လက်မှတ်ထိုးထားတာ (၂) နှစ်ရှိနေပေမယ့် အခုထိ မင်္ဂလာသေချာမဆောင်နိုင်သေးဘူးဆိုတဲ့ သန္တာလှိုင်
ချစ်ပရိသတ်တွေအတွက် မင်္ဂလာ လက်မှတ်ထိုးပြီးတာ (၂) နှစ်ပြည့်တဲ့အထိ မင်္ဂလာသေချာ မဆောင်နိုင်သေးတဲ့အကြောင်း ပြောပြလာတဲ့ သန္တာလှိုင်ရဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။
သန္တာလှိုင်ကတော့ “အော်…. ဒီနှစ်လဲ မင်္ဂလာဆောင်မယ်လို့ ရည်ရွယ်ထားတာ ယတြာကြေသွားပြန်ပြီ… လက်မှတ်ထိုးထားတာ ၂ နှစ်ရှိပြီ အခုထိ ဧည့်ခံပွဲနဲ့ သေချာ မဆောင်နိုင်သေးပါဘူးရှင်… လောလောဆယ် အန်တီပေါက်ရဲ့ အင်္ကျီ လှလှလေးဝတ်ရရင်ကို မင်္ဂလာ ဆောင်ရသလိုပဲ ကျေနပ်နေပါပြီ…” ဆိုပြီး မင်္ဂလာဝတ်စုံလေးတွေနဲ့ Show လျှောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာတင်ရင်း ပြောထားတာပါ။
သူမအပေါ် ခင်ပွန်းကောင်းပီသပြီး၊ ကြင်နာတတ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ သန္တာလှိုင်ကတော့ အမြဲစိတ်ချမ်းသာနေရတဲ့ အမျိုးသမီးတစ်ဦးဆိုလည်း မမှားပါဘူး။
မော်ဒယ် သန္တာလှိုင်နဲ့ သူမရဲ့ခင်ပွန်းတို့ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့က မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၂) နှစ်နီးပါး ရှိသွားပြီပဲ ဖြစ်ပါတယ်။ သန္တာလှိုင်ကတော့ လက်ရှိမှာ ချစ်ရတဲ့ခင်ပွန်းသည်နဲ့အတူ ကလေးတွေကိုပြုစုစောင့်ရှောက်ရင်း ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာပါ။ချစ်ပရိသတ်တွေလည်း အန်တီပေါက်ရဲ့အကျီင်္လှလှလေးနဲ့ မင်္ဂလာဆောင်ချင်တယ်ဆိုတဲ့ သန္တာလှိုင်ကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Source:Thandar Hlaing’s facebook ,CRD-MOMOLAY