Latest Posts
နာမည်ကြီး သရုပ်ဆောင်တွေနဲ့ အတူ ဇာတ်ကား ရိုက်ကူးရတော့မယ့် Tik Tok က Cele မမ နှစ် ဦး
Unicode
ပရိသတ်ကြီးရေ Tik Tok လေးတွေ ရိုက်ရင်း လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးလာတဲ့ အမရပူရသူ ၂ ယောက်ကို ပရိသတ်ကြီးတို့ သိမယ်ထင်ပါတယ်နော်…သူတို့ရိုက်ကူးထားတဲ့ ဗီဒီယိုလေးတွေကိုကြည့်ပြီး ရယ်မောပျော်ရွှင်ရတဲ့အတွက် အဲဒီ ၂ ယောက်ဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးလာခဲ့တာပဲ ဖြစ်ပါတယ်။
သူတို့ကိုကြည့်ရှုအားပေးကြတဲ့သူတွေထဲမှာ အနုပညာရှင်တွေလည်းပါတာကြောင့် အခုဆိုရင် သူတို့ ၂ ယောက် ဟာ မဟာအခွင့်အရေးကြီးတစ်ရပ်ကို ရရှိသွားပါပြီ…အဲတာကတော့ သူတို့ ၂ ယောက်ဟာ ခုဆိုရင် Tik Tok ရိုက်ရာကနေ ဇာတ်ကားတစ်ကားကို နာမည်ကြီးအနုပညာရှင်တွေနဲ့ အတူ တွဲဖက်ရိုက်ကူးခွင့် ရရှိသွားပြီပဲ ဖြစ်ပါတယ်။
အဲဒီ Tik Tok နာမည်ကျော် ၂ ယောက်ဟာ လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့ကို ဇာတ်ကားရိုက်ကူးဖို့ ရောက်နေပြီး ရိုက်ကွင်းပထမနေ့ကို စတင်ရိုက်ကူးနေပြီလို့ ဆိုပါတယ် သရုပ်ဆောင်မှု ဟန်ပန်အမူအရာတွေက တကယ့်မင်းသမီးလို ပီပြင်လှသလို ကြည့်ရှုသူတွေကိုလည်း ကျေနပ်ပျော်ရွှင်စေခဲ့တဲ့ အမရပူရသူ ၂ ဦးကတော့ အဲဒီရဲ့ အကျိုးကျေးဇူးတွေကို စတင်ခံစားနေရပြီပဲ ဖြစ်ပါတယ်။
သူတို့ ၂ ဦးဟာ နာမည်ကြီး အနုပညာရှင်တြွေဖစ်တဲ့ ရဲလေး၊ ခင်လှိုင်၊ သားစိုး၊ ဖြူဖြူထွေး တို့နဲ့ တွေ့ဆုံခဲ့ပြီးတော့ အမှတ်တရ ဓာတ်ပုံလေးတွေလည်း ရိုက်ကူးခဲ့တာတွေ့ရပါတယ် ကဲ ပရိသတ်ကြီးတို့လည်း သရုပ်ဆောင်တာဝါသနာပါရင် အားမလျော့နဲ့နော်…Tik Tok လေးတွေရိုက်ကူးလို့ မိမိအစွမ်းကို ပြသနိုင်ရင် ခုလိုပဲ တကယ့်အနုပညာရှင်တွေနဲ့အတူ ဇာတ်ကားတွေ ရိုက်ရတဲ့ အခွင့်အရေးတွေ ရရှိလာနိုင်ပါတယ်နော်။Credit-burmese.asia