မယ့် ပရိသတ်တွေ အတွက်ကိုလည်း ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကား တစ်ကားဖြစ်တယ်လို့လည်း လွင်မိုးက ပြောပြခဲ့ပါသေးတယ်။‘’ ဇာတ်သိမ်းဆိုတာက လူတွေအကုန်လုံးကို ရှင်းပြပြီးတော့ သိမ်းလို့တော့ မကောင်းဘူးပေါ့။ ဒီဇာတ်သိမ်းလေးကိုတော့ ရုပ်ရှင်ရုံကနေ အိမ်ပြန်ရင် သမီးဘာသာ သမီး စဉ်းစားပြီးတော့ သွားရမယ့် ဇာတ်သိမ်းလေးကို လုပ်ပေးလိုက်တာပါ။ သူစိမ်းအိမ် ဇာတ်ကားဟာ တကယ်ကို ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ပရိသတ်တွေက မဖြစ်မနေ အားပေးကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်’’ လို့ ဇူလိုင်လ ၂၄ ရက်နေ့ညက သူစိမ်းအိမ် ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
‘’သူစိမ်းအိမ်’’ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ ၁ ရက်နေ့ ဆိုရင် ရုံတင်ပြသပြီဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် လွင်မိုး၊ ကျော်ရဲမြင့်ငြိမ်း၊ ရှိန်းတင်ထူး၊ ထွန်းအိန္ဒြာဗို၊ ဖွေးဖွေး၊ လင်းဇာနည်ဇော်၊ မြတ်နိုးအေး နဲ့ တခြားသရုပ်ဆောင် များစွာတို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ လွင်မိုးကတော့ လက်ရှိမှာ ကိုယ်ပိုင်စီးပွားရေးကိုပဲ အဓိက ဦးစားပေးဆောင်ရွက်နေသူဖြစ်ပါတယ်။
Credit \\ original