Latest Posts

ပရိသတ္ေတြကို ခ်စ္တဲ့ ႏွလံုးသားတခုပိုလာတယ္ဆိုတဲ့ ရဲတိုက္



သဘာဝ မင္းသားတေယာက္အေနနဲ႔ သရုပ္ေဆာင္ခ်က္ေတြ ပီျပင္တာေၾကာင့္ ပရိသတ္ေတြ တခဲနက္ အားေပးမႈကို ရရွိခဲ့တဲ့ မင္းသား ရဲတိုက္ကေတာ့ အႏုပညာေလာကကေန အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခဏတာေပ်ာက္ကြယ္သြားခဲ့ျပီး လက္ရွိခ်ိန္မွာေတာ့ အႏုပညာလႈပ္ရွားမႈေတြကို ဆက္တိုက္လုပ္လာျပီး ပြဲေတြကိုလည္း တက္ေရာက္လာတာ မ်ားလာပါတယ္။ ရဲတိုက္ကေတာ့ သူ႔ရဲ့ အႏုပညာလႈပ္ရွားမႈအေၾကာင္းေလးကို ေျပာၾကားလာခဲ့ပါတယ္။

မင္းသားရဲတုိက္ကေတာ့ ဆယ္လီရပ္ကြက္နဲ႔ အင္တာဗ်ဴးတြင္ အႏုပညာလႈပ္ရွားမႈနဲ႔ ပတ္သက္ျပီး “ဇာတ္ကား ၄ ကား ရိုက္ျပီးတဲ့ ေနာက္ပိုင္းမွာ က်ေနာ္ ဝိတ္ေလး နည္းနည္းတက္ေနလို႔ Gym ေဆာ့ေနတယ္။ ေနာက္ျပီးေတာ့ ၾကားထဲမွာ မျဖစ္မေန ရိုက္ကူးရမယ့္ ရိုက္ကူးေရးေတြ လုပ္ေနတယ္။ ျပီးသြားရင္ ၾကားထဲမွာ ရုပ္ရွင္ဇာတ္ကားၾကီး ၄ ကား စတင္ရိုက္ဖို႔ လုပ္ေနပါတယ္”

ဝိတ္ခ်ေနတာက ဘာအတြက္လဲဆိုတဲ့ အေပၚမွာေတာ့ “ဝိတ္ခ်ေနတာကေတာ့ က်ေနာ္ရိုက္ရမယ့္ ဇာတ္ေကာင္အတြက္ေပါ့။ ဇာတ္ေကာင္ကေတာ့ တက္ၾကြျပီး သြက္လက္တဲ့ လူငယ္တေယာက္ေပါ့။ ေနာက္ျပီးေတာ့ နည္းနည္း ၾကံ့ခိုင္တဲ့ လူငယ္တေယာက္ ျဖစ္တာေၾကာင့္ အဲ့ကာရိုက္တာအတြက္ ဝိတ္ခ်ေနတာေပါ့”

ရဲတိုက္ဇာတ္ကားေတြကို ေမွ်ာ္ေနတဲ့သူေတြအတြက္ “ပရိသတ္ေတြ အရင္ကထက္ အမ်ားၾကီး ေကာင္းတဲ့ ဇာတ္ကားေတြ ၾကည့္ရေတာ့မွာေပါ့။ ဘာလို႔လည္းဆိုေတာ့ အႏုပညာရွင္ သမားတိုင္းက ဘယ္ေနရာကေနပဲ ပါဝင္ပတ္သက္ရပါေစ အလင္းဆံုး ၾကယ္ေလးေတြ ျဖစ္ေအာင္ ၾကိဳးစားေနၾကပါတယ္လို႔”
ကားေကာင္းမေကာင္းကို ပရိသတ္ေတြ ပိုျပီးသိလာတဲ့ အေပၚမွာ “ပရိသတ္ေတြက နဂိုကတည္းက ခြဲတတ္ပါတယ္။ ခြဲတတ္တာကေတာ့ အရင္ကနဲ႔ေတာ့ မတူေတာ့ပါဘူး။ မီဒီယာေတြကလည္း က်ယ္ျပန္႔လာတယ္။ ေဖ့ဘုတ္ေပၚလာတာေတြလည္း အႏုပညာနဲ႔ ပရိသတ္ေတြရဲ့ ရင္ခုန္သံေတြ ထပ္တူက်ေလာက္ေအာင္ နီးစပ္လာတာေပါ့။ ပရိသတ္ေတြကလည္း နဂိုကတည္းက ခြဲတတ္ပါတယ္”
ပိုျပီးေတာ့ ရင့္က်က္လာတဲ့ အေပၚ “လူတေယာက္ကေလ တခါတေလလည္း တည္ျငိမ္တယ္။ တခါတေလလည္း မတည္ျငိမ္ေနပါဘူး။ ရင္ထဲမွာ လႈပ္ရွားေနတယ္။ ပရိသတ္ကိုေျပာခ်င္တာကေတာ့ အရင္တုန္းက ရိုက္ထားတာနဲ႔ အခုရိုက္ထားတာက ဘာမွကြဲျပားသြားတာ မရွိေစရပါဘူး။ တိုးတက္ေကာင္းမြန္လာတဲ့ အရည္ခ်င္းေတြနဲ႔ ပရိသတ္ေတြကို တုိးတိုးျပီး ခ်စ္လာတဲ့ ႏွလံုးသားတခုပိုလာပါတယ္” ဟု ေျပာၾကားသြားခဲ့ပါတယ္။
Credit  \\  original
UNICODE
ပရိသတ်တွေကို ချစ်တဲ့ နှလုံးသားတခုပိုလာတယ်ဆိုတဲ့ ရဲတိုက်
သဘာဝ မင်းသားတယောက်အနေနဲ့ သရုပ်ဆောင်ချက်တွေ ပီပြင်တာကြောင့် ပရိသတ်တွေ တခဲနက် အားပေးမှုကို ရရှိခဲ့တဲ့ မင်းသား ရဲတိုက်ကတော့ အနုပညာလောကကနေ အကြောင်းအမျိုးမျိုးကြောင့် ခဏတာပျောက်ကွယ်သွားခဲ့ပြီး လက်ရှိချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်လာပြီး ပွဲတွေကိုလည်း တက်ရောက်လာတာ များလာပါတယ်။ ရဲတိုက်ကတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအကြောင်းလေးကို ပြောကြားလာခဲ့ပါတယ်။

မင်းသားရဲတိုက်ကတော့ ဆယ်လီရပ်ကွက်နဲ့ အင်တာဗျူးတွင် အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး “ဇာတ်ကား ၄ ကား ရိုက်ပြီးတဲ့ နောက်ပိုင်းမှာ ကျနော် ဝိတ်လေး နည်းနည်းတက်နေလို့ Gym ဆော့နေတယ်။ နောက်ပြီးတော့ ကြားထဲမှာ မဖြစ်မနေ ရိုက်ကူးရမယ့် ရိုက်ကူးရေးတွေ လုပ်နေတယ်။ ပြီးသွားရင် ကြားထဲမှာ ရုပ်ရှင်ဇာတ်ကားကြီး ၄ ကား စတင်ရိုက်ဖို့ လုပ်နေပါတယ်”

ဝိတ်ချနေတာက ဘာအတွက်လဲဆိုတဲ့ အပေါ်မှာတော့ “ဝိတ်ချနေတာကတော့ ကျနော်ရိုက်ရမယ့် ဇာတ်ကောင်အတွက်ပေါ့။ ဇာတ်ကောင်ကတော့ တက်ကြွပြီး သွက်လက်တဲ့ လူငယ်တယောက်ပေါ့။ နောက်ပြီးတော့ နည်းနည်း ကြံ့ခိုင်တဲ့ လူငယ်တယောက် ဖြစ်တာကြောင့် အဲ့ကာရိုက်တာအတွက် ဝိတ်ချနေတာပေါ့”
ရဲတိုက်ဇာတ်ကားတွေကို မျှော်နေတဲ့သူတွေအတွက် “ပရိသတ်တွေ အရင်ကထက် အများကြီး ကောင်းတဲ့ ဇာတ်ကားတွေ ကြည့်ရတော့မှာပေါ့။ ဘာလို့လည်းဆိုတော့ အနုပညာရှင် သမားတိုင်းက ဘယ်နေရာကနေပဲ ပါဝင်ပတ်သက်ရပါစေ အလင်းဆုံး ကြယ်လေးတွေ ဖြစ်အောင် ကြိုးစားနေကြပါတယ်လို့”
ကားကောင်းမကောင်းကို ပရိသတ်တွေ ပိုပြီးသိလာတဲ့ အပေါ်မှာ “ပရိသတ်တွေက နဂိုကတည်းက ခွဲတတ်ပါတယ်။ ခွဲတတ်တာကတော့ အရင်ကနဲ့တော့ မတူတော့ပါဘူး။ မီဒီယာတွေကလည်း ကျယ်ပြန့်လာတယ်။ ဖေ့ဘုတ်ပေါ်လာတာတွေလည်း အနုပညာနဲ့ ပရိသတ်တွေရဲ့ ရင်ခုန်သံတွေ ထပ်တူကျလောက်အောင် နီးစပ်လာတာပေါ့။ ပရိသတ်တွေကလည်း နဂိုကတည်းက ခွဲတတ်ပါတယ်”
ပိုပြီးတော့ ရင့်ကျက်လာတဲ့ အပေါ် “လူတယောက်ကလေ တခါတလေလည်း တည်ငြိမ်တယ်။ တခါတလေလည်း မတည်ငြိမ်နေပါဘူး။ ရင်ထဲမှာ လှုပ်ရှားနေတယ်။ ပရိသတ်ကိုပြောချင်တာကတော့ အရင်တုန်းက ရိုက်ထားတာနဲ့ အခုရိုက်ထားတာက ဘာမှကွဲပြားသွားတာ မရှိစေရပါဘူး။ တိုးတက်ကောင်းမွန်လာတဲ့ အရည်ချင်းတွေနဲ့ ပရိသတ်တွေကို တိုးတိုးပြီး ချစ်လာတဲ့ နှလုံးသားတခုပိုလာပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။
Credit  \\  original